Related Posts Plugin for WordPress, Blogger...

စစ်တွေနှင့် မောင်တောကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်ရန် ရေးသားမှု မြန်မာအစိုးရ ပြင်းပြင်းထန်ထန် ကန့်ကွက်

ရန်ကုန်၊ မတ် ၂၁

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများကို လူထုဆန္ဒ ခံယူ၍ ခွဲထုတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲ ထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် Dahaka Tribune သတင်းဌာန၏ ရေးသား ဖော်ပြချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှုလုပ်ရန် လိုပြီလား” အမည်အရ အဆိုပါ ဆောင်းပါးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်စေခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေခြင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး မတည်ငြိမ်မှု ဖြစ်အောင် သွေးထိုး လှုံ့ဆော်ရာ ရောက်စေခြင်းတို့ကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ခေါ်ယူ၍ အဆိုပါ ရေးသားချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောဆိုမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ မြန်မာ သံအမတ်ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို ယင်းကိစ္စနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ပြောဆိုမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများတွင် နေထိုင်ကြသည့် ဘင်္ဂါလီ (မူရင်းအသုံး- ရိုဟင်ဂျာ) များသည် နှိပ်စက်ခံရမှု၊ ခွဲခြား ဆက်ဆံခံရမှု၊ နိုင်ငံသားဖြစ်ခွင့်၊ မဲပေးခွင့် ငြင်းပယ်ခံရမှု၊ ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိမှု စသည့် ပြဿနာများမှာ ဖြေရှင်းရန် မလွယ်ကူကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ လူထုဆန္ဒ ခံယူကာ စစ်တွေ၊ မောင်တော ဒေသများကို ရခိုင်ပြည်နယ်က ခွဲထုတ်၍ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ် စစ်တကောင်း ဒေသနှင့် ပူးပေါင်းရန် ဖြစ်ကြောင်း Dahaka Tribune သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် လက်ရှိ ဖြစ်ပွားနေသည့် ကရိုင်းမီးယား ဒေသကို လူထုဆန္ဒ ခံယူကာ ရုရှား နယ်နိမိတ်ထဲ ထည့်သွင်းသည့် ကိစ္စ အပါအဝင် နိုင်ငံနယ်နိမိတ် ခွဲထုတ်မှု အချို့ကို ဥပမာများ ပေးကာ စစ်တွေ၊ မောင်တော ဒေသများကို ရခိုင်ပြည်က ခွဲထုတ်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းရေးသား ဖော်ပြထားသည်။

“ဘင်္ဂလားဒေ့ရှ် အနေနဲ့လည်း နိုင်ငံတကာ နယ်စပ်တွေမှာ ရှိတဲ့ အတိဒုက္ခ ရောက်နေတဲ့ သွေးသား တော်စပ်တဲ့ သူတွေအတွက်ကို ထူးထူးခြားခြား ထပ်ပြီး စဉ်းစားနေဖို့ မလိုပါဘူး။ သူတို့က ကရိုင်းမီးယားလိုပဲ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြားက လွတ်လပ်တဲ့ နိုင်ငံ ဖြစ်သင့်ပြီ။ ဒီအခွင့်အရေး ဆိုတာမျိုးကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက အတင်းအကျပ် လုပ်ယူထားတာ မဟုတ်ဘူး။ နဂိုရှိပြီးသား သဘောမျိုးပါပဲ” ဟု ယင်းဆောင်းပါးတွင် ပါရှိသည်။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်၍ မရကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ဝင်ရောက် စွက်ဖက်ရာ ရောက်သည့် အဆိုပါ ရေးသား ဖော်ပြမှုကို ကန့်ကွက် ရှုတ်ချကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

“ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှု လုပ်ရန် လိုပြီလား” အမည်ရ အဆိုပါ ဆောင်းပါးကို Zeeshan Khan ဆိုသူက ရေးသားခဲ့ပြီး ယင်းရေးသားချက်ကို မတ်လ ၂၀ ရက်နေ့က Dahaka Tribune တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းသို့သော ရေးသားမှုမျိုးမှာ စာနယ်ဇင်း ကျင့်ဝတ်နှင့် မညီကြောင်း၊ လူမျိုးစု နှစ်စုအကြား ပဋိပက္ခ ဖြစ်စေသည့် ရေးသားမှုမျိုး ဖြစ်ကြောင်း ပြည်တွင်း သတင်းစာဆရာ အချို့က ထောက်ပြကြသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ