Related Posts Plugin for WordPress, Blogger...



၂၀၁၄ ခု ဧပြီ ၄ ရက်

ဘန်ကောက်မြို့၊ ဘန်ဘော်မြို့တွင် ရခိုင်အလုပ်သမား ဇနီးမောင်နှံ ၂ဦး ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညဥ့်နက်ပိုင်း က နေထိုင်ရာ အခန်းထဲတွင် သတ်ြ ဖတ်ခံခဲ့ရကြောင်း နာရေး ကူညီ နေကြသည့် ရခိုင်ပါတီဝင် များထံမှသိရသည်။

ဘန်ကောက်မြို့၊ အယ်ကချိုင်၇၆ လမ်း၊ တွင်ရှိသော  အလုပ်သမား အဆောင် ဒုတိယထပ် အခန်း(၅) တွင် နေထိုင်ကြသည့် ရခိုင်အလုပ်သမား ဇနီးမောင်နှံနှစ်ဦးတို့သည်  ပြီးခဲ့သည့် တနင်္ဂနွေ့နေ့ ညဥ့်နက်ပိုင်း အသတ်ခံခဲ့ ရပြီး အင်္ဂါနေ့က အခန်းမှ အပုပ်နံ့ ထွက်လာသဖြင့် သိရှိခဲ့ခြင်းဖြစ်ကြောင်း ဘန်ဘော် နယ်မြေရဲ အရာရှိက ပြောသည်။
       
အသတ်ခံရသူများမှာ အသက် ၂၈ နှစ်အရွယ် မောင်စောသန်း သည် ရခိုင်ပြည်နယ်  ကျောက်ဖြူ မြို့နယ်၊ သိုင်းချောင်းအုပ်စု၊ ပဂျွိန်ချောင်းဖြားကျေး ရွာမှ ဦးဖိုးတုတ်(ခ) ဦးမောင်ထွီးစံ+ဒေါ်လှစော တို့၏ သားဖြစ်သည်။  အမျိုးသမီးမှာ အသက်၂၆ နှစ်အရွယ် မိဖြူ ဆိုသူဖြစ်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ မှ ဖြစ်ကြောင်း နာရေးကို ကူညီဆောင်ရွက်နေကြသည့်  ရခိုင်အမျိုးသားပါတီ(အမြုတေ)ထိုင်းနိုင်ငံ၊ တာဝန်ရှိ သူများက ပြောသည်။

“ကျနော်တို့ မနေ့ကမှ ထိုင်းသတင်းမှာ ပါလာလို့သိရပါတယ်။ နယ်မြေခံရဲ စခန်း ကိုသွားပြီးတော့အလောင်း   ထုတ်ယူရေးကိစ္စနဲ့ သဂြိုဟ်ဖို့ အစီအစဉ်   တွေ လုပ်နေကြပါတယ်” ဟု ရခိုင်အမျိုးသားပါတီ(အမြုတေ) ဒု-ဥက္ကဌ ဦးမောင်မောင် ကပြောသည်။

သေဆုံးသည့်အလုပ်သမ၏ စက်ရုံမှ တာဝန်ရှိသူက လကုန်ရက် ကတည်းက ငွေလာမထုတ် သဖြင့် အတူတူအလုပ်လုပ်ကြသည့် အလုပ်သမား များအား ပြောသဖြင့် အလုပ်သမားများက အခန်းတံခါး ကိုခေါက်ကြရာအပုပ်နံ့ ရသဖြင့် အခန်းပိုင်ရှင်ကို အကြောင်းကြားခဲ့ကြသည်။  အခန်းပိုင်ရှင်က နယ်မြေရဲ များကို ခေါ်ယူ၍ အခန်းသော့ကို ဖျက်၍ ၀င်ကြည့်ကြရာ အမျိုးသား ရင်ဘတ်တွင် ထိုးသွင်းဓါးဒဏ်ရာ ၅ချက်နှင့် အမျိုး သမီး လည်ပင်းတွင်   ပြချ ဒဏ်ရာတို့ဖြင့်သေဆုံးနေကြောင်း တွေ့ရှိခဲ့ကြရသည်။
       
သေဆုံးသည့်အလုပ်သမားများ၏ အလုပ်ရုံသို့ သွားရောက်စုံစမ်းရာ ယခု ရက်ပိုင်းအတွင်း အလုပ်သမား ၃ဦး ထွက်သွားကြောင်း၊ သို့ရာတွင် မည်သူ မည်ဝါဖြစ်ကြောင်း အလုပ်သမားများကို မှတ်တမ်းတင်ထားခြင်း မ ရှိကြောင်း အလုပ်ရုံမှ ထွက်ဆိုသည်ဟု ရဲကပြောသည်။ အလုပ်ရုံမှ မြန်မာနှင့်ရခိုင် အလုပ်သမား များ အား စစ်ဆေးရာတွင်လည်း မသိဟူ၍သာ ဘူးကွယ်နေကြ သဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ခက်ခဲ   နိုင်ကြောင်း၊ မည်သည့်အတွက်   ကြောင့် အသတ်ခံရသည်ကို  ရဲများကပေါ်ပေါက်စေချင်ပြောသည်။

လာမည့် တနင်္ဂနွေနေ့(၂၀၁၄ ခု ဧပြီလ ၆ ရက်နေ့)၌ ဘန်ကောက်မြို့ ဖလန်းစောင်နယ်မြေ တွင် ရှိ သော ၀ပ်ထပ်ခမ်း(ဘုန်းကြီးကျောင်း) တွင် သဂြိုဟ် မည်ဖြစ်ကြောင်းသိရသည်။ နာမှု ကူညီလိုသူများ အနေဖြင့် ဥက္ကဌ ဦးခိုင်အံ့မောင် ၀၈၇ ၆၉၉ ၀၂၃၂ နှင့် ဒု-ဥက္ကဌ ဦးမောင်မောင် ၀၉၀ ၀၁၄ ၉၁၀၃ တို့ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

မြတ်ညို(အလွတ်သတင်းထောက်)

ရွှေလုပ်သား

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ