Related Posts Plugin for WordPress, Blogger...

မန္တလေး၊ မေ ၂၂

သတို့သမီး လိုအပ်ချက် မြင့်တက်နေသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မြန်မာ အမျိုးသမီးငယ်များကို သွေးဆောင် ဖျားယောင်းကာ လူကုန်ကူးမှုများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ မြန်မာအမျိုးသမီး များကို ပို့ဆောင်နေသော ဂိုဏ်းကို မန္တလေးမြို့တော်ရှိ ချမ်းမြရွှေပြည် ကားကြီးဝင်းမှတစ်ဆင့် ခြေရာခံမိကာ မေလလယ်ခန့်တွင် ခုနစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း လူကုန်ကူးမ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့စု (မန္တလေး) မှတပ်ဖွဲ့စုမှူး ဦးဖေသိန်းကျော်က ပြောကြားသည်။

မိထ္ထီလာမြို့တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မူဆယ်မြို့သို့ လူကုန်ကူး ခေါ်ဆောင်ရန်အတွက် မန္တလေးမြို့တော်ရှိ ချမ်းမြရွှေပြည် ကားဝင်းတွင် စည်းရုံးခေါ်ဆောင်နေသူ သုံးဦးကို ဖမ်းဆီးရမိသည့်အပြင် စည်းရုံး ခေါ်ဆောင်ခဲ့သည့် မိထ္ထီလာမြို့ရှိ အမျိုးသမီး နှစ်ဦးကို ဆက်လက်ဖမ်းဆီးရမိပြီး မန္တလေးမြို့တော်ရှိ တည်းခိုခန်း တစ်ခုသို့ စည်းရုံး ခေါ်ဆောင်လာမည့် အမျိုးသမီးများကို စောင့်ဆိုင်းနေသူ နှစ်ဦးကိုလည်း ဧပြီလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ကြီးတံခွန် မြို့မရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

“ဖမ်းမိတဲ့ ကျူးလွန်သူတွေကို စစ်ဆေးလိုက်တော့ ဂိုဏ်းဖွဲ့ကျူးလွန် နေတာကို စစ်ဆေးပေါ်ပေါက်တယ်။ မန္တလေး ချမ်းမြရွှေပြည် ကားကြီးကွင်းမှာ လူကုန်ကူးသူ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးကို ဖမ်းမိတယ်။ ကွင်းဆက်အနေနဲ့ မိတ္ထီလာက အမျိုးသမီးနှစ်ဦး ဖမ်းမိတယ်။ မိတ္ထီလာကနေ ဆိုင်ကယ်နဲ့ လိုက်ပို့သူကတော့ လွတ်နေတယ်။

ရန်ကုန်တိုင်းဒေသကြီးက အမျိုးသားကို ရန်ကုန်မှာပဲ ဖမ်းမိတယ်။ ကျွန်တော်တို့ကတော့ လူကုန်တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ နဲ့စွဲပြီး နေပြည်တော်ကို တင်ပို့လိုက်တယ်။ လူကုန်ကူးမှာ သုံးယောက်နဲ့အထက် ကျော်လွန်လို့ ဂိုဏ်းဖွဲ့ ကျူးလွန်တဲ့အတွက် ဥပဒေပုဒ်မ ၂၈ နဲ့ ထပ်ပြီး အမှုဖွင့်လိုက်တာ” ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူး ဦးဖေသိန်းကျော်က ဆိုသည်။

ချမ်းမြရွှေပြည် ကားကြီးကွင်းတွင် အချိတ်အဆက်ဖြင့် လူကုန်ကူးသည့် အမျိုးသမီးနှစ်ဦး၊ အမျိုးသား တစ်ဦးတို့ကို လူကုန်ကူးခံရသူတို့၏ သတင်းပေး ထွက်ဆိုချက်အရ ဖမ်းဆီးရမိပြီး မဟာအောင်မြေမြို့နယ် အမှတ် ၉ ရဲစခန်းတွင် (ပ) ၂၁၀/၂၀၁၄ လူကုန် တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ အရအမှုဖွင့်ပြီး လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့ (နေပြည်တော်) သို့တင်ပြခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့စု (မန္တလေး) မှတ်တမ်းများအရ သိရသည်။

ဂိုဏ်းဖွဲ့လူကုန်ကူး သူများသည် တရုတ်နိုင်ငံသို့ သွားရာ လမ်းတစ်လျှောက် အသီးသီး ရှိနေပြီး မြို့နယ်အသီးသီးရှိ အမျိုးသမီးငယ်များကို စည်းရုံးခေါ်ဆောင်ပြီး တရုတ်ပြည်သို့ တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန်အတွက် ရောင်းစားမှုများ ရှိနေကြောင်း ဦးဖေသိန်းကျော်က ထပ်မံပြောကြားသည်။

ပြစ်မှုကျူးလွန်သူများကို နယ်မြေခံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စုများက ဖမ်းဆီးခဲ့ပြီး ဂိုဏ်းဖွဲ့ ကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် လူကုန် တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈ ကို လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့ (နေပြည်တော်) မှ မေလ တတိယအပတ်တွင် ထပ်မံအမှုဖွင့်ခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ