Related Posts Plugin for WordPress, Blogger...

(နိရဉ္စရာ- ၂၂ မေလ ၂၀၁၄)
Bandarban-BGB-meeting
ယမန်နေ့က တပ်မှူးအဆင့် ဆွေးနွေးပွဲ။
ဘင်္ဂလာဒေခ်ျ့တွင် ခိုအောင်းနေသော အကြမ်းဖက်အဖွဲ့အစည်းများမှ မြန်မာဘက်သို့ နောက်ထပ် ၀င်ရောက် တိုက်ခိုက်ပါက နောင်လာမည့် တပ်မှူးအဆင့် အလံတင် ဆွေးနွေးပွဲများကို ရပ်ဆိုင်းပစ်တော့မည်ဖြစ်ကြောင်း မြန်မာ တာဝန်ရှိသူများက ပြောကြားလိုက်သည်ဟု သိရသည်။

ယမန်နေ့က ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းနယ် နတ်ကျောက်ဆရီ မြို့နယ်တွင် ပြုလုပ်သည့် နှစ်နိုင်ငံနယ်ခြားစောင့်တပ် တပ်မှူးအဆင့် ဆွေးနွေးပွဲတွင် မြန်မာဘက်မှထိုသို့ ပြောကြားလိုက်သည်ဟု ဆိုသည်။
ယင်းပြင် မြန်မာဘက်မှ ယင်းအကြမ်းဖက်အဖွဲ့များကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ခိုလှုံခွင့်မပေးရန်ကိုလည်း တောင်းဆိုခဲ့ကြောင်း ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆိုသည်။

“ မြန်မာနယ်ခြားစောင့်တပ်မှ အကြမ်းဖက်အဖွဲ့အစည်းများ ဘင်္ဂလာမြေတွင်အခြေစိုက်ပြီး မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေသည်ကိုခွင့်မပြုဖို့၊ အလားတူတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပေါ်လာပါက နယ်ခြားစောင့်တပ်မှူး အဆင့် ဆွေးနွေးမှုများ ပြုလုပ်တော့မည်မဟုတ်ဟု ပြောဆိုခဲ့ ကြောင်း”  သူက ဆိုသည်။
ဘင်္ဂလာနယ်ခြားစောင့်တပ် တာဝန်ရှိသူများက ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်နိမိတ်တွင် မည့်သည့် အကြမ်းဖက်အဖွဲ့အစည်းများမှ  ခိုလှုံ၍ မရှိဟု ငြင်းဆိုခဲ့ကြောင်း သူက ဆိုသည်။

မြန်မာ-ဘင်္ဂလာ တပ်မှူး အဆင့် ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နတ်ကျောက်ဆရီမြို့နယ်တွင် အခြေစိုက်သည့်  အကြမ်းဖက် အဖွဲ့အစည်းများနယ်စပ်ဖြတ်ကျော်ပြီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို တိုက်ခိုက် နေသည့်ကိစ္စကို အဓိက ဆွေးနွေး ခဲ့ကြပြီး နယ်စပ်တွင်ရှိနေသည့် အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင် ဘင်္ဂလာနယ်ခြား စောင့် တပ်ဖွဲ့မှ ကူညီပေးရန်ကိုလည်းတောင်းဆိုခဲ့သည်ဟု သိရသည်။

ယင်းပြင်  တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ နယ်စပ်တလျှောက် မူးယစ်ဆေး ၀ါးနှိမ်နှင်းရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သူက ဆိုသည်။
မေလ ၁၃ ရက်နေ့က မောင်တောမြို့နယ် နယ်မြေ (၁)  နယ်စပ်မှတ်တိုင် ၃၇ နှင့် ၃၈ အနီးတွင်တစ်ကြိမ် မေ လ ၁၇ ရက်နေ့က နယ်စပ်မှတ်တိုင် ၅၂ အနီးတွင် တစ်ကြိမ် (၂ )ကြိမ်တိုင်တိုင် မြန်မာနယ်ခြားစောင့်တပ်ကို RSO မှ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ လိုက်လံရှင်းလင်းစဉ်  ဘင်္ဂလာဒေခ်ျ့ဘက်သို့ ထွက်ပြေး ၀င်ရောက်သွားသည်ဟု မြန်မာဘက်က ပြောဆိုခဲ့သည်ဟု သိရသည်။

မေလ ၁၇ ရက်နေ့ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် မြန်မာ ရဲတပ်သား ၄ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ မူဆလင် အကြမ်းဖက် သောင်းကျန်းသူ အုပ်စုမှ (၂) ဦးကျဆုံးခဲ့သည်။
ဆွေးနွေးပွဲကို ဘင်္ဂလာဘက်မှ ကော့စ်ဘာဇားအခြေစိုက် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး ဖောရိဟောဆန်း ဦးဆောင်တက်ရောက်ခဲ့ပြီး  မြန်မာဘက်မှ ရဲမှူးကြီး တင်ကိုကိုမှ ဦးဆောင်တက်ရောက်ခဲ့သည်။
ယခုအခါ နယ်စပ်တလျှောက်တွင် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့များကို ဖြန့်ကျက် ချထားပြီ အခြေအနေကို အနီးကပ် စောင့်ကြည့် နေကြသည်ဟု သတင်း ရရှိသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ