Related Posts Plugin for WordPress, Blogger...


သမ္မတရုံးမှ လျှို့ဝှက်သတင်းများ's photo.
သမ္မတရုံးမှ လျှို့ဝှက်သတင်းများ's photo.
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ကိုယ်က လူကိုချစ်လို့ယူခဲ့ပေမယ့် ဟိုကလူကိုချစ်လို့မဟုတ်ဘဲ ဘာသာကိုဝါးမျိုချင်လို့ လက်ထပ်ခဲ့တာဖြစ်လေတော့ နောက်ဆုံး အသွင်မတူလို့ အိမ်သူမဖြစ်နိုင်တဲ့ မြန်အောင်မြို့၊ ဘန့်ဘွေးကုန်းရွာမှ အိမ်ထောင်ကွဲ သာဓကလေးတစ်ခုပါ။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၌နေထိုင်သော မသန်းသန်းဦး ဗုဒ္ဓဘာသာသည် ခင်ပွန်းဖြစ်သူ အောင်ဆန်းလင်း (ခ) အသော်ရာရမန်း အစ္စလာမ်နှင့်အိမ်ထောင်ကျခဲ့ပြီး လေးနှစ်တာကာလအတွင်း သားတစ်ဦးရရှိခဲ့ပါသည်။ မသန်းသန်းဦးသည် အိမ်ထောင်ကျစဉ် အသက်(၁၇)နှစ်သာရှိခဲ့ပြီး အစ္စလာမ်ဘာသာသို့ သွတ်သွင်းခြင်းကို မြန်အောင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ကျော်မိုးထွန်း ဆေးရောင်းဝယ်ရေး နေအိမ်တွင်ပြုလုပ်ခံခဲ့ရပါသည်။ မသန်းသန်းဦးသည် အသက်(၁၇)နှစ်သာရှိသေးပြီး ဘာသာရေးအခြေခံမရှိ၍ နေကာလ်ဖတ် ဘာသာပြောင်းခြင်းကို တစ်ဖက်က စီစဉ်သည့်အတိုင်းပဲ ခေါင်းငုံ့ခံခဲ့မိကြောင်း ပြောပါသည်။
(10-3-2014)ရက်နေ့၊ နေ့လည်ပိုင်းတွင် ဘန့်ဘွေးကုန်းကျေးရွာ ကတ္တရာလမ်းပေါ်၌ ခင်ပွန်းဖြစ်သူအောင်ဆန်းလင်းမှ လက်နှစ်ဖက်ကိုခြေထောက်ဖြင့်နင်း၍ ဖက်ဆစ်ဂျပန် ကင်ပေတိုင်တို့ပါးရိုက်သကဲ့သို့ ရိုက်နှက်ခဲ့မှုကြောင့် ပါး၌ညိုမဲစွဲကာ နှစ်ရက်တိတိ ထမင်းမစားနိုင်ဘဲ နေခဲ့ရပါသည်။ အောင်ဆန်းလင်းသည် မိန်းမနှင့်ကလေးငယ်ကို ဆိုင်ကယ်ပေါ်မှ
ပြုတ်ကျသည့်အထိ အရှိန်ပြင်းစွာမောင်းနှင်ပြီး ၎င်းနေရာ၌ပင်ပြင်းထန်စွာရိုက်နှက်ခဲ့သည်ဟု မသန်းသန်းဦးမှ လျှောက်ထားလာပါသည်။ ထိုကဲ့သို့ရိုက်နှက်နှိပ်စက်သည့် အကြိမ်ပေါင်းမှာ မရေတွက်နိုင်အောင်ရှိခဲ့၍ ဆက်လက်ပေါင်းသင်းရန် ဆန္ဒမရှိတော့ပါဟု ရင်ဖွင့်ပြောပြပါသည်။ အောင်ဆန်းလင်းသည် နောက်ထပ်မိန်းမယူဖို့စီစဉ်နေပြီး မယားကြီးဖြစ်တဲ့ မသန်းသန်းဦးနဲ့လည်းမကွဲနိုင်ဖြစ်ကာ နောက်မိန်းမထပ်ယူခဲ့လျှင် ပြဿနာမရှာရဲအောင် ဦးချိုးချင်တဲ့သဘောနဲ့ အကြိမ်ကြိမ်ရိုက်နှက် နှိပ်စက်ကြောင်း ပြောပါသည်။ ကွာရှင်းနိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံ အမှုတင်ပြထားပြီး အုပ်ချုပ်ရေးမှူးက မဆုံးဖြတ်နိုင်သေးတဲ့အခြေအနေမှာ မြန်အောင် မ.ဘ.သ ဆရာတော်များထံ တင်ပြအကူအညီတောင်းခံလာကြောင်း သိရသည်။
ထို့ကြောင့် (19-3-2014) နေ့လည်ပိုင်းတွင် မြန်အောင်မြို့နယ်
မဘသ ဆရာတော်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးဌေးဝင်းနှင့် ရွာသူရွာသားများရှေ့၌ ကွာရှင်းစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ မြန်အောင် မဘသအဖွဲ့မှ ငါးသောင်းကျပ်ထောက်ပံ့ပေးခဲ့ပါသည်။ နို့မပြတ်သေးသောကလေးငယ်ကို ခင်ပွန်းဖြစ်ခဲ့သူ အောင်ဆန်းလင်းမှ အဓမ္မခေါ်ဆောင်ထားပါသည်။
အောင်ဆန်းလင်း (ခ)အသော်ရာမန်းသည် ကလေးမရလျှင် ကွာရှင်းမပေးနိုင်ဟုဆိုလာရာ ကလေးပိုင်ဆိုင်ခွင့်ကို တရားရုံးသို့ဦးတိုက်လျှောက်ထားပြီး အဆုံးအဖြတ်ယူမှ ရနိုင်မှာဖြစ်၍ မသန်းသန်းဦးအနေဖြင့် ကလေးပြန်ရရေးအတွက် တရားရုံးကိုဦးတိုက်လျှောက်ထားပြီး အဆုံးအဖြတ်ယူသွားမှာဖြစ်ကြောင်း သိရသည်။
မသန်းသန်းဦးသည် ငယ်စဉ်ကပင် မိဘနှစ်ပါး ဆုံးပါးသွား၍ ဆွေမျိုးများဝိုင်းဝန်းစောင့်ရှောက်ထားသည့် မိဘမဲ့တစ်ယောက်ဖြစ်ပြီး ယခုအခါတွင် အင်္ဂပူမြို့နယ်၊ သပြေပင်ကမ်းပါးကျေးရွာရှိ ဦးလေးဖြစ်သူ၏နေအိမ်တွင် မှီခိုနေထိုင်လျက်ရှိကြောင်း သိရသည်။

စုံစမ်းရန်= ဦးဝိမလ

ByးWira Thu

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ