Related Posts Plugin for WordPress, Blogger...

(နိရဉ္စရာ- ၁၅ ဇွန်လ ၂၀၁၄)

ရခိုင်ဒေသမှ ဓါတ်ပုံ ကားချပ်တစ်ခုအား ပြသထားစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ဒေသမှ ဓါတ်ပုံ ကားချပ်တစ်ခုအား ပြသထားစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ဆင်းရဲနွမ်းပါးသော ကလေးငယ်များ ရန်ပုံငွေအတွက် ရန်ကုန်မြို့ န၀ဒေးအနုပညာခန်းမတွင် ဓါတ်ပုံ ပြပွဲတစ်ခု ဇွန်လ ၁၄ ရက်နေ့မှ စတင် ပြုလုပ်နေရာ ရခိုင်မှ ဓါတ်ပုံများကိုလည်း ပြ၀င် ပြသထားသည်ဟု သိရသည်။
“ ရခိုင် လူမူဘ၀နဲ့ ပတ်သက်တဲ့ ဓါတ်ပုံပေါင်း ၂၀ ပုံကို ပြသသွားမှာ ဖြစ်ပါတယ်။ အဓိကတော့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေရဲ့ ရန်ပုံငွေအတွက် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်။ ရလာတဲ့ ငွေအားလုံးကို အဲဒီ ကလေးတွေ ပညာရေးအတွက် လှူဒါန်းသွားမည်” ဟု ဦးဇင်းဘီလူးခေါ် အရှင်ကုမာရက ပြောသည်။
ယင်းဓါတ်ပုံ ပြပွဲတွင် ဦးဇင်းဘီလူး (အရှင်ကုမာရ)၊ နေလမင်းနှင့် ရဲနိုင်ဝင်းတို့၏ ဓါတ်ပုံ ၁၈၀ အား ဇွန်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ငါးရက်တိုင်တိုင် ပြသသွားမည်ဟု သိရသည်။
“ အခု ဓါတ်ပုံပြပွဲက ဒုတိယအကြိမ်မြောက် ပြုလုပ်တာ ဖြစ်ပါတယ်။ ပထမအကြိမ်ကတော့ ၂၀၁၄ ဇန္န၀ါရီလမှာ ကျနော်တို့ ကလေးသူငယ်တွေရဲ့ ပညာရေးအတွက် ရန်ပုံငွေ ပွဲတစ်ပွဲ ခုလိုမျိုး ပြုလုပ်ခဲ့ပါတယ်။ အခု ဒုတိယပွဲမှာလည်း ကျနော်တို့ ရန်ပုံငွေ ကလေးသူငယ်တွေ၊ လူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့  ပညာရေး၊ ကျန်းမာရေး၊ လူမူရေး အဲဒီကိစ္စတွေမှာ လှူဒါန် သုံးစွဲဖို့ အတွက် ရန်ပုံငွေ ပွဲအနေနဲ့ ကျင်းပ ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီကရောင်းရငွေတွေကို အကုန်လုံး လှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု ကိုနေလမင်းက နိရဉ္စရာသို့ပြောသည်။
 မြန်မာကျေးလက်ဒေသရဲ့ ဓါတ်ပုံကားချပ် တစ်ခုအား တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
မြန်မာကျေးလက်ဒေသရဲ့ ဓါတ်ပုံကားချပ် တစ်ခုအား တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ပထမအကြိမ် ဓါတ်ပုံ ပြပွဲတုန်းကလည်း ကျပ်ငွေ သိန်း (၉၀) ဖိုးခန့် ရောင်းခဲ့ရပြီး ၎င်းရရှိငွေများကို ရခိုင်၊ မိတ္ထိလာနှင့် ကချင်ဒေသမှ ဒုက္ခသည်များကို ကူညီလှူဒါန်းခဲ့သည်ဟု ဆိုသည်။
ယခု ဓါတ်ပုံများမှာ ၀ါသနာအရ ခရီးသွားစဉ် ရိုက်ကူးခဲ့သော ဓါတ်ပုံများ ဖြစ်ပြီင်္း အများစု ဓါတ်ပုံများမှာ မြန်မာကျေးလက်ဒေသ၏ ရှု့ချင့်စဖွယ် ဓါတ်ပုံများ ဖြစ်ကြသည်။
“ ဓါတ်ပုံ ကားချပ် တစ်ခုကို ဒေါ်လာ ၅၀ ကနေ ၂၅၀ အကြား သင့်တော်သလို ရောင်းချသွားမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ဆိုသည်။
ယင်းဓါတ်ပုံ ပြပွဲမှာ အခမဲ့ဖြစ်ပြီး မည်သူမဆို မရမ်းကုန်းမြို့နယ်၊ အမှတ် ၂၇ ၊ န၀ဒေး အနုပညာ ပြခန်းတွင် လာရောက်ကြည့်ရှု့နိုင်ကြောင်း သိရှိရသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ