Related Posts Plugin for WordPress, Blogger...

 တရားဟော">သီတဂူဆရာတော် ဒေါက်တာ ဥာဏိဿရ ပဋိပက္ခဖြစ်ပွားခဲ့သော သံတွဲမြို့တွင် ငြိမ်း တရားဟော
( နိရဉ္စရာ- ၇ အောက်တိုဘာ ၂၀၁၃) / မောင်ရမ္မာ

သီတဂူ ဆရာတော်ကြီး ဒေါက်တာ ဥာဏိဿရ သည် ယနေ့တွင် ရခိုင်ပြည်နယ် သံတွဲမြို့သို့ ရောက်ရှိလာပြီး ပဋိပက္ခများ ထပ်မံ မဖြစ်ပွားရအောင်  ငြိမ်းချမ်းရေး တရား ဟောကြားခဲ့သည်ဟု သတင်း ရရှိသည်။
သီတဂူ ဆရာတော်ကြီးသည် ရန်ကုန်မှ သံတွဲသို့ ကမ္ဘောဇ လေယာဉ်ဖြင့် ပဋိပက္ခ ဖြစ်ပွားပြီး ၈ ရက်အကြာ ယနေ့ နေ့လည် (၂) နာရီတွင် ကြွရောက်လာခဲ့ခြင်း ဖြစ်သည်။
ဆရာတော်ကြီးသည် သံတွဲမြို့ မြို့တော်ခန်းမတွင် ငြိမ်းချမ်းရေး တရားကို ဟောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ဟောကြားရာတွင် စိတ်ရှည် သည်းခံရန်နှင့် ကောလဟလများကို မယုံကြည်ကြရန် ဟောပြောခဲ့ကြောင်း သံတွဲမြို့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေး ရဟန်းတော်များ အဖွဲ့ ဥက္ကဌက ဦးကောသလက နိရဉ္စရာသို့ မိန့်ကြားသည်။
“ ဟောကြားသွားတာကတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ဘဲ အဓိက ဦးတည် ဟောကြားပါတယ်။ ကောလဟလ တွေကို မယုံကြဖို့၊ ကောလဟလ တွေကို ယုံကြည်လို့ရှိရင် ပြဿနာတွေ ကြီးထွား လာတတ်တယ်။ မငြိမ်းချမ်းဘူးပေါ့။ အဲလို ဆရာတော်က ဥပမာလေးတွေပေးပြီး ဟောကြားသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
တရားပွဲတော်ကို သံတွဲမြို့ မြို့တော်ခန်းမတွင် နေ့လည် ၃ နာရီခွဲမှ စတင်ပြီး ညနေ ၅ နာရီခွဲထိ ဟောပြောခဲ့ရာ တရားနာ ပရိတ်သတ် ခန်းမပြည့် လာရောက် နာကြားခဲ့ကြသည်ဟု သိရသည်။
ဆရာတော်ကြီးသည် သံတွဲမြို့နယ် ပဋိပက္ခအတွင်း ဒုက္ခရောက်ခဲ့ကြရသူများအားလည်း အလှူအတန်းများ ပေးဝေသွားမည်ဟု သိရသည်။
အလားတူ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်၊ လွတ်တော် အမတ်များဖြစ် ကြသော ဦးဘရှိန်၊ ဦးဖေသန်း၊ ဦးထွန်းအောင်ကျော်၊ ပါတီဝင်များ ဖြစ်ကြသည့် ဦးသာထွန်းလှနှင့် ဦးစံကျော်လှတို့လည်း သံတွဲမြို့ကို ရောက်ရှိနေကြောင်း သိရသည်။
“ သံတွဲကိုလာတာက ကျနော်တို့လည်း ကျေညာချက် ထုတ်ပြန်ထားတာလည်း ရှိတယ်။ တစ်အချက်က သံတွဲရဲ့ တည်ငြိမ် အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖြစ်စေချင်တယ်။ သံတွဲမှာ အမျာအားဖြင့် ရခိုင်ရယ်။ ဒီဘက်မှာ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့သူတွေ ရှိပါတယ်။ တည်ငြိမ်အေးချမ်တဲ့ ပတ်ဝန်းကျင် ဖြစ်အောင် ကြိုးစားကြည့်တဲ့ သဘောပါ” ဟု သံတွဲမြို့သို့ ရောက်ရှိနေသူ  RNDP ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။
ယင်းပြင်သူက တည်ငြိမ်မူ ရှိရန် အတွက် မတည်ငြိမ်မူများကို ဖြစ်စေသော အကြောင်းတရားများကို ဖေါ်ထုတ်ရန် လိုအပ်ကြောင်း သူက ပြောသည်။
“ ဖမ်းဆီး ခံထားရသူတွေကို နှစ်သိမ့်အားပေးဖို့ရယ်- တွေ့ဆုံဖို့ရယ်။ အပြစ်ရှိခြင်း- မရှိခြင်းကို ပြန်လည် စိစစ်ပေးဖို့နဲ့ တရားဥပဒေ စိုးမိုးမူအောက်က စီရင်ဆုံးဖြတ်ဖို့၊ သူတို့ရဲ့ အမူတွေကို လေ့လာဆန်းစစ်ဖို့နဲ့ ဆေးရုံရောက်နေကြတဲ့ မိသားစုတွေကို ထောက်ပံ့ကူညီပေးဖို့ စတဲ့ ရည်ရွယ်ချက်တွေလည်း ပါဝင်ပါတယ်” ဟု ဒေါက်တာ အေးမောင်က သူတို့ သံတွဲကို လာရောက်ရသော အကြောင်းအရင်းကို ထိုသို့ ထုတ်ဖေါ် ပြောဆိုသည်။
ဒေါက်တာ အေးမောင်နှင့် အဖွဲ့သည် ပဋိပက္ခတွင် ပါဝင်သည်ဟု ဆိုကာ စွပ်စွဲ ဖမ်းဆီးခံထားရသူ သံတွဲမြို့နယ် RNDP ဥက္ကဌ မိသားစုများ အပါအ၀င် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးမှ ပုဂ္ဂိုလ်များ၏ မိသားစုများ၊ နာရေး ကူညီမှု အသင်းနှင့် လူမှုကွန်ယက်အဖွဲ့မှ ဖမ်းဆီးခံထားရသူများ၏ မိသားစုများ၊ ဒဏ်ရာရရှိသူ မိသားစုများထံ သွားရောက် တွေ့ဆုံပြီး အားပေး စကားပြောကြား ခဲ့သည်ဟု သိရသည်။ - See more at: http://www.narinjara.com/burmese/?p=7286#sthash.7F7DbE3v.dpuf

Posted by Unknown on 10/07/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ