Related Posts Plugin for WordPress, Blogger...


 ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗုံးတလုံး ခွဲလိုက်ပြီ...ဘာဗုံးလဲ ဆိုတော့ ဆန်ရှင်ဗုံးကြီးပါ..

(တစ်)
ဦးသိန်းစိန်က နိုင်ငံရေးမှာ တပ်မတော်အခန်းကဏ္ဍ ရှိသင့်တယ် လို့ အမေရိကားမှာ ထုတ်ပြောလိုက် တယ်.. ဒေါ်စုက အခြေခံဥပဒေ ပြင်ဆင်ဖို့ ဦးသိန်းစိန် ပြောပိုင်ခွင့် မရှိ ဆိုပြီး အော်တယ်...အခု သတင်းတွေ ထွက်လာတော့ NLD က အဓိကပြင်ချင်တာက စစ်တပ်ရဲ့အခန်းကဏ္ဍ ပါတဲ့... 
 
(နှစ်)
ဝါရှင်တန်ပို့စ်မှာ ဒေါ်စုသမ္မတ ဖြစ်နိုင်ချေ အပေါ် မေးခွန်း သုံးလေးဆင့် ဆင့်မေးတယ်... ဦးသိန်းစိန်က ပြည်သူလူထုရဲ့ သဘောထားအပေါ် မူတည်ပါတယ် လို့ ဖြေလိုက်တယ် .... ဒေါ်စု က ပြည်သူတွေ ဘာမှ မပြောင်းလဲဘူး ဆိုပြီး ဆန့်ကျင်ဘက်က ရပ်တယ်...ဧရာဝတီ က ရေးသလိုပါပဲ ....ဒေါ်စုဟာ ၂၀၁၅ သမ္မတနေရာမှန်းထားတဲ့အချိန် ဦးသိန်းစိန်က ဆက်လုပ်မလား..မလုပ်ဘူးလား ဆိုတာကို မသဲမကွဲ ဖြေတယ်..ဒီမှာပဲ ထိုင်ခုံ မက်မောတဲ့ အတ္တက တိုက်ချင်ခိုက်ချင် စိတ်တွေ ကို မွေးဖွားလာစေခဲ့တယ်။
 
(သုံး)
  ဦးသိန်းစိန်ရဲ့ အမေရိကား ခရီးစဉ် အောင်မြင်တယ်..အမေရိကန်လွှတ်တော်အမတ်တွေက ဆန်ရှင် ဖယ်ဖို့အထိ ထုတ်ဖော်ပြောလာတယ်..... ဦးသိန်းစိန်ကြောင့် ဆန်ရှင်ဖယ်တော့မယ်.. NLD နှစ်ပတ် လည်မှာ ပြောပြီ မူးယစ်ဆေးဝါးကိစ္စ၊ အုပ်ချုပ်ရေးက ပါဝင်နေပါသတဲ့.... ဆန်ရှင်ရဲ့ မူးယစ်ဆေးဝါးကိစ္စက functional issue တစ်ခုလေ..ဒါကို ဒေါ်စုက ဆွဲထုတ်တယ်... 
 
(လေး)
 ဦးသိန်းစိန်က ဘူးသီးတောင် မောင်တောမှာ ကလေး နှစ်ယောက်ထက် ပိုမမွေးရ အမိန့်ထုတ် တယ်.. ဒေါ်စုက ဒါဟာ လူလူချင်းခွဲခြား ဖိနှိပ်တာပဲ...လူ့အခွင့်အရေး ချိုးဖောက်တာပဲ... ဆိုပြီး အော်တယ်. ပြီးတော့ အားလုံး သိတဲ့အတိုင်း နဂိုကမှ ပြောချင်ချင်ဖြစ်နေတဲ့ နိုင်ငံတကာက ၀ိုင်းအုံပြီး အော်ကြပါပြီ.... ဒေါ်စု ရည်ရွယ်ချက် အောင်မြင်သွားတယ်......နိုင်ငံတကာက ဘယ်လိုလဲဟ ဆိုပြီး ၀ိုင်းကြည့်လာကြတယ်.....ပြီးရင် အမေရိကန်ကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ OIC ကောင်တွေက ဖိအားပေးကြတော့မယ်...ဆန်ရှင် မဖယ်ပါနဲ့ဦးပေါ့..... အားလုံးသတိပြုသင့်တာက ဒေါ်စု ဒီလမ်းကြောင်းကို ဘာဖြစ်လို့ လျှောက်ရသလဲ..... ဘာဖြစ်လို့ ဆန်ရှင်ဗုံးကို ကိုင်လိုက်တာလဲ .... မြင် သမျှ ပြောရရင် ဆန်ရှင်ဖယ်တော့မယ် လို့ ကြေညာလိုက်တဲ့ ဦးသိန်းစိန်ရဲ့ အမေရိကား ခရီးစဉ်ဟာ ဒေါ်စု ကို ကိုင်လှုပ်လိုက်တာပါပဲ.... ဆန်ရှင် ဖယ်တော့မယ် ပြောတယ် ဆိုတာကို လွှတ်တော်မှာ သတင်းထောက်တစ်ယောက်က မေးတယ်... ဒါတွေက လွှတ်တော်က ဥပဒေတွေနဲ့ လုပ်ထားတာ. စောင့် ကြည့်ပါဦး ဆိုပြီး ပြန်ဖြေတယ်....ဒီနေရာမှာပဲ ဒေါ်စုရဲ့ သဘောထားက ပေါ်လွင်သွားပြီ ဆိုရမယ် .... ဒေါ်စုဟာ ဦးသိန်းစိန် အကျပ်တွေ့အောင် လုပ်တော့မယ်..... မူးယစ်ဆေးကိစ္စ အစဆွဲထုတ်လာတာ အကြောင်းမဲ့ မဟုတ်ဘူး.....ဒါကို ဒေါ်စုကိုယ်တိုင် သိတယ်... ဆန်ရှင် မဖယ်ပါနဲ့ဦး ဆိုပြီး သူပြောရင် သူ့ကို ပြည်သူလူထုက ဆန့်ကျင်ကြလိမ့်မယ်.. ဒီတော့ ဆန်ရှင် မဖယ်နိုင်စေမယ့် အကြောင်းရင်းတွေကို များများပြောတော့မယ်။

ဒေါ်စုအောက်ဆွဲတွေနဲ့ ဒီမိုအုပ်စုတွေကတော့ ဘုမသိဘမသိနဲ့ သူပြောသမျှ အမြော်အမြင် နဲ့ ပြည့်စုံလိုက်တာ....တော်လိုက်တာ.... နိုင်ငံတကာစံချိန်မီလိုက်တာ ဆိုပြီး ထမိန်အနံ့ ရှူကြ လိမ့်မယ်..... ဘာမှ မသိကြသေးတဲ့ ပြည်တွင်း မီဒီယာတွေက ဒေါ်စုပြောတာတွေ ကို ခေါင်းစဉ်တပ်ပြီး.. "မြန်မာပြည်သူတွေ ဘာမှ မပြောင်းလဲသေး" "မူးယစ်ဆေးဝါးကိစ္စမှာ အုပ်ချုပ်ရေးက ပါဝင်ပတ်သက်" "အခြေခံဥပဒေ ပြင်ရာတွင် တပ်မတော် အခန်းကဏ္ဍ ရှေ့ဆက် မရှိသင့်" ဒီလို တွေ ပြူး တူးပြဲတဲ ဖော်ပြလာကြပြီ..... ကလေးနှစ်ယောက် မယူရ အမိန့်ဟာ လူ့အခွင့်အရေး ချိုးဖောက်တယ် လို့ ဒေါ်စု ပြောကြား ဆိုတဲ့ ခေါင်းစည်းမျိုး တပ်တာ နည်းပါလိမ့်မယ်... အားလုံးကို ပြန်ပြီး သုံးသပ်ကြည့် ရင် ဒေါ်စုဟာ ပြည်သူတွေကို ထိခိုက်နစ်နာစေမယ့် ဆန်ရှင်ကို သက်တမ်းတွေ တိုးချဲ့နိုင်အောင် လုပ်နေပြီ..... ဘယ်သူ အကျိုးရှိမလဲ ပြန်ကြည့်ရင် ဒေါ်စု မှန်းထားတဲ့ ၂၀၁၅ ကျော်မှ ဖယ်ရှားပေးရေး အခြေအနေ ရောက်လာရင် ဒေါ်စုကြောင့် ဆိုတဲ့အကျိုးတစ်ခုတည်းပါပဲ... နိုင်ငံရေး သမားတွေ အတ္တဖက်လာပြီ ဆိုရင်တော့ ဘာမှ မမြင်တော့ဘူး

ဗိုလ်ချုပ်အောင်
ဆန်းနဲ့ ကွာတာက ဗိုလ်ချုပ်က ပြည်သူ့အကျို တစ်ခုတည်း (တစ်ခုတည်းနော်)ကိုပဲဦးထိပ်ထားတယ်... ဒေါ်စုက ကိုယ့်အကျိုး (ကိုယ့်အကျိုးနော်) တစ်ခုတည်းကိုပဲ ဦးထိပ်ထားတယ်...... ဒါပေမယ့် ဒေါ်စု အမှားကြီး မှားသွားတာကအမျိုးသားရေး ကို နောက်မှာ ထားပြီး နိုင်ငံတကာ စံနှုန်းတွေကို ရှေ့တန်းတင်လိုက်တာပဲ.....ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားရေး ကိုပဲ ဦးထိပ်ထားခဲ့ တာ...ဒါ့ကြောင့် ခေါင်းဆောင်ပီသခဲ့တာ.... အခုလက်ရှိအချိန် မှာ ပြည်သူတွေအများစုဟာ ဦးသိန်းစိန် ကို ထောက်ခံတယ်...ဘင်္ဂါလိမ်ကိစ္စနဲ့ ပတ်သက်ပြီး ပိုပြီး ထောက် ခံတယ်....သူက အမျိုးသားရေးအတွက် နိုင်ငံတကာ ဖိအားပေးတာ တွေကို ရင်ဆိုင်ခဲ့တဲ့သူ...ရင်ဆိုင်နေရတဲ့သူ.... ဒေါ်စုက ကိုယ်ကျိုးအတွက် အမျိုးသားရေးကို ချနင်းပြီ နိုင်ငံတကာက မြန်မာပြည်သူတွေ မြန်မာ နိုင်ငံသားတွေကို အကြမ်းဖက် သမားတွေလို့ မြင်လာအောင် ပုံဖော်နေတဲ့သူ.....နိုင်ငံတကာက မြန်မာနိုင်ငံသားတွေကို လူလူချင်း အဆင့်အတန်းခွဲခြားတဲ့ ကောင်တွေလို့ မြင်လာအောင် နိုင်ငံတကာ က မြန်မာနိုင်ငံကို ဖိအားပေး လာအောင် အကွက်ကျကျ လုပ်ဆောင်နေတဲ့သူ။

ရှင်းတယ်နော်..... မရှင်းသေးရင် ဒေါ်စု လုပ်ဆောင်ချက်တွေကို တစ်ခုချင်း အသေးစိတ် ဇယား လုပ်ပေးမယ်... အမှန်က ဒေါ်စုဟာ မြန်မာနိုင်ငံနဲ့ မတန်ဘူး.....မြှောက်ပြောတာ မဟုတ်ဘူးနော်.... နိုင်ငံတကာတွေကို လှည့်ပတ်သွား..ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တရားတွေဟော... ဒီမိုကရေစီ လက်ချာတွေပေး လုပ်နေသင့်တာ....တစ်ပွဲတစ်ပွဲ ရမှာလည်း မနည်းမနောနော်.. နိုင်ငံတကာမှာ ဒီမိုကရေစီအိုင်ကွန်ကြီးပဲ လုပ်နေသင့်တယ်... ဒါမှ သူ့ယောကျာင်္း ခေါင်းချသွားပြီး သူ့သားတွေ ကြီးပြင်းခဲ့တဲ့ အင်္ဂလန်မှာ လူ့အခွင့်အရေးတရား ပြန်ဟောသင့်တယ်..အဲဒီတော့မှာ အင်္ဂလန်က ဘင်သံနဲ့ ဘယ်လိုကြိုဆိုမလဲ သိသွားလိမ့်မယ်.... ပြင်သစ်နိုင်ငံကို သွားပြီး လူနည်းစုကို သနားငဲ့ညှာရေး တရားတွေ ဟောနေသင့်တယ်.... ဆွီဒင်ကို သွားပြီး ဘာသာခြားကို ကြင်နာပါ တရား ဟောနေ သင့်တယ်။

ဒါပေမယ့် မြန်မာနိုင်ငံလို ဆင်းရဲနွမ်းပါးပြီး ပြည်သူတွေ နိမ့်ကျနေသေးတဲ့အပြင် တရားမ၀င် ခိုးဝင်လာသူတွေ ဒုက္ခပေးသမျှ နာမည်ပျက် ဘာသာသိက္ခာကျ လူတကာအထင်သေး ဖြစ်နေသေး တဲ့နိုင်ငံမှာတော့ ဒေါ်စုရဲ့ ယူနီဗာဆယ် သဘောတရားတွေက အမျိုးသားရေး သစ္စာ ဖောက်ဖျက်ရေးပဲ ဖြစ်နေဦးမှာပါ... ဒါကိုတော့ ဒေါ်စု နားလည်ချင်မှ နားလည်မယ်..သူ့အတွေး အခေါ်တွေက အရမ်းမြင့်နေတာကိုး... အခုနောက်ဆုံး လားရှိုးကိစ္စ ဒေါ်စု ပါးစပ်က ဘယ်လို ထွက်လာမလဲ စောင့်ကြည့်ကြပါစို့... (RFA Burmese သတင်း) ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ်ကန့်သတ်မှု ရုတ်သိမ်းဖို့ အမေရိကန် တိုက်တွန်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် တစ်မိသားစုမှာ ကလေးနှစ်ယောက်သာ ယူခွင့်ပြုတဲ့ မူဝါဒကို ရုတ်သိမ်းပေးဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းက မြို့နယ်နှစ်ခုမှာ ဒီမူဝါဒချမှတ်လိုက်တာကြောင့် အလေး အနက်စိုးရိမ်ကြောင်း၊ ကလေးမွေးဖွားနှုန်းကို အတင်းအဓမ္မ ထိန်းချုပ်ကန့်သတ်တဲ့ မူဝါဒနဲ့ တခြားအလား တူ မူဝါဒမျိုးတွေကို မဆိုင်းမတွ ရုပ်သိမ်းပေးဖို့လိုလားကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Patrick Ventrell က အင်္ဂါနေ့က ပြောကြား လိုက်ပါတယ်။ အလားတူ HRW လူ့အခွင့်အရေးအဖွဲ့ကလည်း သမ္မတ ဦးသိန်းစိန်က သူဟာခွဲခြားဆက်ဆံမှုကို ဆန့်ကျင် သူဖြစ်ကြောင်း ပြောဆိုခဲ့တာကြောင့် အခုလို ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အတင်းအဓမ္မ ခွဲခြားကန့်သတ်ထားတဲ့မူဝါဒကို ရုတ်သိမ်းကြောင်း အမြန်ကြေညာသင့်တယ်လို့ ကြေညာချက်ထုတ်ပြန် ခဲ့ပါတယ်။ 

From: ပလေတို

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ