Related Posts Plugin for WordPress, Blogger...




“အကယ်၍ရခိုင်လူမျိုးတို့သည် ဤကုလားများဝင်ရောက်မှုကို မဟန့်တားနိုင်ပါက ရခိုင်ဒေသ၊ စစ်တွေခရိုင် တစ်ခုလုံးသည် စစ်တကောင်းသား၊ ဘင်္ဂါလီကုလားများ၏ လက်အောက်သို့ ကျရောက်သွားပေလိမ့်မည်” ဟူ၍ အင်္ဂလိပ်လူမျိုး ကော်မရှင်းနာမင်းကြီး အာဘီစမတ်(R.B Smart) ၏ စစ်တွေခရိုင် (၁၉၁၇) ဟူသော စာအုပ်တွင်ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် နယ်နမိတ်ချင်း ထိစပ်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြောက်လတ်္တီတွဒ် (၂၄ )ဒီဂရီ (၀၀)မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် (၉၀)ဒီဂရီ (၀၀)မိနစ် အကြား တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၁၉၇၁ခုနှစ်၊ မတ်လ (၂၆)ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ အောက်မှ ခွဲထွက်ခဲ့ပြီးဖြစ်သော လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကြေငြာခဲ့သည်။ ၁၉၇၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ် ရောက်ရှိခဲ့သည်။ နယ်နိမိတ်အားဖြင့် မြောက်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် အိနိ္ဒယနှင့် လည်းကောင်း၊ အရှေ့တောင်ဘက်တွင် မြန်မာနိုင်ငံနှင့် လည်းကောင်း၊ ထိစပ်နေပြီး တောင်ဘက်တွင် ဘင်္ဂလား ပင်လယ်အော် တည်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်မှု အနေဖြင့် စုစုပေါင်း (၄,၂၄၆) ကီလိုမီတာ ရှိပြီး မြန်မာနိုင်ငံနှင့် ထိစပ်မှု (၁၉၃)ကီလိုမီတာ ရှည်လျားကာ၊ အိန်္ဒိယနိုင်ငံနှင့် ထိစပ်မှု (၄,၀၅၃) ကီလိုမီတာ ရှည်လျားသည်။

မြို့တော်မှာ ဒါကာဖြစ်ပြီး ပြည်နယ်(၆)ခုနှင့် ခရိုင်(၆၄) ခရိုင် ရှိသည်။ ဧရိယာ (၁၄၀,၀၀၀) စတုရန်း ကီလိုမီတာကျော်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း လူဦးရေမှာသန်း (၁၅၀) ခန့်ရှိသည်။ ကိုးကွယ်မှုအနေဖြင့် အစ္စလာာမ်ဘာသာဝင် (၈၃) ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင် (၁၆)ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာနှင့် ဆစ်ခ် (၁)ရာခိုင်နှုန်း ကိုးကွယ်ကြသည်။ ဘာသာစကားမှာ ရုံးသုံးအဖြစ် ဘင်္ဂါလီဘာသာစကား အပြင် အင်္ဂလိပ် ဘာသာစကား ကိုပါ သတ်မှတ်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရာသီဥတုများကို အောက်တိုဘာမှ မတ်လ အထိ အေးမြခြောက်သွေ့သော ရာသီ၊ မတ်လမှ ဇွန်လ အထိ ပူပြင်းစွတ်စိုသော ရာသီ၊ ဇူလိုင်လမှ အောက်တိုဘာလ အထိ မိုးရာသီဟူ၍ သတ်မှတ်နိုင်သည်။ ဧပြီလနှင့် မေလ အတွင်း၌လည်းကောင်း၊ စက်တင်ဘာလနှင့် နိုဝင်ဘာလ အတွင်း၌ လည်းကောင်း မုန်တိုင်းများ ကျရောက်လေ့ရှိပြီး ကမ္ဘာတွင်မိုးအများဆုံး ရွာသွန်းသော ဒေသတစ်ခု ဖြစ်သည်။ ဇူလိုင်လနှင့် အောက်တိုဘာလတွင် မိုးရေချိန်လက်မ (၁၀၀) ကျော်ရွာသွန်းပြီး ဇွန်လနှင့် စက်တင်ဘာလတွင် မိုးရေချိန်လက်မ (၇၄) ကျော်အထိ ရွာသွန်းလေ့ရှိသည်။ ဇန်န၀ါရီလသည် အအေးဆုံးဖြစ်ကာ မေလသည် အပူဆုံးဖြစ်သည်။ တောင်အာရှ ဒေသအတွင်း ရာသီဥတုဖောက်ပြန်မှု ရှိရာတွင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အိနိ္ဒယနိုင်ငံများသည် မိုးခေါင်ခြင်း၊ ရေလွှမ်းမိုးခြင်း စသည်တို့ကို အများဆုံး ခံစားရပြီး အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်စဉ် မုန်တိုင်း နှစ်ကြိမ်ခန့် ကျရောက်လေ့ရှိပြီး ပျက်ဆီးဆုံးရှုံးမှု၊ သေကြေဒဏ်ရာရရှိမှုများ ရှိသည်။

လူဦးရေ များပြားမှုကြောင့် စီးပွားရေး အကြပ်အတည်းရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်ကာ နိုင်ငံရေး မတည်ငြိမ်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး အစိုးရ အပြောင်းအလဲ များသော နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အခြားသဘာဝအရင်းအမြစ် များထက် ပင်လယ်ပြင်မှ ဓာတ်ငွေ့တစ်ခုတည်းသာ အားထားရသဖြင့် ရေနက်ပိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးကို ဦးစားပေးဆောင်ရွက်ရလျက် ရှိသည်။ Maritime Boundary သတ်မှတ်ရေး ကိစ္စရပ် တို့တွင် အိမ်နီးချင်းနိုင်ငံ များနှင့် မကြာခဏ အငြင်းပွားခဲ့ပြီး ၁၉၇၀ နှစ်များတွင် သတ်မှတ်ခဲ့သော Maritime Boundary များတွင် အိနိ္ဒယနှင့် မြန်မာနိုင်ငံတို့၏ ကန့်ကွက်မှုများကို ကြုံခဲ့ရသည်။ အိနိ္ဒယနှင့် မြန်မာနိုင်ငံတို့သည် ၁၉၇၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်၏ Maritime Boundary နှင့် EEZ(Exclusive Economic Zone) တို့အပေါ် လစ်လျူရှုကာ ပိုမို တောင်းဆိုလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာ ရေနံကုမ္ပဏီများသို့ ကမ်းလွန်ရေနက်ပိုင်းနှင့် ကမ်းနီးရေတိမ်ပိုင်းတွင် ရေနံကွက် (၂၈)ကွက် လေလံပစ်ခဲ့ရာ အိမ်နီးချင်းနိုင်ငံများမှ ကန့်ကွက်မှုမရှိသော လေလံကွက် (၂၀) ခန့် ကိုသာ ကုမ္ပဏီများက လျှောက်လွှာတင်သွင်း ခဲ့သည်။ ပင်လယ်ထွက်ပေါက် ရရှိရေးအတွက် သော်လည်းကောင်း၊ ကြပ်တည်းသည့် စီးပွားရေးအခြေ အနေများကြောင့် သယံဇာတများ ထုတ်ယူ ရောင်းချနိုင်ရေးအတွက် သော်လည်းကောင်း ရေပိုင်နက်သတ်မှတ်နိုင်မှုသည် ဘင်္ဂလားဒေရှ့်နိုင်ငံအတွက် အရေးကြီးကြောင်း တွေ့ရသည်။ ရေပိုင်နက်ပြဿနာ အငြင်းပွားနေမှု များကြောင့် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည်ဟု ဘင်္ဂလားဒေ့ရှ် တို့က ယုံကြည်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ပြီး၊ အိနိ္ဒယနိုင်ငံ၏ လွှမ်းမိုးမှု ကိုလည်း ခံနေရသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး အသင့်အတင့် ကောင်းမွန်ပြီး၊ အနောက်ဘက် အင်အားကြီး အမေရိကန်နိုင်ငံမှ အထောက်အပံ့ အကူအညီများ ရယူကာ၊ စစ်ရေး ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်လေ့ ရှိသည်။ ၁၉၉၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မုန်တိုင်းဒဏ် ခံခဲ့ရမှု၌ ပထမ ပင်လယ်ကွေ့စစ်ပွဲမှ ပြန်လာခဲ့သည့် အမေရိကန် (Joint Task Force) မှ အင်အား (၇၅၀၀) တို့သည် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ဆောင်ရွက်ပေးခဲ့သည်။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ထောက်ပံ့ရေး၊ အကြမ်းဖက်သမားများ နှိမ်နင်းရေးအတွက် ကြားခံစခန်းအဖြစ် အသုံးချခွင့်စသည့် အကြောင်းပြချက်များဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် အုန်းကျွန်းကဲ့သို့ နေရာများတွင် အမေရိကန်ရေတပ် အခြေစိုက်စခန်းများ ထားရှိမှုနှင့် ဘော်လီပဇား၌ စစ်ဘက်လေယာဉ်များ အသုံးပြုနေမှုကိုလည်း တွေ့မြင်ရသည်။ တစ်နည်းအားဖြင့် တရုတ်နိုင်ငံအားထိန်းချုပ်ရေး (China Containment Policy ) မူဝါဒနှင့် အိနိ္ဒယနိုင်ငံ၏ ကြီးထွားလာမည့် စစ်ရေးအင်အားနှင့် မဟာဗျူဟာ လက်နက်များကို ထိန်းချုပ်နိုင်ရေးအတွက် ပထ၀ီအနေအထားအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန်နိုင်ငံ အတွက် အသုံးဝင်သော ခြေကုပ်စခန်း တစ်ခုအဖြစ် သတ်မှတ်နိုင်ရေး ကြိုးပမ်းနေမှုအဖြစ် ရှုမြင်နိုင်သည်။

တရုတ်နိုင်ငံမှလည်း အမေရိကန်၏ ထောက်ပံ့မှုအပေါ် တုံ့ပြန်ရန်နှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် မှတဆင့် တရုတ်၏ အနောက်ဖက် ထွက်ပေါက်အဖြစ် အိနိ္ဒယသမုဒ္ဒရာသို့ ၀င်ရောက်ရေး အပါအ၀င် အိနိ္ဒယနှင့်ဒေသတွင်း အင်အားထိန်းညှိမှု ရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ၂၀ရာစု နှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်လာပြီး တရုတ်နိုင်ငံမှ စစ်လက်နက်များကို ၀ယ်ယူအသုံးပြုလျက် ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အာရှတွင် ပဉ္စမမြောက် ကမ္ဘာပေါ်တွင် န၀မမြောက် လူဦးရေ အများဆုံး နိုင်ငံဖြစ်ခြင်း၊ မြေနေရာကျဉ်းမြောင်းပြီး လူဦးရေမွေးဖွားနှုန်းမြင်ခြင်း၊ လူဦးရေသိပ်သည်းမှုနှုန်းမြင့်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး တိုင်းပြည်စာရင်းတွင် ပါဝင်ခြင်း၊ စာတတ်မြောက်မှု အနည်းဆုံးနှင့် ကလေးမွေးဖွားပြီး သေဆုံးမှုနှုန်း များပြားခြင်း၊ တောင်အာရှဒေသအတွင်း မွတ်စလင်လူဦးရေ အများဆုံးနိုင်ငံ စာရင်းတွင်ပါဝင်နေခြင်း၊ နှစ်စဉ်သဘာဝ ဘေးအန္တရာယ်ခံရခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဘာသာရေးအရ ကွဲပြားခြားနားခြင်းနှင့် လူဦးရေပေါက်ကွဲမှု မှတဆင့် အိမ်နီးချင်းနိုင်ငံများသို့ စိမ့်ဝင်မှုများပြားခြင်း စသည်တို့ကြောင့် ဒေသအတွင်း တည်ငြိမ်ရေးနှင့်လုံခြုံရေးအား ခြိမ်းခြောက်နိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိနေကြောင်း တွေ့မြင်ရသည်။


Reference
http://data.un.org/CountryProfile.aspx?crName=Bangladesh 

www.oppositeyes.inf

Posted by Unknown on 6/01/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ