Related Posts Plugin for WordPress, Blogger...

From : ..eleven



၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား မြန်မာနိုင်ငံက ရယူထားချိန်တွင် တရုတ်- အာဆီယံ ဆက်ဆံရေး တိုးမြှင့်မှုကို မြန်မာနိုင်ငံက အကောင်အထည်ဖော်ပေးမည်ဟု မျှော်လင့်ကြောင်း တရုတ်ဝန်ကြီးချုပ် လီခကျန်းက မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံချိန်တွင် ပြောကြားလိုက်ကြောင်း သိရသည်။

တရုတ်ဝန်ကြီးချုပ်နှင့် မြန်မာသမ္မတတို့သည် အောက်တိုဘာ ၉ ရက်က (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ဘရူနိုင်းနိုင်ငံ၌ တွေ့ဆုံခဲ့သည်။ သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ဝန်ကြီးချုပ်တို့သည် ပြီးခဲ့သည့်လအတွင်းက တရုတ်နိုင်ငံ၌ ပြုလုပ်ခဲ့သော နန်နင်းကုန်စည်ပြပွဲတွင် တစ်ကြိမ်တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံရန် ညှိနှိုင်းနေစဉ်ကာလအတွင်း တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

''တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ လွတ်လပ်မှုကို ပိုပြီးတော့ အရင်တုန်းကလိုပဲ အသိအမှတ်ပြုတယ်။ မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့စနစ်အပေါ် မူတည်ပြီးတော့ မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တာကို သူတို့ထောက်ခံမယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား အပြန်အလှန် လည်ပတ်နိုင်တာတွေကို ဆွေးနွေးတယ်''ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တရုတ်ဝန်ကြီးချုပ်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံမှုအပြီးတွင် ပြောကြားသည်။

''နောက်တစ်ခါ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံတဲ့အချိန်မှာ တရုတ်နဲ့ အာဆီယံဆက်ဆံရေး ပိုပြီးတော့ တိုးမြှင့်နိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အကောင်အထည် ဖော်ပေးနိုင်လိမ့်မယ်လို့ တရုတ်ဘက်က မျှော်လင့်တဲ့အကြောင်း ပြောပါတယ်''ဟု ဦးရဲထွဋ်က ဆက်လက် ပြောကြားသည်။

မြန်မာသမ္မတနှင့် တရုတ်ဝန်ကြီးချုပ်တို့သည် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအပြီးတွင် အချိန် ၁၅ မိနစ်ကြာ သီးခြား တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၉ ရက်က ပြုလုပ်သည့် (၁၆) ကြိမ်မြောက် အာဆီယံ-တရုတ် ဆွေးနွေးပွဲတွင် တရုတ်နှင့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ် (Photo: AFP)


.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ