Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အမှတ် (၇) ရပ်ကွက် အောင်သပြေ အရှေ့ (၅) လမ်းတွင် ဇွန်လ ၁၄ ရက် နံနက် အစောပိုင်းက အိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးမှုတွင် အမျိုးသားတစ်ဦးမှာ တစ်ကိုယ်လုံး မီးလောင် ဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ မီးလောင်မှုတွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် တင်ပို့ကုသထားပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း ညာဘက်လက်နှင့် ပခုံးတို့ မီးလောင်ခံရကြောင်း ယင်းဌာနထံမှ သိရှိရသည်။

နံနက် တစ်နာရီမထိုးမီ မိနစ် ၃၀ အလိုက အလျားပေ ၂၀၊ အနံပေ ၄၀ သွပ်မိုးအုပ်ညှပ် တစ်ထပ်အိမ်၌ မီးအားမြှင့်စက် အပူလွန်ကဲပြီး ရေခဲသေတ္တာတွင် အသုံးပြုသော Safe Guard မီးဖြတ်တောက်နိုင်ခြင်း မရှိဘဲ ရေခဲသေတ္တာမှ စတင် လောင်ကျွမ်းခဲ့ကြောင်း အဆိုပါ မီးလောင်မှုကို စစ်ဆေးခဲ့သည့် မီးသတ်အရာရှိများ၏ အတည်ပြုချက်အရ သိရှိရသည်။

“ကျွန်တော်တို့ ရောက်တော့ အိမ်သုံးလုံးလောက် ကုန်နေပြီ။ ၇ မိနစ်အတွင်းကို အခြားအိမ်တွေကို မီးထပ်မကူးအောင် အမြန်ဆုံး ငြှိမ်းသတ်ခဲ့ပါတယ်” ဟု သာကေတမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၂၄ စီး၊ အထောက်အကူပြုယာဉ် လေးစီး၊ တိုင်းကြက်ခြေနီယာဉ် တစ်စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ကျော်နှင့် ကြက်ခြေနီ ၅၀ ကျော်တို့ဖြင့် ၇ မိနစ်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါ မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသော အိမ်မှ အသက် ၆၃ နှစ်အရွယ် ဦးအေးမြင့်ကို (ပ) ၃၄၁/၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သာကေတနယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ