ထိုင်းနိုင်ငံမှာ ထိုင်း ဘုရင့်တပ်မတော် စစ်ဦးစီးချုပ်က ယနေ့ ညနေပိုင်းက
တိုင်းပြည်ရဲ့ အုပ်ချုပ်မှု အာဏာ အဝဝ ကို စစ်တပ်က တာဝန်ယူလိုက်ပြီဆိုတဲ့
စစ်တပ်က အာဏာ တကယ် သိမ်းလိုက်တာ ကြေညာအပြီး
ဒီကနေ့ ည ကနေစတင်ပြီး ထိုင်း နိုင်ငံ တ၀န်းလုံးမှာ ည ၁၀ နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရ အမိန့် ကို ထုတ်ပြန်လိုက်ပါတယ်။
ယနေ့ ညနေပိုင်း နေရာမြင်တွေ့ရတဲ့ ထိုင်း စစ်သားတွေ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
အဲဒီအမိန့်ကို နောက်ထပ် အမိန့် တစုံတရာ က မပယ်ဖျက်မချင်း ညမထွက်ရ အမိန့် ဆက်လက် ရှိနေမှာ
ဖြစ်ပြီး အခု နောက်ဆုံး ထပ်မံ ထုတ်ပြန်လိုက်တဲ့ အာဏာသိမ်း
စစ်ခေါင်းဆောင်တွေ ထုတ်ပြန်တဲ့ အမိန့် ကတော့ လမ်းတွေပေါ်မှာ
နိုင်ငံရေးဆူပူမှုဖြစ်စေမယ့် လူ ၅ ဦးထက် ပိုပြီး စုဝေးခွင့် မရှိကြောင်း
ထုတ်ပြန် ထားပါသေးတယ်။
ဘန်ကောက်မြို့နဲ့ အနီးဝန်းကျင်က
အစိုးရဆန့်ကျင်ရေး သပိတ်စခန်းတွေနဲ့ အစိုးရ ထောက်ခံတဲ့ ရှပ်နီ
သပိတ်စခန်းတွေကိုလည်း ညနေပိုင်းကပဲ ထိုင်းစစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး
တချို့ကို ဖမ်းဆီး ခေါ်
ဆောင်သွားကြတယ်လို့ သိရပါတယ်။
အိမ့်သံစဉ်
0 comments