Related Posts Plugin for WordPress, Blogger...

(နိရဉ္စရာ- ၂၉ မေလ ၂၀၁၄)/ မောင်အေး
guardမြန်မာနယ်စပ် လုံခြုံရေး တပ်ဖွဲ့နှင့် ဗုဒ္ဓဟူးနေ့ နံနက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့ (ဘီဂျီဘီ) မှ အရာရှိ အဆင့်ရှိသူ တစ်ဦးပျောက်ဆုံးနေကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ် အာဏာပိုင်များကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ယနေ့ ရေးသား ဖေါ်ပြသည်။
ပျောက်ဆုံးနေသူမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ၊ ဘင်ဒရာဘင်ခရိုင်၊ နတ်ကျောက်ဆိုးရီးမြို့နယ်၊ ဒူဆောရီ နယ်ခြားစောင့်စခန်းမှ အရာရှိတစ်ဦးဖြစ်သူ မီဇာနူရ် ရာဟာမာန် ဖြစ်ကြောင်း သတင်းစာများက ဆိုသည်။
မေလ ၂၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အမှတ် ၅၂ နယ်ခြားမှတ်တိုင်အနီးတွင် ဘင်္ဂလာနယ်ခြားစောင့် တပ်မှ ပုံမှန်စစ် ဆေးမှုများ ပြုလုပ်နေစဉ် မြန်မာနယ်ခြားစောင့်တပ်မှ ပစ်ခတ်မှုကြောင့်  ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုအခါ အင်အားသုံးပြီး ပျောက်ဆုံးနေသူ သူအား နယ်စပ်တလျှောက်တွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ရှာဖွေမှုများပြုလုပ်နေသည်ဟု သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး နှစ်ဘက်နိုင်ငံ နယ်စပ်အရာရှိများတွေ့ဆုံရန် မြန်မာဘက်သို့ အကြောင်းကြား သော်လည်း မြန်မာဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးဟု သိရသည်။
ယခုအခါ မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တင်းမာမူများ ရှိနေပြီး နှစ်ဘက်တပ်များကို တိုးချဲ့ချထားကြောင်း သိရသည်။
လာမည့် ဇွန်လ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ်မောင်တောမြို့တွင် နှစ်နိုင်ငံနယ်ခြားစောင့် တပ်မှူးအဆင့် အလံတင် ဆွေးနွေးပွဲပြုလုပ်မည်ဟု  အတည်မပြုရသေးသော သတင်းတစ်ရပ်တွင် ဖေါ်ပြသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ