Related Posts Plugin for WordPress, Blogger...




သန်းကောင်စာရင်းမှာ ရေးခွင့်ပေးလိုက်ပါလို့ မဏ္ဍိုင်တွေက ရေးလာကြတယ်။ မှန်ပါတယ်။ ရေးချင်ရာ ရေးလာခဲ့ ဒါက DATA ကိုပဲ ကောက်တာ ဆိုတာ ဘာလို့များ အချိန်မီ မပြောခဲ့ကြတာလဲ ဆိုတာ ပြန်တွေးဖို့ကောင်းတယ်။ မဏ္ဍိုင်ဖြစ်ပြီး မြန်မာကားတွေထဲက ရဲလို ပွဲပြီးမှရောက်လာ ဇာတ်သိမ်းမှ ပေါက်ဖေါ်လုပ်တဲ့ အကွက်ကတော့ ညံ့ဖျင်းလွန်းတာလား အခြား ကိစ္စတွေ ရှိသလား ကတ္တရာပုံးဖက်ပြီး တွေးကြည့်ချင်စရာ ကောင်းလှပါတယ်။ သန်းကောင်စာရင်း ကိစ္စကို အတိုက်အခံရော အစိုးရပါ ပေါင်းပြီး ပညာတွေပေး၊ ချပြနေချိန်မှာမှာ ခုမှ ဝေဖန်နေတဲ့ မဏ္ဍိုင်ကဆရာတွေဟာ ဘယ်နေရာမှ ဘယ်သူတွေ ကန့်ကွက်ကြောင်း ကာတွန်း၊ ဆောင်းပါး၊ သတင်း အစုံနဲ့ ထော်လော်ကန့်လန့် လုပ်နေခဲ့တာကို ဆိုင်ရာ မီဒီယာတွေ Time line မှာ သွားကြည့်နိုင်ပါတယ်။

သန်းကောင်စာရင်းထဲက လူမျိုးကိစ္စ၊ ပိုင်ဆိုင်မှုကိစ္စတွေကို ရှင်းနေပါလျက် ဘူးလုံးနားမထွှင်းလုပ်ပြီး သန်းကောင်စာရင်းကို အမျိုးမျိုး ပြဿနာ ပေးခဲ့တာ အထင်အရှားပါပဲ။ သန်းကောင်စာရင်းဟာ အစိုးရလုပ်တာမို့ အတိုက်အခံတွေ တော်လှန်ရေးသမားတွေရင်ထဲက ခေါက်ရိုးကျိုးအသိအတိုင်း မကောင်းမြင်တာ မဆန်းပေမယ့် ဒါဟာ ပစ်ပယ်ရမယ့် ကိစ္စမဟုတ်၊ အားလုံး အကျိုးရှိမယ့် ကိစ္စဆိုတာကို သိသိကြီးနဲ့ နှပ်ပစ်ခဲ့ကြတာပါ။ သန်းကောင်စာရင်း ပြဿနာတွေဟာ ရခိုင်မှာသာမဟုတ်ပဲ တိုင်းရင်းသားဒေသတွေ၊ မြို့ကြီးပေါ်တွေအထိ ပေါ်နေတာကို ကြီးထွှားအောင် (ဝဒေသနဲ့ပက်သက်တဲ့ သီတင်းတွေ) မဖြစ်သေးတာကို ဖြစ်အောင် ဆွပေး ဖွပေးခဲ့တာ အထင်အရှားပါပဲ။

ရိုဟင်ညာ ရေးခွင့်ကို ရှေ့တန်းတင်ပေးခဲ့တာကလဲ ...သူတို့ပါပဲ။ ဖြစ်လာတော့ နောက်ပိုးသိပ်ပြီး မီးထပ်ထိုးတာလဲ သူတို့ပါပဲ။ ဒါပေမယ့် ထူးဆန်းတာက ခုလို ဖြေရှင်းရာမှာ ကျန်တဲ့ သန်ကောင်စာရင်း ကောက်မရတဲ့ အခြား ဒေသတွေထက် ရခိုင်ကို ရှေ့တန်းတင် ရိုဟင်ညာ ရေးချင်ရေးပါစေလားလို့ ရှေ့တန်း တင်လာရသလဲ ဆိုတာပါပဲ။ သန်းကောင်စာရင်းရဲ့ ကိစ္စတွေကို နားမလည်တဲ့ထဲမှာ ပညာတတ်တွေ၊ မီဒီယာတွေ၊ အပါအဝင် ဘူးလုံးနားမထွှင်းတွေ အများကြီးပေမယ့် ခုစာကလေး ခုဆီထမင်းနဲ့ မီးလောင်ရာ လေပင့်လုပ်တဲ့ တိုင်းပြည်ထဲက မဏ္ဍိုင်တွေဟာ ဘာကို လမ်းကြောင်းပေးနေတာလဲ ဆိုတာ.......
From: မောင်ဟန်

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ