Related Posts Plugin for WordPress, Blogger...


အမျိုးစောင့်ဥပဒေအား  NLD ပါတီမှ မထောက်ခံနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တရားလွှတ်တော်ရှေ့နေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီ ဥက္ကဌ အစ္စလမ်ဘာသာဝင် ဦးကိုနီမှ ပြောဆိုလိုက်ပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေအပြင် ၁၉၆၄ ခုနှစ် ၁၉၇၄ ခုနှစ်ဖွဲ့ စည်းပုံ အခြေခံဥပဒေများ အရ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သူများအားလုံး ပိုင်ဆိုင်ကြောင်း  အစိုးရ အနေဖြင့် ဘာသာတစ်ခုတည်း ကိုသာ ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း NLD ပါတီမှ ဦးကိုနီက ပြောဆိုခဲ့ပါတယ်။  တိုင်းပြည် အုပ်ချုပ်ရန် တာဝန်ယူရသည့် အစိုးရအနေဖြင့် ဗုဒ္ဓဘာသာကို သာကာကွယ်ပေးမယ် ဆိုရင်တိုင်းပြည်၏ ပုံရိပ်မှာဝေဖန် စရာများဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

  "ကျန်တဲ့ဘာသာဝင်များသည်လည်းသူတို့  ဟာနိုင်ငံသားတွေပဲဖြစ်တယ်။ အခွန်အခပေးနေတဲ့သူတွေဖြစ်တယ်။ တိုင်းပြည် တည်ဆောက်ရေးမှာ လွပ်လပ်ရေး တိုက်ပွဲဝင်ရာမှာသူတို့  လည်းပါဝင်တာပဲအဲ့ဒီတော့ ဒီအမျိုးစောင့် ဥပဒေကိုပြဋ္ဌာန်း လိုက်ခြင်းဖြင့် ပိုင်းခြားလိုက် သလိုဖြစ်သွားမယ်" လို့ မိတ္ထီလာမှ ဘုန်းကြီးသတ် တရားခံများကို အခမဲ့ အမှုလိုက်ပေးခဲ့တဲ့ ဦးကိုနီက ပြောဆိုခဲ့ပါတယ်။

ဆရာတော်ဦးဝီရသူကတော့ အမျိုးစောင့်ဥပဒေဆိုတာ ဘာသာတစ်မျိုးတည်းကို ကာကွယ်ပြီး အခြားဘာသာများ နဲ့ ခွဲခြားတာ မဟုတ်ဘူးလို့ မိန့်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို အစ္စလာမ်ဘာသာဝင်များက မုဒိန်းကျင့် သတ်ဖြတ်ခြင်း၊ ဓာတ်ဆီလောင်းမီးရှို့ခြင်း၊ အတင်းအဓ္ဓမ ဘာသာပြောင်းခိုင်းခြင်း၊ ဗုဒ္ဓစေတီ ပုံတော်များကို ခြေထောက်နှင့် နင်းခိုင်းခြင်း များ ပြုလုပ်နေသဖြင့် မြန်မာအမျိုးသမီးများစွာ ဒုက္ခရောက်နေရပြီး မီတ္ထီလာတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးသောဘိတကို မွတ်ဆလင်များက ဗလီအတွင်းဆွဲခေါ် သတ်ဖြတ်ခြင်းများ၊ ရခိုင်ပြည်နယ်တွင် ရခိုင်ကျေးရွာများကို မွတ်ဆလင်များက မီးရှို့ခြင်းများ ၂ နှစ်အတွင်း အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် အစ္စလာမ်ဘာသာကိုးကွယ်တဲ့ နိုင်ငံများမှာ ဗုဒ္ဓစေတီများနဲ့ ဘုန်းကြီးများကို ဖျက်ဆီး မီးရှို့မှုများ၊ ဗုဒ္ဓဘာသာဝင်များကို လူမျိုးတုန်းသတ်ဖြတ်မှုများရှိတဲ့ အပြင် အစ္စလာမ်ဘာသာဝင်များက မြန်မာနိုင်ငံကိုလည်း ဂျီဟက်စစ်ပွဲ ပြုလုပ်မည်ဟု တရားဝင် ကြေညာထားသဖြင့် မြန်မာမျိုးချစ်များက ဗုဒ္ဓဘာသာ မပျောက်ကွယ်ရေးရှေးရှုကာ အမျိုးစောင့်ဥပဒေကို ဆရာတော်အရှင်သူမြတ်များ လမ်းညွန်မှုနဲ့ ရေးဆွဲပြီး သမ္မတထံသို့ တင်ပြထားတာ ဖြစ်ပါတယ်။

NLD ပါတီ အခြေခံ ဥပဒေ ပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဦးကိုနီဟာ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပြီး ဖခင် ဦးစူလ်တန် နှင့် မိခင် ဒေါ်ဟလီမာ တို့မှ ကသာခရိုင် ကုလားချောင်တွင် မွေးဖွားခဲ့သူဖြစ်ပါတယ်။ ဦးကိုနီဟာ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေ့းနဲ့ နိုင်ငံခြားသားမိသားစုဝင် သမ္မတဖြစ်ရေး စိတ်အားထက်သန်သူဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာသာပေးမှုကို အထူးခံရသူဖြစ်ပြီး ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များကို့ NLD မှ အထူး အာဏာကုန် လွှဲအပ်ခြင်း ခံထားရသူ ဖြစ်ပါတယ်။
.
. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ