Related Posts Plugin for WordPress, Blogger...

နေပြည်တော်၊ မေ ၂၄

၂၀၁၄ ခုနှစ်၊ မေ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟီယံဇိန်ရွာ၊ ကလေး-ဖလမ်းကားလမ်း၊ မိုင်တိုင်အမှတ်(၂၇/၄-၅)ကြားတွင် ခရီးသည်တင်ယာဉ် ၁ စီး တိမ်းမှောက်ကြောင်း သတင်းအရ ထုတ်လှိုင်ရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ဖလမ်းမြို့မှကလေးမြို့သို့ ဖလမ်းမြို့နယ်၊ ဘွဲ့ခါး ကျေးရွာနေ ဗန်တွန်ထန်(၂၄)နှစ် မောင်းနှင်ပြီး ခရီးသည် ၁၁ ဦးတင်ဆောင်လာသည့် 3F/xxxx တောင်းအေ့စ်ယာဉ်သည် တီးတိန်မြို့နယ်၊ သိုင်းငင်းရွာနှင့် ဟီယံဇိန်ရွာကြားအရောက် လမ်း၏၀ဲဘက် ပေ ၁၀၀ ခန့်ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဗန်တွန်ထန် ပါ ကျား ၃ ဦး၊ မ ၂ ဦး၊ စုစုပေါင်း(၅)ဦးမှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ကျား ၃ ဦး၊ မ ၄ ဦး၊ စုစုပေါင်း(၇)ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဗန်တွန်ထန်အား တီးတိန်မြို့မရဲစခန်း ယာဉ်(ပ) ၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
http://www.thithtoolwin.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ