Related Posts Plugin for WordPress, Blogger...


ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မေလ ၃၀ ရက်က ကင်းလှည့်နေသည်ကို တွေ့ရစဉ် (THEDAILYSTAR)

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်စပ်၌ဖြစ်ပွားနေသော ပြဿနာနှင့်ပတ်သက်၍ မြန်မာအစိုးရက ပထမဆုံးအကြိမ်သတင်းထုတ်ပြန်ချက်ကို ဇွန်လ ၁ ရက်တွင်ထုတ်ပြန်လိုက်သည်။
နယ်စပ်၌ဖြစ်ပွားခဲ့သောပြဿနာများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ဘဲ၊ မြန်မာနိုင်ငံက မိမိ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကိုထိပါးလျှင် လုံးဝလက်ခံမည်မဟုတ်သလို နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရေး၊ အိမ်နီးချင်းကောင်းဆက်ဆံရေးတို့ကို အခြေခံ၍ သံတမန်နည်းလမ်းအရ ငြိမ်းချမ်းစွာညှိနှိုင်းဆောင်ရွက်သွားမည်ဟုဖော်ပြထားသည်။
 
 မေလ ၂၈ ရက်နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်မောင်တောမြို့နယ် မိုင်တိုင်အမှတ် ၅၁ နှင့် ၅၂ အကြား မြန်မာပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုးဘက် ပေ ၈၀ ခန့်အကွာသို့ အဝါရောင်ပြောက်ကျားယူနီဖောင်းဝတ်ဘင်္ဂါလီ နှစ်ဦး ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ဘင်္ဂါလီတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ခဲယမ်းများဖမ်းမိခဲ့သည်။ ကျန်တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ပြေးသွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ကင်းလှည့်စဉ် မြန်မာဘက်က စတင်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့တပ်ဖွဲ့မှ တပ်ကြပ်မိုဟာမက်မီဇာနူရာမန်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စွပ်စွဲသည်။ အမှန်တွင် ပိုင်နက်ကျော်ဝင်ရောက်လာ၍ပစ်ခတ်ခြင်းဖြစ်ပြီး ၎င်းတို့က နယ်ခြားစောင့်တပ်ဖွဲ့ဟုပြောသော်လည်း ပိုင်နက်ကျူးကျော်လာသူနှစ်ဦး၏ယူနီဖောင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၏ ယူနီဖောင်း မဟုတ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက အဆိုပါဖြစ်ရပ်အပေါ် မေလ ၂၈ ရက်တွင် သံတမန်စာပေးပို့ခဲ့သည်။

ထို့အပြင် မေလ ၃၀ ရက်ညနေတွင် နယ်နိမိတ်မှတ်တိုင် ၅၀ အနီး၌ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များကြား မိနစ် ၂၀ခန့်ကြာ ဖြစ်ပွားသည်။ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီအလောင်းအား ပြန်လည်လက်ခံရယူရန် နယ်နိမိတ်မှတ်တိုင်အမှတ် ၅၀ တွင်စောင့်ဆိုင်းစဉ် မြန်မာဘက်မှ စတင်ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲသည်။

အသေဖမ်းဆီးရမိသောအလောင်းကို မေလ ၃၀ ရက်တွင်အခင်းဖြစ်ပွားသည့်နယ်နိမိတ်မှတ်တိုင်အမှတ် ၅၂ အနီး လာရောက်ထုတ်ယူရန် အကြောင်းကြားခဲ့ခြင်းသာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့က မိုင်တိုင်အမှတ် ၅၀ အနီး၌စောင့်ဆိုင်းသည်ဆိုခြင်းမှာ ဆီလျော်မှုမရှိဘဲ မြန်မာဘက်မှစတင်ပစ်ခတ်ခဲ့ခြင်းမရှိပါ။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သံတမန်စာများတွင်ဖော်ပြထားသည့်အချက်အလက်များသည် လက်တွေ့ဖြစ်ပွားခဲ့သည်နှင့် လုံးဝကွဲလွဲနေသောကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၃၁ ရက် နံနက် ၁၀ နာရီခွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကိုခေါ်ယူ၍ ဘင်္ဂလားဒေ့ရှ်မှပြောကြားချက်များမမှန်ကန်ကြောင်း ငြင်းဆိုဖော်ပြထားသည်။ သတိထောက်လွှာကိုပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

7Day Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ