Related Posts Plugin for WordPress, Blogger...

Photo: လေးစားအပ်ပါသော ကျိုးကြောင်းဆင်ခြင်ညဏ်..
ကြီးမားလှစွာသော ဒုသမ္မတကြီးရှင့်.....

ကျမ နှင့် ကျမ ယောက်ျား သည်..
တနေ့လျှင် ၂၀၀၀ ၀င်ငွေရအောင်
အသီးသီး ရှာနိုင်သောကြောင့် ..
စားသောက်စားရိတ် လုံလောက်ပါသည်။

သို့သော် အ၀တ်ဝယ်မ၀တ်နိုင်ပါ။
ဒုသမ္မတ ကြီးမှ အင်္ကျီအ၀တ်အစားများ လှူဒါန်းရန်
အစီအစဉ်ရှိပါသလားရှင့် ...

နေစရာအိမ်စရိတ် မလုံလောက်ပါ။
မီတာခများမကောက်တော့ဘူးလားရှင့်...
ရေခွန်၊စည်ပင်ခွန် ၊ မြေခွန် အစရှိသော
အခွန်အခအမျိုးမျိုးအား ပလှပ်ပေးလိုက်ပီလားရှင့်....

နေမကောင်းလျှင် ဆေးကုရန် ပိုက်ဆံအပိုမရှိပါ။
အစိုးရဆေးရုံများ၌ အလကားကုသခွင့် ရှိပီလားရှင့်...

အလှူအတန်းလုပ်ရန်မဆိုထားနှင့်
ဘုရားပန်းပင် ကပ်ရန် အပိုပိုက်ဆံမရှိပါ...
ကျမတို့ အခြားဘာသာသို့ ကူးပြောင်းရမည်လားရှင့်...

သာရေးနာရေးများပါဝင်ရန်
တနေ့ ၂၀၀၀ ကျပ်နှင့်မလုံလောက်သဖြင့်
ရွာပြင်ထွက်နေရမည်လားရှင့်....

အရေးကြီးဆုံးအချက်မှာ ..
ကျမတို့၌ တနေ့လျှင် ပိုက်ဆံ ၂၀၀၀ မရှာနိုင်သော
လူမမည် ကလေး၂ယောက်ရှိရာ
၎င်းတို့အား အငတ်ထားရမည်လားရှင့်...

၎င်းတို့အား မိဘမဲ့ဂေဟာသို့ ပို့ပါက
လူသားအသီးသီးတို့သည်
တနေ့လျှင် ငွေ၂၀၀၀သာ ရှာကြရာ..
မည်သူမျှ မိဘမဲ့ဂေဟာသို့ မလှူဒါန်းနိုင်ပေရာ..
ဒုသမ္မတကြီးနှင့်အစိုးရအဖွဲ့မှ
မိဘမဲ့ဂေဟာများအား ..
တာဝန်အပြည့်အ၀ ယူမည်လားရှင့်....

ထို့အပြင် ကျမ၌ အသက်အရွယ်ကြီးပီဖြစ် ၍
တနေ့ပိုက်ဆံ ၂၀၀၀ ရအောင်မရှာနိုင်တော့သော ပင်စင်လဲမစားသော မွေးသမိခင်ကြီးလဲ ရှိပေရာ.. အဘယ်ပိုက်ဆံနှင့် ကျွေးရမည်လဲရှင့်...
မွေးသမိခင်ကို ဘိုးဘွားရိပ်သာပို့ရမည်လားရှင့်...

ဘိုးဘွားရိပ်သာသည်လဲ မိဘမဲ့ဂေဟာကဲ့သို့ပင်ဖြစ်ရာ..
ဒု သမ္မတကြီးမှ ဘိုးဘွားရိပ်သာများကို တာဝန်ယူရန်
အစီအစဉ်ရှိပါပီလားရှင့်...

ထိုကဲ့သို့ တာဝန်ယူမှုများမရှိပါဘဲ..
မြန်မာပြည်သူပြည်သားအပေါင်းအား ..
တနေ့လျှင် ၀င်ငွေ၂၀၀၀ ရှိလျှင် လုံလောက်တယ် ဟု..
ပြောထွက်သော ဒုသမ္မတကြီးကိုယ်တိုင် ..

တနေ့လျှင် ငွေ၂၀၀၀ ဖိုးသာ အရင် သုံးကြည့်ပါရှင့်...

ဒုသမ္မတကြီး မိန်းမနှင့် သမီးများအားလဲ
တနေ့ငွေ ၂၀၀၀ဖိုးသာ စားခိုင်းပီး
ကိုယ်တုံးလုံးနှင့် အရင်နေခိုင်းပါရှင့်....

ကျမတို့သည် ..
လူသားချင်းအင်မတန်စာနာစိတ်ရှိသောကြောင့်
ကျမတို့နေသလို ကျမတို့စားသလို ..
ဒုသမ္မတကြီးနှင့် တကွ မိသားစုအားလဲ ..
စားစေချင် နေစေချင်ပါသည် ရှင့်....

ဒုသမ္မတကြီး သိသင့်သည်မှာ..
တနေ့ ၂၀၀၀ နှင့် တလလျှင် ၀င်ငွေ ၆သောင်းဆိုသည်မှာ..

ဒုသမ္မတကြီး၏ ချစ်လှစွာသော ဇနီးသည်၏
အတွင်းခံ ဘော်လီ တထည် တန်ဖိုးသာ ရှိပါကြောင်း ....

ဒုသမ္မတကြီး ရွှေဥာဏ်တော် စူးရောက်မှုအား
ထာဝရ လေးစားလျှက်

ပုံ /
မမမောင်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ