Related Posts Plugin for WordPress, Blogger...

From : .. eleven



ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် နာမည်ကြီး ထိပ်တန်း ကုမ္ပဏီကြီးများ အခွန်ရှောင်တိမ်းမှုကို ပြန်လည် စစ်ဆေးနေပြီး အခွန်ရှောင်တိမ်းသည့် ကုမ္ပဏီများအား ဥပဒေအရ အရေးယူမည်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အောက်တိုဘာ ၄ ရက်တွင် သတင်းထောက်များသို့ ပြောကြားသည်။

အောက်တိုဘာ ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်များ မေးမြန်းသည့် ဆောက်လုပ်ရေး ကုမ္ပဏီများ အပါအ၀င် နာမည်ကြီး ကုမ္ပဏီများ၏ အခွန်ရှောင်မှုများကို မည်သို့ ဆောင်ရွက်မည်ကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြန်လည် ဖြေကြားရာတွင်'' အခွန်တွေနဲ့ ပတ်သက်ပြီး ၀င်ငွေခွန်တို့၊ ကုန်သွယ်လုပ်ငန်းခွန်တို့ အားလုံးက ခုနက ပြောတဲ့အတိုင်းပဲ လစ်ဟာနေတဲ့ ဟာတွေရှိတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ဆောင်သင့်၊ ဆောင်ထိုက်တဲ့ဟာတွေ မဆောင်ရွက်ရင် အခွန်ကြပ်မတ်ရေး အဖွဲ့က တစ်ခုချင်းပြန်လိုက် ဆွေးနွေးနေတာ ဖြစ်ပါတယ်။ လုပ်ငန်းတွေ အားလုံးကို ပြန်လိုက် ဆွေးနွေးနေတာ ဖြစ်ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း အခွန်ပြန်ဆောင်လာဖို့ လမ်းကြောင်းကို ပြန်တင်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခွန်ရငွေတွေ တက်လာတာ ဖြစ်ပါတယ်'' ဟု ပြန်လည် ဖြေကြားသည်။

ဆက်လက်၍ ဦးဝင်းရှိန်က ''ကျွန်တော် ခုနက ပြောပြီးပါပြီ။ အခွန်စိစစ် ထိန်းကွပ်ရေး အဖွဲ့က တစ်ဖွဲ့ချင်း လိုက်ဆွေးနွေးနေတာ ရှိတယ်။ ဘယ်အဖွဲ့တွေကတော့ ရသင့်ရထိုက် တာတွေကို အရှုံးပြနေသလား။ အဲဒါနဲ့ ပတ်သက်ပြီး အခွန်ဆိုင်ရာ စိစစ်ကြပ်မတ်ရေးအဖွဲ့ သူရဦးသောင်းလွင် ဦးစီးတဲ့ အဖွဲ့က တစ်ခုချင်း လိုက်စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဒါတွေ တွေ့လာမှာပါ'' ဟု ပြောကြားသည်။

ထို့နောက် သတင်းထောက်များက အခွန်တိမ်းရှောင်သည့် ကုမ္ပဏီများအား ဥပဒေအရ အရေးယူသွားရန် ရှိမရှိ မေးမြန်းခဲ့ရာ ဦးဝင်းရှိန်က ဆက်လက်၍ ''ဥပဒေအရ လုပ်ရမှာပေါ့။ အခွန်ဥပဒေမှာ ပါတဲ့ဟာ၊ ၀င်ငွေခွန် ဥပဒေမှာ ပါတဲ့ဟာ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေမှာ ပါတဲ့ဟာ နောက်တစ်ခါ လုပ်ထုံးလုပ်နည်းတွေ အဲဒီအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ဆောင်ရွက်သွားမယ်'' ဟု ဆိုသည်။

ဆက်လက်၍ ဦးဝင်းရှိန်က ''စစ်ဆေးတွေ့ရှိချက်ဆိုတာ အားလုံးကလည်း ခုနက ကျွန်တော်ပြောသလိုပဲ အခွန်မဆောင်တဲ့ သူတွေ အခွန်ဆောင်လာဖို့နဲ့ လွတ်နေတာတွေ ရှိရင်လည်း ဘာတွေလွတ်နေလဲ ဆိုတာ ပြန်လည်စိစစ်နေတဲ့ အပိုင်းပေါ့။ အရေးယူတာက နောက်တစ်ပိုင်းပေါ့။ လက်ရှိ အနေအထားမှာ တကယ်တမ်း အခွန်လွတ်နေတာ ဟုတ်သလား။ ဆောင်သင့် သူတွေရော ဆောင်ရဲ့လား။ ဆောင်ကို ဆောင်ရမယ်ဆိုတဲ့ လမ်းကြောင်းပေါ် တင်နေတာပါ'' ဟု ဆိုသည်။

အခွန်ရှောင်တိမ်း သူများအား အရေးယူမည်ဆိုလျှင် လက်ရှိတည်ဆဲ အခွန်ဥပဒေ အရသော် လည်းကောင်း၊ ကုမ္ပဏီကြီး နှစ်ခုအား အရေးယူခဲ့ဖူးသည့် ဖြစ်စဉ်အရ သော်လည်းကောင်း တမင်ကြံရွယ်၍ စာရင်းလိမ်လည်ပြကာ အခွန်တိမ်းရှောင် ထားပါက ကုန်သွယ်လုပ်ငန်းခွန် ဖြစ်စေ၊ ၀င်ငွေခွန် ဖြစ်စေ နှစ်အကန့်အသတ်မရှိ နောက်ကြောင်းပြန် စစ်ဆေးကာ အခွန်ပြန်လည် ကောက်ခံခွင့်ရှိကြောင်း၊ ပုံမှန်အတိုင်း မကြံရွယ်ဘဲ အခွန်ရှောင်တိမ်းသလို ဖြစ်ခဲ့သည် ဆိုလျှင်ပင် သုံးနှစ်စာ နောက်ကြောင်းပြန် အခွန်ချခွင့် ရှိနေသည်။

Forever Group နှင့် Sky Net ရုပ်သံလိုင်း တည်ထောင်ထားသည့် ရွှေသံလွင် မီဒီယာတို့၏ အခွန်ပေးဆောင်မှု အခြေအနေများနှင့် ပတ်သက်၍ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်မှု အပေါ်တွင် သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်ခြင်း ရှိမရှိအပေါ် ဝေဖန်မှုများ ရှိနေပြီး ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၁၀၀၀ ကျော်တွင် ၃၅ ခုသာ အခွန်ပေးဆောင် စာရင်းတွင် ပါဝင်လာမှု၊ Shine, Father Land, Mother Land, Naing Group, တော်ဝင်မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီကဲ့သို့ ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ ထိပ်တန်း အခွန်ဆောင် စာရင်းတွင် မပါဝင်မှု၊ အခြားကဏ္ဍ များတွင်လည်း ဒဂုံအင်တာနေရှင်နယ်ကဲ့သို့ နာမည်ကျော် ကုမ္ပဏီကြီးအချို့ ထိပ်တန်းအခွန်ထမ်း စာရင်းတွင် မပါဝင်မှုများမှာလည်း အများပြည်သူကြားတွင် ဝေဖန်မှု ရှိနေကြောင်း သိရသည်။


 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ