Related Posts Plugin for WordPress, Blogger...



ပြင်သစ်စစ်သုံးယာဉ်ငယ် Nerva LG ကို စမ်းသပ်မောင်းနှင်နေသော တပ်ဖွဲ့ဝင်တစ်ဦး (Nexter ESSC)


စစ်သုံးပစ္စည်းထုတ်လုပ် သော ပြင်သစ်အခြေစိုက် Nexter Robotics ကုမ္ပဏီက လူစီးမဟုတ် သည့် Nerva Mini (UGVs) ယာဉ် အသေးစား နှစ်စီးကို မြန်မာနိုင်ငံ သို့ ပေးပို့လိုက်ကြောင်း သတင်း ရရှိသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပနေသည့် Eurosatory 2014 အခမ်းအနား၌ ယင်းကုမ္ပဏီ က အတည်ပြု ပြောဆိုခဲ့ခြင်းဖြစ် သည်။

လေးကီလိုဂရမ်ရှိသည့် နယ် ဗာ (Nerva) ရိုဘော့အသေးစား ယာဉ်ငယ်ကို မြန်မာနိုင်ငံတွင် စမ်းသပ်မည်ဖြစ်ပြီး စုစုပေါင်း ရိုဘော့ ၅၀ ခန့် လိုအပ်သည်ဟု ဆိုသည်။ ယင်းရိုဘော့ကို မြန်မာနိုင်ငံမှ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် မှာယူခဲ့ကြောင်း သတင်းရရှိသည်။

စစ်သုံးအတွက် တီထွင်ထား သော်လည်း နယ်ဗာကို မြန်မာ နိုင်ငံအား အရပ်သုံးပစ္စည်းစာချုပ် နှင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ပြင်သစ်အစိုးရ ပြည်ပပို့ကုန်ကော် မရှင်၏ တားဆီးပိတ်ပင်မှုမှ ကင်း လွတ်ရန်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့်ပင် မြန်မာနိုင်ငံသို့စစ်လက်နက်နည်းပညာ တင်ပို့ ရောင်းချသည်ဆိုသည့် သတ်မှတ်ချက်အတွင်း မကျရောက်ရန် electro-optic infrared (EOIR) sensor ကို အဆင့်နှိမ့်လိုက်သည်ဟု ဆိုသည်။ သို့ရာတွင် ယင်းစက်ကို ၂၄ နာရီ ဆက်လက်အသုံးပြုနိုင်ရန် ဘက်ထရီအား အပိုထည့်ထားကြောင်း သိရသည်။

နယ်ဗာကို စစ်သုံးလိုအပ် ချက် ပြည့်မီအောင် တီထွင်ထား ခြင်းဖြစ်ပြီး ရာသီတိုင်း၊ လမ်းတိုင်း တွင် အသုံးပြုနိုင်ပြီး ခိုင်ခံ့ကာ ကျောပိုးအိတ်တွင်ထည့်၍ သယ်ယူနိုင်သောပုံစံ တီထွင်ထားသည်ဟု သိရသည်။

နက်စ်တာ ရိုဘော့တစ်ကိုဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အား ၁၀ စီး ရောင်းချပေးရန် ညှိနှိုင်း နေသည်ဟု ကုမ္ပဏီဒါရိုက်တာ ဂျိုးမော်ရီလွန်က IHS Jane's Defense သို့ ပြောဆိုခဲ့သည်။

၂၀၁၂ ခုနှစ်က ပါရီမြို့တွင် ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် Eurosatory ပြပွဲတွင် နယ်ဗာ အတွက် ပထမဆုံးစာချုပ် ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းစက်ကို ပြင်သစ်စစ် တပ်တွင် စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုမှုအတွက် အားလုံးက ကျေနပ်အားရဖြစ်ကြကြောင်း မစ္စတာ မော်ရီလွန်က ပြောဆို သည်။ ပြင်သစ်အထူးတပ်က နယ် ဗာတွင် တပ်ဆင်နိုင်သည့် သေ စေနိုင်သော လက်နက်မဟုတ် သည့် ပစ္စည်းဖြင့် မကြာမီစမ်းသပ် မည်ဟု သိရသည်။

နယ်ဗာကို Sensor အမျိုးမျိုး တပ်ဆင်အသုံးပြုနိုင်ရာတွင် နေ့ သုံး EOIR ကင်မရာနှင့် ပေါက်ကွဲ စေသည့် ပစ္စည်းကို ဖယ်ရှားနိုင် သည့် စနစ်ကိုလည်း တပ်ဆင်အ သုံးပြုနိုင်သည်ဟု ဆိုသည်။

နယ်ဗာကို စစ်တပ်အသုံး ပြု ရန်လက်နက်တပ်ဆင်အသုံးပြု နိုင်သလို ယင်းယာဉ်ရွေ့လျားနေ ချိန်တွင် တစ်ပြိုင်နက်တည်း ပစ် ခတ်နိုင်သည်ဟု နက်စ်တာဝက်ဘ် စာမျက်နှာတွင် ဖော်ပြထားသည်။

—Ref: IHS Jane's Defense Weekly, Nexter Robotics

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ