Related Posts Plugin for WordPress, Blogger...

Photo: Myo Min Thant

သံတွဲ ပဋိပက္ခ၌ အများသတိပြုမိလာသော အချက်မှာ သံတွဲမြို့တွင် ယခင်က ကမန်လူမျိုးအရေအတွက် ၃ သောင်းခန့်သာ ရှိခဲ့သော်လည်း ယခုအချိန်၌ ကမန် အမည်ခံ အရေအတွက် သိန်းချီရှိနေခြင်း ဖြစ်ပါသည်။ သံတွဲပဋိပက္ခအား ပြည်ပမီဒီယာများမှ ဖော်ပြရာ၌လည်း ကမန်လူမျိုးဟူသော အသုံးအနှုန်းကို ကမ္ဘာသိအောင် တင်ပြနေသည်ဟု ယူဆစရာရှိပါသည်။

ဤနေရာ၌ စဉ်းစားစရာရှိသည်မှာ

၁။ ကမန်များသည် မည်သည့်အတွက်ကြောင့် ဤမျှအထိ အဆမတန်တိုးပွားလာရသနည်း။

၂။ ကမန်များကို အဘယ်ကြောင့် ကမ္ဘာ့မီဒီယာများက ဤမျှ ရှေ့တန်းတင် ဖော်ပြနေရသနည်း။

ဤမေးခွန်းနှစ်ခုအတွက် ကျွန်တော့်တို့အားလုံး၌လည်း ရှင်းလင်းသော အမြင်ရှိပြီးသား ဖြစ်ပါသည်။

ဖြေ ၁။ ကမန်များ အဆမတန် တိုးပွားလာရခြင်းမှာ ဘင်္ဂါလီများအား ကမန်အမည်ပြောင်းထားခြင်းကြောင့် ဖြစ်ပါသည်။

ဖြေ ၂။ ကမ္ဘာ့မီဒီယာများ၏ ရည်ရွယ်ချက်မှာ ဘင်္ဂါလီများကို ကမန်ဟု အမည်ပြောင်းလဲ၍ ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် တောင်းဆိုနိုင်ရန် ကမန်များကို ကမ္ဘာသိအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်။

ကျွန်တော်တို့အနေဖြင့် ယင်း ulterior motive အား တားဆီးရန်နှင့် ပုံမှန်မဟုတ်သော ကမန် အရေအတွက် အဆမတန် တိုးပွားလာမှုအား စိစစ်ရန် လိုအပ်ပါသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျွန်တော်မှ အကြံပေးရပါလျှင် ....

ရခိုင်ပြည်နယ် အခြေပြုပါတီ RNDP မှ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က လဝက ဝန်ကြီးအား ပုံမှန်မဟုတ်ပဲ ကမန်များ အဆမတန်တိုးပွားမှုနှင့် ပတ်သက်၍ ဖြေရှင်းပြပါရန် ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းရန် နှင့် ဘင်္ဂါလီများ ကမန် အမည်သုံး၍ နိုင်ငံသားတောင်းဆိုမှု မပြုလုပ်နိုင်စေရန် လဝကမှ လက်ရှိ ကမန်အရေအတွက်အား ပြန်လည်စိစစ်ပေးပါရန် အဆိုကိုပါ တစ်ပါတည်း လွှတ်တော်၌ တင်သွင်းသင့်ပါသည် ဟု အကြံပြုရပါသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ