Related Posts Plugin for WordPress, Blogger...

ဥရောပတွင် အစွန်းရောက်ဝါဒ တိုက်ဖျက်ရန်နှင့် ဘမ္ဘာတစ်ဝန်း နိုင်ငံများတွင် ဒုက္ခပေးနေသော ဂျီဟတ်ဝါဒ တိုက်ဖျက်ရန် နိုင်ငံတွင်းရှိ အစွန်းရောက် အီမမ် (မူဆလင် ဘာသာရေးခေါင်းဆောင်) အများအပြားကို နှင်ထုတ်သွားမည်ဖြစ်ကြောင်း ပြင်သစ်က ပြောသည်။
လာမည့်ရက်များအတွင်း အဆိုပါအီမမ်များအား ပြည်တွင်းမှ နှင်ထုတ်သွားမည်ဟု ပြင်သစ် ပြည်ထဲရေးဝန်ကြီးက သတိပေးပြောကြားသည်။
အမျိုးသမီးများကို မတရားသဖြင့် ရှုတ်ချဝေဖန် အပုပ်ချပြီး မိမိတို့၏ တန်ဖိုးထားမှုများနှင့် ဆန့်ကျင်သော သဘောထားအမြင်များ ကိုင်ဆွဲသည့် ပြင်ပတရားဟောဆရာများဖြစ်သော အဆိုပါ မူဆလင်ဘာသာရေးခေါင်းဆောင်များ အားလုံးကို နှင်ထုတ်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်ကို အေအက်ဖ်ပီက ကိုးကားဖော်ပြသည်။
အနောက်နိုင်ငံတွေရဲ့ ဒီလိုကောင်းမွန်တဲ့ပြုမူဆောင်ရွ
က်ပုံတွေကို နိုင်ငံအတွက် အကျိုးရှိအောင် မြန်မာနိုင်ငံမှာလည်း ကျင့်သုံးသင့်ပါတယ်။ ပြင်သစ်နိုင်ငံက လက်တွေ့ဆောင်ရွက်နေတာကို မြန်မာနိုင်ငံမှာလည်း လုပ်ဆောင်မယ်ဆိုပါက အနောက်နိုင်ငံက စံချိန်စံညွှန်းတွေကို ဘုရားဟောတရားထက်ပိုပြီး တန်ဖိုးထားသူများအနေနဲ့လည်း ကန့်ကွက်လို့မရတော့ပါဘူး။ အနောက်နိုင်ငံတွေဟာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မည်မျှပင်တန်ဖိုးထားစေကာမူ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာရင်လုပ်သင့်တာကို ပြတ်ပြတ်သားသားလုပ်တယ်ဆိုတဲ့သဘောပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ အမျိုးသားလုံခြုံရေးကို ထည့်မစဉ်းစားဘဲ ဗရမ်းဗတာလုပ်ချင်တာလုပ်ဖို့ အသုံးချတဲ့အရာအဖြစ် လက်ခံမခံသင့်ပါဘူး။ မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်မဲ့ အန္တရာယ်ပြုတဲ့ကိစ္စမှန်သမျှကို လူ့အခွင့်အရေးနဲ့ ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ ပြတ်ပြတ်သားသားအရေးယူနှိမ်နင်းရမှာဖြစ်ပါတယ်။ ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ https://www.facebook.com/bakata969 ===================================== Wira Thu “အစွန်းရောက် မွတ်ဆလင် ဘာသာရေးခေါင်းဆောင်များအား ပြင်သစ် နှင်ထုတ်မည်” *********************************************************** ဥရောပတွင် အစွန်းရောက်ဝါဒ တိုက်ဖျက်ရန်နှင့် ဘမ္ဘာတစ်ဝန်း နိုင်ငံများတွင် ဒုက္ခပေးနေသော ဂျီဟတ်ဝါဒ တိုက်ဖျက်ရန် နိုင်ငံတွင်းရှိ အစွန်းရောက် အီမမ် (မူဆလင် ဘာသာရေးခေါင်းဆောင်) အများအပြားကို နှင်ထုတ်သွားမည်ဖြစ်ကြောင်း ပြင်သစ်က ပြောသည်။ လာမည့်ရက်များအတွင်း အဆိုပါအီမမ်များအား ပြည်တွင်းမှ နှင်ထုတ်သွားမည်ဟု ပြင်သစ် ပြည်ထဲရေးဝန်ကြီးက သတိပေးပြောကြားသည်။ အမျိုးသမီးများကို မတရားသဖြင့် ရှုတ်ချဝေဖန် အပုပ်ချပြီး မိမိတို့၏ တန်ဖိုးထားမှုများနှင့် ဆန့်ကျင်သော သဘောထားအမြင်များ ကိုင်ဆွဲသည့် ပြင်ပတရားဟောဆရာများဖြစ်သော အဆိုပါ မူဆလင်ဘာသာရေးခေါင်းဆောင်များ အားလုံးကို နှင်ထုတ်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်ကို အေအက်ဖ်ပီက ကိုးကားဖော်ပြသည်။ ဗရပ်ဆဲတွင် ပြုလုပ်သည့် နိုင်ငံတကာ ကွန်ဖရင့်တစ်ရပ်၌ စကားပြောရာတွင် ပြစ်သစ်နိုင်ငံခြားရေးဝန်ကြီးက ဘာသာရေးခေါင်းဆောင်များကို ပြည်တွင်းမှ နှင်ထုတ်သည့် ယခုလုပ်ဆောင်ချက်မှာ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသော Salafist အုပ်စုဖွဲ့မှုများကို အကျိုးသက်ရောက်မှု ရှိစေလိမ့်မည် ဖြစ်သည်ဟု ပြောကြားသည်။ Salafist အသင်းအဖွဲ့များ၏ ရည်ရွယ်ချက်က ယဉ်ကျေးမှုအဖွဲ့အစည်းများကို လက်ဝါးကြီးအုပ်ရန်ဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။ ဘယ်ဂျီယမ်တွင်ပြုလုပ်သည့် နိုင်ငံတကာကွန်ဖရင့်၏ အဓိကအကြောင်းအရာဖြစ်သော အစွန်းရောက် အစ္စလာမ် (Radical Islam) သည် ပြင်သစ်အတွက် အပူတပြင်း အရေးတကြီးကိစ္စတစ်ရပ်ဖြစ်နေသည်။ ပြင်သစ် သမ္မတနိုင်ငံနှင့်ပတ်သက်၍ မုန်းတီးရေးစကား ဟောပြောမှုနှင့် ပြင်သစ်၏ တန်ဖိုးထားမှုများကို ဆန့်ကျင်ဟောပြောမှု၊ အနောက်ဆန့်ကျင်ရေးခံယူချက်သဘောထားများ ဟောပြောမှုတို့ကြောင့် မွတ်ဆလင် အီမမ်အမြောက်အများကို ပြင်သစ်က မကြာသေးမီနှစ်များအတွင်း နိုင်ငံမှ နှင်ထုတ်ခဲ့သည်။ ဆီးမိုက်ဆန့်ကျင်ရေးသဘောထားအမြင်များ ဟောပြောဖြန့်ဝေမှု၊ အမျိုးသမီးများအပေါ် မတရားသဖြင့် ရှုတ်ချဝေဖန်မှုနှင့် ပြင်သစ်မြို့တော်ပါရီရှိ Omar Mosque ဗလီ၏ တရားဟောစင်မြင့်ထက်မှနေ၍ အကြမ်းဖက်ဂျီဟတ် (မွတ်ဆလင်ဘာသာရေးစစ်ပွဲ) ဆင်းနွှဲရန် တိုက်တွန်းမှုတို့အတွက် တူနီးရှား အီမမ်တစ်ဦးကို ပါရီက အောက်တိုဘာ ၂၀၁၂ တွင် နိုင်ငံမှ နှင်ထုတ်ခဲ့သည်။ ပြစ်သစ်သည် ဧပြီ ၂၀၁၂ တွင်လည်း အစ္စလာမ်စစ်သွေးကြွနှင့် မွတ်ဆလင်တရားဟောဆရာ (၅) ဦးကို နိုင်ငံမှ နှင်ထုတ်ခဲ့သည်။ မာလီဇာတိ မွတ်ဆလင်တရားဟော ဆရာတစ်ဦးမှာ ဆီးမိုက်ဆန့်ကျင်ရေး အားပေးအားမြှောက်လုပ်မှု၊ မျက်နှာအပြည့်မျက်နှာလွှာဇာဖုံးအုပ်ခြင်းကို ထောက်ခံအားပေးမှုနှင့် အနောက်နှုန်းစံများအား ငြင်းပယ်ခြင်းတို့အတွက် ပြစ်သစ်မှနှင်ထုတ်ခံရသည်။ ZNW။ 11.8.2013 ရက်နေ့ထုတ် The Ladies သတင်းစာ စာမျက်နှာ (၃၇) မှ ကူးယူဖော်ပြသည်။
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ