Related Posts Plugin for WordPress, Blogger...

  
၂၀၁၁ ခုနှစ်မေလ ၃၁ ရက်နေ့ နအဖ ဖျက်သိမ်းပြီးနောက် ယူနီဖောင်းဝတ် စစ်သားများ မြန်မာ့အုပ်ချုပ်ရေး လောကမှ အပြီးအပိုင် အနားယူသွားခဲ့တာ ဒီလကုန်ဆိုရင် ၄ နှစ် တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီနုနယ်သေးခြင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်များမှ နိုင်ငံအနှံ့ သောင်းကျန်းမှုများ ရှိနေသေးတာကြောင့် ဥပဒေပြုရေး ရေးမဏ္ဍိုင် တစ်ခုမှလွဲ၍ အခြား အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်းနှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်တင်မြောက်ခြင်း လုပ်ငန်းများတွင် စစ်တပ်မှ လုံးဝ ဝင်မပါတော့ပဲ ကိုယ့်အလုပ်ကိုယ် လုပ်ကာ သူဘာသူ နေလာတာကြောင့် ပြည်တွင်းပြည်ပရှိ အတိုက်အခံအင်အားစုများ နဲ့ မီဒီယာများကလည်း ယခင်လို စစ်တပ်ကို တိုက်ရိုက် ဝေဖန်ရေးသားမှုများ တဖြည်းဖြည်း နည်းပါးသွားပြီး ကြံ့ခိုင်ရေးနဲ့ အစိုးရဆီသို့ ဦးတည်ချက် ပြောင်းသွားကြပါတယ်။

၂၀၁၁ နောက်ပိုင်း မြန်မာနိုင်ငံရေးဖြစ်စဉ်များမှာ စစ်တပ်က ဝင်ရောက်စွက်ဖက်တာ လုံးဝမရှိတော့ပဲ ပါတီနိုင်ငံရေး လုံးဝ ကင်းရှင်းသွားပုံမှာ မြို့ထဲမှာပင် ယူနီဖောင်းဝတ် စစ်သည်များ တွေ့ရမှု သိသိသာသာ နည်းပါးသွားတဲ့အထိ ဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရသစ်လက်ထက် ပထမဆုံး စစ်တပ် ဦးစီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း နိုင်ငံတော် အခမ်းအနားအချို့မှာ ရံဖန်ရံခါမျှသာ တွေ့ရတော့ပြီး စစ်တန်းလျားမှာပဲ အခြေချသွားတာ တွေ့ရပါတယ်။

၃ နှစ်အတွင်း မြန်မာနိုင်ငံမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိခဲ့ရာ အစိုးရနဲ့ လွှတ်တော်ကြား၊ အစိုးရနဲ့ အတိုက်အခံကြား၊ တရားစီရင်ရေးနဲ့ မီဒီယာအကြား၊ အာဏာရပါတီနှင့် အတိုက်အခံပါတီကြား ပြဿနာများစွာ ပေါ်ပေါက်ခဲ့ပေမယ့် တပ်မတော်မှ တစ်စုံတစ်ရာ စွက်ဖက်တာမျိုးမရှိခဲ့သလို ကာချုပ်မှ မှတ်ချက်ပေးတာမျိုး မကြားခဲ့ရပါဘူး။ အဲဒီလို ဘယ်အရေးမှ ဝင်မစွက်ပဲ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ဘာကိုယ်နေတဲ့ တပ်မတော်ကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြောဆိုမှုတွေ လုပ်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်ဟာ မှားယွင်းကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြပြီး ယခုလို မှားယွင်းလုပ်ကိုင်ခြင်းကြောင့် ရလာမယ့် ရလဒ်မှာလည်း မကောင်းနိုင်ကြောင်း သတိပေးမှုများ ပေါ်ထွက်လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်မှုများဟာ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ မသိရပေမယ့် အောက်ခြေစစ်သည်များ သာမက အဆင့်မြင့် စစ်တပ်အရာရှိကြီးကလည်း မကြေနပ်ကြကြောင်း နေပြည်တော် စစ်တပ်အသိုင်းအဝိုင်းမှ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးဌေးနိုင်မှ "တပ်မတော်သားဆိုတာက နိုင်ငံခြားက လာတဲ့ သူတွေမဟုတ်ဘူး.. ပြည်သူထဲက ပြည်သူတွေပဲ" ဟု တုန့်ပြန်ပြောဆိုခဲ့ပြီး ကြံ့ခိုင်ရေးပါတီမှ ဦးလှဆွေမှလည်း "တပ်က ပြင်ပေးပါမယ်လို့ ပြောထား တာကို တမင်တကာ ဇတ်နာအောင် သူတို့ ပြောလို့ပဲ တပ်ကပြင်ပေးရ တယ် ဆိုတဲ့ ပုံဖြစ်အောင် လုပ်နေတာ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းကိုနိုင်တို့ မှ လမ်းပေါ်ထွက်ဖို့ ပြောပြီး ၂ ရက်အကြာမှာ အိမ်နီးချင်းထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ် ရေးပြဌာန်းခဲ့ပါတယ်။ မြန်မာ့သမိုင်းမှာလည်း အလားတူ ဖြစ်စဉ်မျိုး တွေရှိခဲ့ဖူးပြီး ဒေါ်အောင်ဆန်းစုကြည်မှ စစ်တပ်အာဏာ ပြန်သိမ်းစေချင်တဲ့ ဆန္ဒဖြင့် နိုင်ငံရေး ရွေ့ကွက်တစ်ခုကို ဖန်တီးတာဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် လမ်းပေါ်ထွက် သည့် နိုင်ငံရေးစနစ်မှာ ပြည်သူတွေသာ နစ်နာပြီး ဒုက္ခရောက်ရတာကြောင့် စကားတတ်တိုင်း လျှောက်မပြောသင့်ကြောင်း နဲ့ စကားကို အဆင့်တန်းရှိရှိ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုသင့်ကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ရခိုင်အမျိုးသားပါတီမှ ဦးဖေသန်းကတော့ "တပ်ကို အခုလို ဝေဖန်ပုတ်ခတ် တဲ့ အတွက် အကျိုးဆက်ကတော့ မကောင်းနိုင်ဘူး" လို့ မှတ်ချက်ပေးခဲ့ပြီး သူ့ဘာသူ အေးဆေး နေနေတဲ့ စစ်တပ်ကို ဒေါ်စု သွားရောက်စိန်ခေါ်ခြင်းကို မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှ ထောက်ခံသူအလွန်နည်းပါးတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုတ်ခတ်မှုကို တပ်မတော်မှ ငြိမ်နေမှာမဟုတ်တဲ့အပြင် ဒီမိုကရေစီ နိုင်ငံတိုင်းတွင် စစ်တပ်နဲ့ အဆင်မပြေတဲ့ အစိုးရအားလုံးမှာ အာဏာ မတည်မြဲလေ့ရှိတာကြောင့် ၂၀၁၅ သမ္မတဖြစ်ဖို့ရည်မှန်းထားတဲ့ ဒေါ်အောင်ဆန်း စုကြည်အတွက် အနာဂါတ်မ ကောင်းနိုင်ဟု သုံးသပ်မိပါတယ်။
 
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ