Related Posts Plugin for WordPress, Blogger...

ပထမ ဆုံးပြောလိုသည်မှာ ကျွန်တော့်တစ်ကိုယ်ရေ အယူအဆရ ယခု လက်ရှိအချိန်၄၃၆ ကို ပြင်ဆင်ဖို့ မထောက်ခံပါ ။ သို့သော် အကြမ်းဖက်မှု မပါသော ၊ ဆူပူမှု မပါသော ၊ စည်းရုံးမှု ၊ တောင်းဆိုမှု ၊ တစ်ဦးတစ်ယောက်ချင်းစီ ၏ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ကို တော့ သဘောတူပါသည် ။ အများသဘောဆန္ဒ / ဘုံသဘောတူညီချက်ကို တော့ လေးစားလိုက်နာမည်ပင် ဖြစ်သည် ။
ဒါသည် ပင်လျှင် တစ်ကိုယ်ရေ လွတ်လပ်ခွင့် နှင့် လူ့အဖွဲ့စည်း၏ အနှစ်သာရလို့မြင်သည် ။

ဘာကြောင့် ကျွန်တော် မထောက်ခံသလဲ ။

(၁) ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာဥပဒေ တွေရဲ့အသက်ဖြစ်သော်လည်း ... ပြည်သူလူထုအားလုံးနဲ့ တိုက်ရိုက် အချိုး မကျဟု မြင်သည် ။ ၄၃၆ ပြင်ဆင်သည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှ ပုဒ်မများကို ပြင်ဆင်နိုင်မည်ဖြစ်သည် ။ လွှတ်တော်ကိုယ်စားလှယ်များ ၊ နိုင်ငံရေးအင်အားစုများ အများသဘောဆန္ဒ အတိုင်း နိုင်ငံရေး ပါဝါများရရှိလာနိုင်မည်ဖြစ်သည် ။ ပြည်သူလူထု အကျိုးစီးပွား နဲ့ တိုက်ရိုက်ပက်သက် သည် ...အမြန်ဆုံးပြင်ဆင်သင့်သည်ဟုတော့ မမြင်ပါ ။ နောက်လွှတ်တော် သက်တမ်း မှာ ပြင်ဆင်နိုင်သည်ထားဦး ...အဲဒီ အခြေခံဥပဒေ နှင့် တိုက်ဆိုင်ပြီး မကိုက်ညီတာတွေ ပြန်ပြင်ရမည့် တည်ဆဲဥပဒေ များကို ၁၀ နှစ်လောက်မှ ပြင်ဆင်နိုင်မည်ထင်သည် ။ (လွှတ်တော် အမတ်များ၏ လက်ရှိ speed တိုင်းဆိုလျှင် ) ။ ၄င်းတည်ဆဲဥပဒေ များသည်သာ အောက်ခြေ လူတန်းစား များ နေ့စဉ်နဲ့ အမျှ ရင်ဆိုင် ကျော်ဖြတ်နေရခြင်းဖြစ်သည် ဟု မြင်သည် ။

(၂) ယခုအတိုင်း လူထုအများစုပါဝင် ပြီး လက်မှတ်ထိုး ပြီး သမ္မတ ၊ လွှတ်တော်ထံ တင်လိုက်သည် ဆိုဦး ... သွားရမည့် လမ်းကြောင်းမှာ လွှတ်တော်တွင်းဆွေးနွေး ။ မဲ ခွဲ ဆုံးဖြတ် ။ ယခုလက်ရှိ လွှတ်တော်တွင်း ဖွဲ့စည်းထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေး အကြံပေးကော်မတီ လမ်းကြောင်းသို့သာ ရောက်ရှိမည်ဖြစ်သည် ။ ပန်းတိုင်ရောက်နှင့် နေပြီးသားကို ဘာလို့ ကွေ့ပတ်လျှောက်သနည်း ။ အဖြေရှိပြီးဖြစ်ပါသည် .... ပြည်သူလူထုအတွင်းနိုင်ငံရေး ရေချိန်မြှင့်တင် ရန်နှင့် မင်းသားနေရာ နှင့် လူကြမ်းနေရာ များခွဲခြားသတ်မှတ်ရန်ဖြစ်ပါသည် ။ တနည်း ၄၃၆ သည် ၄၃၆ မဟုတ်.. မဲဆွယ်စည်းရုံးရေး လို ကန့်သတ်ချက်မများသော မဲဆွယ်စည်းရုံးရေး ဟုသာမြင်သည် ။ ၄၃၆ ကို ပြင်ဆင်လိုရင်းမဟုတ် ဟု သာမြင်သည် ။

(၃) လွှတ်တော်မှာ လည်းဆွေးနွေးပြီးပြီ ၊ လွှတ်တော် အမတ် အများစုကလည်းသဘောတူသည်ဆိုကြပါစို့ ။ အဘယ်သို့ လုပ်မည် နည်း ။ တခြား မရှိပါ ။ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းလုပ်ထုံးလုပ်နည်းအတိုင်း ဖြတ်ရမည်သာ ။ (ဥပဒေကိုကျော်လွန် ၊ ဥပဒေပြင်ပ က လုပ်ကိုင်နိုင်မည်ဆိုလျှင်တော့ မသိပါ ) ။ ဥပဒေလမ်းကြောင်းတိုင်းသွားလျှင်တော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ကြိမ်တော့ မလွဲ မသွေ ဖြတ်ရမည် ဟုသာမြင်သည် ။ ၇၅ ရာခိုင်နှုန်းကျော်ကလည်းသဘောတူရမည် ။ မဲဆန္ဒရှင် ထက်ဝက်ကျော်ကလည်းသဘောတူရမည်သာ ။ နောက်တစ်ကြိမ် ပြည်သူလူထု ထပ် ပင်ပန်းကြဦးမည်သာဖြစ်သည် ။ လွှတ်တော်မှာ Majority နိုင်ပြီးမှ သာ လျှောက်နိုင်မည့်လမ်းဟု မြင်သည် ။ တခါတည်း ပင်ပန်းရမည့် အလုပ်ကို ၂ ခါ လုပ်ခြင်းဟာ အဓိပ္ပါယ် မရှိ ဟု သာမြင်သည် ။

(၄) ယခုလက်ရှိ အနေတိုင်း လွှတ်တော်မှာ ဖြစ်နိုင်ချေရှိသလား ။ facts အရပဲစဉ်းစားကြည့်ပါ ။
မဖြစ်နိုင်သေးပါ ။ မဖြစ်နိုင်သေးတဲ့ လမ်းကို အဘယ့်အတွက် လျှောက် နေသနည်း ။ ကျွန်တော့် အမြင်အရ အဖြေရှိပါသည် ။ NLD ဟာ ၂၀၁၅ ကို အနိုင်တွက်ကိန်းရှိသည်လို့ပဲမြင်ပါသည် ။ ထို့အတူ အစိုးရမင်းသား နှင့် လွှတ်တော်ထဲမှာလူကြမ်းများ ဇာတ်ကား ပါရိုက်လိုရင်းဟု မြင်သည် ။

စွမ်းအင်ဟာ လိုအပ်တဲ့ အချိန် ထုတ် သုံးမှ သာ အကျိုးရှိတာဖြစ်ပါတယ် ။ မလိုအပ်ပဲ သုံးရင် အချိန်ကုန်တယ် ၊ လူပမ်းတယ် ။ အကျိုး မများ ဘူး ။ အားမွေးရမဲ့ အချိန်မှာအားမွေးရမည် ။ အားသုံးရမဲ့ အချိန်မှာ အားသုံးရမယ် ။ ဦးစားပေး ရွေးချယ်တတ်ဖို့လိုမယ်ထင်ပါတယ် ။ ဦးစားပေး မရွေးတတ်ရင် အခွင့် ရေးတွေ ဆုံးရှုံးတတ်တယ် ။

အထက်ပါ အချက်တွေ ဟာ မှန်ချင်မှလည်း မှန်ပါမည် ။ အားလုံး နဲ့ သဘောထားတိုက်ဆိုင်ချင်မှလည်း တိုက်ဆိုင်ပါလိမ့်မယ် ။ ကျွန်တော့် အယူအဆ ၊ အတွေးအမြင်မျှ သာဖြစ်ပါတယ် ။ လုံလောက်သော အကြောင်းပြချက် ၊ ဒီထက်ပိုသော ကျိုးကြောင်းဆီလျော်မှု မတွေ့ သမျှ ကျွန်တော် လက်ခံထားဦး မှာပါ။

နိုင်ငံရေးဆွေးနွေးပွဲလုပ်တာ ၊ ဆန္ဒလတ်မှတ်ကောက်ခံတာ ဟာ နိုင်ငံရေးပါတီ ၊ နိုင်ငံရေးအဖွဲ့စည်းရဲ့ လုပ်သင့် လုပ်ထိုက်သော အလုပ် ဖြစ်လို့ သဘောမတူစရာမရှိပါ ။ သို့သော် တပ်မတော်တစ်ခုလုံးစာ လွှမ်းခြုံသော တိုက်ခိုက်မှု ကိုတော့ လက်မခံနိုင်ပါဘူး ။ ထို့ အတူ ပြည်သူ လူထုကို လမ်းပေါ် ဆွဲ တင် အသုံးချတာ မျိုးကိုတော့ ဆန့်ကျင်ရမှာပါ ။

(ရုပ်ဆိုး)
 
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ