Related Posts Plugin for WordPress, Blogger...

အခု မျိုးစောင့်ဥပဒေကိစ္စနဲ့ ပတ်သက်လို့ ကျနော်က (၂)ပိုင်းခွဲပြီး မြင်ပါတယ်။

(၁) မျိုးစောင့်သမားတွေ ထောက်ပြနေတဲ့ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးတွေ မနစ်နာသင့်ဘဲ နစ်နာနေမှုများ တကယ် ရှိမရှိ

(၂) လက်ရှိ ပြဌာန်းမယ်ဆိုတဲ့ ဥပဒေအသစ်က ထိရောက်မှု၊ မျှတမှု ရှိမရှိတို့ ဖြစ်ပါတယ်။

နံပါတ် (၂)ကတော့ အခု ဥပဒေမူကြမ်းလဲ မထွက်သေး၊ ဘာတွေ ပါမယ်မှန်းလဲ မသိရတော့ မဝေဖန်လိုသေးဘူး။ နံပါတ် (၁) ကိုသာ သုံးသတ်သွားမှာ ဖြစ်ပါတယ်။

အင်္ဂလိပ်တွေ လာအုပ်ချုပ်နေတဲ့ အချိန်မှာ လက်အောက်ခံတွေရဲ့ အကြိုက်ကို သိတတ်တဲ့ အင်္ဂလိပ်တွေက တပြေးညီ ဥပဒေ သတ်မှတ်ရမယ့်အစား ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာအလိုက် ရိုးရာထုံးတမ်းဥပဒေတွေကို ကျင့်သုံးခွင့် တရားဝင် ပေးခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက်လဲ ဒါဟာ အပြောင်းအလဲ မရှိခဲ့ပါ။ အခုအချိန်အထိ မြန်မာပြည်မှာ လူမျိုးမရွေး၊ ဘာသာမရွေး တပြေးညီ သက်ရောက်တဲ့ အိမ်ထောင်ရေး ဥပဒေမျိုး မရှိသေးပါဘူး။ ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ စသည်ဖြင့် ကိုယ့်ဘာသာ ထုံးတမ်းအလိုက် ဓလေ့ထုံးတမ်း ဥပဒေတွေကို တရားရုံးက လက်ခံအသိအမှတ် ပြုထားပါတယ်။ (မွတ်စလင် Sharia Law တော့ ပါပုံမရပါ)

အဲသလို ထုံးတမ်းဥပဒေတွေကို နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း ဥပဒေဟာ အမျိုးသမီးတွေ အပေါ် အညှာတာဆုံး၊ အခွင့်အရေး အပေးဆုံးဖြစ်ပါတယ်။ အဲဒါကြောင့် အခြား ဘာသာဝင်တွေနဲ့ ယူမိတဲ့ ဗုဒ္ဓဘာသာဝင် မိန်းကလေးတွေဟာ အဲဒီအခွင့်အရေးတွေကို ဆုံးရှုံးကုန်ပါတယ်။ အဲဒီ ပြသနာကို ကုစားဖို့ ကြိုးစားတဲ့အနေနဲ့ ပေါ်လာတဲ့ (၅၄) ထိမ်းမြားမှု ဥပဒေကလဲ ချို့ယွင်းချက်တွေ ရှိနေလို့ မထိရောက်တဲ့အပြင် backfire ဖြစ်ပြီး အတင်းအဓမ္မ ဘာသာပြောင်းခိုင်းတဲ့ ကိစ္စတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ဒီနေရာမှာ အကျယ်ပြောဖို့ လိုပါလိမ့်မယ်။

လင်မယား အရာမြောက်ခြင်း

လူ့သဘာဝ ချစ်တာကြိုက်တာ၊ အတူနေတာ၊ ကိုယ်ဝန်ဆောင် ကလေးမွေးတာဆိုတဲ့ အလုပ်ဟာ လက်ထပ်ထိမ်းမြားမှု မရှိဘဲလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီကိစ္စတွေကနေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အများဆုံးခံရတာက မိန်းမနဲ့သူက မွေးလာတဲ့ကလေးတွေပါ။ ဒါကြောင့် ယောကျာ်းတွေ စားပြီးနားမလည် လုပ်လို့မရအောင် လက်ထပ်ထိမ်းမြားမှု ဆိုတဲ့ ဓလေ့ထုံးစံကို လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတာပါ။ 

အဲဒီမှာ ဗုဒ္ဓဘာသာကတော့ လက်ထပ်ထိမ်းမြားမှုကို ဘာသာရေးနဲ့ မဆိုင်တဲ့ လောကီကိစ္စ သက်သက်လို့ မြင်ပါတယ်။ ဒါကြောင့် ရုံးတက် လက်မှတ်မထိုးထားရင်တောင် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း ဥပဒေအရ ”တောင် (၇)အိမ်၊ မြောက် (၇)အိမ်က အတူနေ လင်မယားလို့ အသိအမှတ်ပြုရင်” လင်မယား အရာမြောက်ပါတယ်။  အဲဒီတော့ အခုခေတ် လက်မထပ်ဘဲ အတူနေတဲ့ living together တွေလဲ ပတ်ဝန်းကျင်က သိရင် လင်မယား အရာမြောက်ပြီးသားပါပဲ။ ယောကျာ်းအနေနဲ့ တာဝန်မယူချင်လို့ မရပါ။ 

အခြားဘာသာတွေမှာကျတော့ လက်ထပ်ထိမ်းမြားတယ်ဆိုတာ ဘာသာရေးရဲ့ အစိတ်အပိုင်းပါ။ ဘုရားကျောင်း တက်ပြီး တရားဝင် လက်ထပ်မှ လင်မယား အရာမြောက်ပါတယ်။ ဘာသာမတူသူနဲ့ လက်ထပ်တာမျိုးကို အချို့ဘာသာတွေက အသိအမှတ် မပြုပါ။ 

အဲဒီမှာ ဘာသာခြားနဲ့ ယူမိတဲ့ ဗုဒ္ဓဘာသာ အမျိုးသမီးတွေ နစ်နာကုန်ပါတယ်။ တရားဝင် မယားအဖြစ် အသိအမှတ်ပြု မခံရရင် ကွာရှင်းတဲ့ ကိစ္စ၊ သားသမီး ထိန်းသိမ်းခွင့်ကိစ္စ၊ အမွေကိစ္စတွေမှာ ရသင့်တဲ့ အခွင့်အရေးတွေ အကုန် နစ်နာပါတယ်။

အဲဒါကြောင့် (၁၉၅၄)မှာ ဗုဒ္ဓဘာသာ အမျိုးသမီးများကို စောင့်ရှောက်ဖို့ ဥပဒေသစ် တရပ်ပေါ်ပေါက်လာခဲ့ ပါတယ်။ သူ့သဘောကတော့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေဟာ ဘာသာခြားနဲ့ ယူမယ်ဆိုရင် သီးသန့် မှတ်ပုံတင်ရပါတယ်။ အဲဒါဆိုရင် နောင်အခါမှာ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်း ဥပဒေအရ ပေးထားတဲ့ အခွင့်အရေးတွေကို အကုန် ရပါတယ်။

အဲဒီမှာ ပြသနာက ဥပဒေ ဗဟုသုတ မရှိတဲ့ အမျိုးသမီးတွေက မှတ်ပုံတင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် နောင် ဥပဒေကြောင်းအရ ပြသနာ ဖြစ်လာချိန်မှာ အခွင့်အရေး ဆုံးရှုံးကုန်ကြတယ်။ 

ဒါတင်မကသေးဘူး။ အတင်းအဓမ္မ ဘာသာပြောင်းခိုင်းတဲ့ ကိစ္စတွေဟာလဲ ဒီဥပဒေကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေပါ။ ဒါလဲ အကျယ်ရှင်းပြဖို့ လိုပါလိမ့်မယ်။

ဘာလို့ အတင်းအဓမ္မ ဘာသာပြောင်းခိုင်းသလဲ

အခုလို ဘာသာ အတင်းပြောင်းခိုင်းတဲ့ ကိစ္စတွေမှာ ဘာသာရေး ယုံကြည်မှု၊ ဘာသာရေး စိတ်ဓါတ် ဆိုတာတွေကို  မစဉ်းစားခင် ပထမဆုံး မေးသင့်တာက  "ဘာသာခြားနဲ့ လက်ထပ်သူ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအတွက် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေကသာ အကျိုးသက်ရောက် မယ်ဆိုရင် ဘာသာခြားအမျိုးသားနဲ့ သူ့မိသားစုမှာ ဘယ်လို အခွင့်အရေးမျိုးတွေ ဆုံးရှုံးစေသလဲ" ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ 

အထက်မှာ ပြောခဲ့တဲ့အတိုင်း မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေဟာ အမျိုးသမီးတွေကို အညှာတာဆုံး၊ အခွင့်အရေး အပေးဆုံး ဖြစ်တဲ့အတွက် တဖက်မှာ သောင်ထွန်းရင် တဖက်မှာ ကမ်းပြိုတတ်တဲ့ လောက သဘာဝ အတိုင်း ဘာသာခြားအမျိုးသားအတွက် သူကိုးကွယ်တဲ့ ဘာသာဓလေ့က ပေးထားတဲ့ အခွင့်အရေး တွေကို သွားပြီး ကန့်သတ်လိုက်ရာ ရောက်သလား ဆိုတာ အရင်ဆုံး စဉ်းစားရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါက ကိုးကွယ်တဲ့ ဘာသာအလိုက် ဆိုင်ရာ ဥပဒေကျမ်းတွေ နှိုင်းယှဉ် သုတေသန လုပ်ရမယ့် ကိစ္စပါ။ 

ကျနော် မြင်သလောက် နမူနာပြောရရင်တော့ သေတမ်းစာ (will)ရဲ့ တရားဝင်မှု ကိစ္စ ဖြစ်ပါတယ်။

ရှေ့နေနဲ့ တိုင်ပင်ပြီး “ငါသေရင် ငါ့ပစ္စည်းဥစ္စာတွေကို ဘယ်သူ့ ဘယ်လောက်ပေးလိုက်ပါ” လို့ ရေးရတဲ့ သေတမ်းစာ (will) ဟာ အခြားဘာသာဝင်တွေအတွက် တရားဝင်ပါတယ်။ အမျိုးသားဆိုရင် အဲဒီ သေတမ်းစာကို အသုံးချပြီး လင်မယား အရင်းခေါက်ခေါက်ပေမယ့် တပြားမှ အမွေမပေးဘဲ ထားခဲ့လို့ ရပါတယ်၊ ဘာမှမဆိုင်တဲ့ နေရာကို လှူချင်လှူပစ်လို့ ရပါတယ်။ အသက်ကြီးရင့်ပြီး ချမ်းသာကြွယ်ဝသူတွေ အတွက် အိမ်ထောင်ဖက်နဲ့ သားသမီး မြေးမြစ် အသိုင်းအဝိုင်းအပေါ် သြဇာသက်ရောက်ဖို့ အင်မတန် တန်ခိုးထက်တဲ့ လက်နက် တမျိုးပါ။  

မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ကျတော့ သေတမ်းစာဟာ တရားမဝင်ပါဘူး။ မသေခင် ပေးချင်သူကို ကြိုက်သလို ပေးလို့ရပေမယ့် သေပြီးသူရဲ့ ဆန္ဒကို အသိအမှတ် မပြုပါဘူး။ ယောက်ျားသေရင် ဇနီးက ဘယ်လောက်ရလို့ သားသမီးမြေးမြစ်က ဘယ်လောက်ရရမယ်ဆိုတာ ဥပဒေနဲ့ အတိအကျ သတ်မှတ်ထား ပါတယ်။ 

အဲဒီတော့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတယောက်ကို လက်ထပ်ထားတဲ့ ဘာသာခြား အမျိုးသား တဦးရဲ့ နေရာက ဝင်စဉ်းစားကြည့်ပါ။ သူ့အနေနဲ့ သေတမ်းစာ တရားဝင် ရေးလို့ရပေမယ့် သူသေပြီးတဲ့နောက် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေက သက်ရောက်လာမယ်ဆိုရင် အဲဒီ သေတမ်းစာက အလကား ဖြစ်မသွားပေဘူးလား။ အဲဒီလို သူရထားတဲ့ အခွင့်အရေးကို အလကား မဖြစ်စေချင်ရင် သူ့အမျိုးသမီးကို သူ့ဘာသာ ပြောင်းခိုင်းမှ ဖြစ်တော့မယ့် အနေအထားပါ။ 

ဒီသေတမ်းစာကိစ္စက ကျနော်မြင်သလောက် နမူနာ ပြောတာပါ။ တကယ် သုတေသန လုပ်ရင် အများကြီး ထွက်လာနိုင်သေးတယ်။ အဲဒါကြောင့် အတင်းအဓမ္မ ဘာသာပြောင်းခိုင်းတဲ့ ကိစ္စတွေ ပေါ်လာရတာ (၅၄) ဥပဒေမှာ ရာနှုန်းပြည့်မဟုတ်တောင် အများကြီး တာဝန်ရှိတယ်လို့ မြင်ပါတယ်။ နောက်ထပ် သုတေသန လုပ်ဖို့ လိုသေးတယ် ဆိုပေမယ့် အတင်းအဓမ္မ ဘာသာပြောင်းခိုင်းတဲ့ ကိစ္စတွေဟာ ဘာသာရေးစိတ်ဓါတ် ဆိုတာထက် အဲဒီလို အခွင့်အရေးပြဿ နာတွေ များတယ် ဆိုတာတော့ အများကြီး ဖြစ်နိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။

မျိုးစောင့်ဥပဒေ
–----------------- 

လက်ရှိ အခြေအနေမှာတော့ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦး ဘာသာခြားနဲ့ အိမ်ထောင်ပြုမယ် ဆိုရင် ဖြစ်လာနိုင်တဲ့ အခြေအနေ (scenario) (၃) မျိုး ရှိတယ်။

(၁) အမျိုးသားက ဗုဒ္ဓဘာသာထဲ ကူးလာတာ

(၂) အမျိုးသမီးက ဘာသာခြားထဲ ကူးသွားတာ

(၃) ဘာသာမတူတဲ့အတွက် အမျိုးသားဖက်က ရစရာ အမွေပစ္စည်းစတဲ့ အခွင့်အရေး အကုန် ဆုံးရှုံးတာ၊ ရောင်နောက်ဆံထုံးပါနေရတဲ့ မိန်းကလေးတွေဆိုရင် အမျိုးသား အသိုင်းအ၀ိုင်းဖက်က ဘာသာပြောင်းဖို့ လူမှုရေးဖိအားတွေခံရတာ။

များသောအားဖြင့် လက်တွေ့ ဖြစ်နေတာက ကိုယ်ကြိုက်ရာကိုးကွယ်ကြေးဆိုပြီး ယူခဲ့ကြပြီးမှ ရေရှည်မှာ အမျိုးသမီးတွေက(၃) ကို ကြောက်လို့၊  (၃) ရဲ့ ဒဏ်မခံနိုင်လို့ (၂) ကို မရွေးချင်ဘဲ ရွေးသွားကြတာကိုး။ အဲဒီလို မဖြစ်ရအောင် လက်ထပ်ချိန် ကတည်းက (၁) နဲ့ (၂) ကို ကြိုက်ရာရွေးခိုင်းတာ ဦးဝီရသူတို့ ဆွဲထားတဲ့ မျိုးစောင့်ဥပဒေရဲ့ သဘောတရားပါပဲ။ (အခု ဦးသိန်းညွန့်တင်မယ့် ဥပဒေကိုတော့ မသိသေးပါ)

အဲဒီတော့ ခင်ဗျားတို့ ဒီဥပဒေကို မကြိုက်ဘူးဆိုရင် ရပါတယ်။ ဒါပေမယ့် ဒီလို ပြသနာတွေ ရှိနေတာ အမှန်ဖြစ်လို့ တနည်းနည်းနဲ့ ဖြေရှင်းဖို့ လိုတယ်ဆိုတာကိုတော့ လက်ခံသင့်တယ်၊ ဝိုင်းဝန်းစဉ်းစားသင့်တယ် လို့ ပြောပါရစေ။

အရှင်ပန်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ