Related Posts Plugin for WordPress, Blogger...


ရခိုင်ပြည်နယ် သံတွဲမြို့၌ စက်တင်ဘာ ၂၈ ရက်က ဈေးဆိုင်တစ်ဆိုင် ရှေ့၌ သုံးဘီး ဆိုင်ကယ်တစ်စီး ရပ်ထား သည်ကို ရင့်သီးစွာ ဆဲဆိုရာမှ အစပြု၍ ပြသနာဖြစ်ပွားကာစက်တင်ဘာ ၂၉ ရက် ညပိုင်း က နေအိမ်များ ဖျက်ဆီးမှု ၊ မီးရှို့မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် များက သေနတ် ပစ်ဖောက် လူစုခွဲ ခဲ့ရ ကြောင်း သိရသည်။

စက်တင်ဘာလ ၃၀ ရက် ညနေ ၈ နာရီခန့်တွင် သံတွဲမြို့ ဒွါရဝတီ မြို့သစ်ရှိ ဓာတ်ဆီဆိုင် တစ်ဆိုင် မီးရှို့ဖျက် ဆီးမှု ဖြစ်ပွား ခဲ့ပြီး မြို့နယ် မီးသတ် တပ်ဖွဲ့က မီးငြိမ်းသတ်ခဲ့ရာ ည ၉ နာရီခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း ၊ ည ၁ဝ နာရီခန့်တွင် သံတွဲမြို့ ကျော်တောင် (၅)ရပ်ကွက် ပိတောက်ရွှေဝါ လမ်းရှိ နေအိမ် တစ်လုံး အား မီးရှို့ခံရပြီး ည ၁၁ နာရီခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း ၊ အလားတူ သံတွဲမြို့ နယ် ကျောက်ကြီး   ကျေးရွာ ၊ မန်းကျည်းချောင် ကျေးရွာ တို့တွင် မီးရှို့မှု အချို့ ဖြစ်ပွားခဲ့ပြီး နေရာအချို့၌ ခိုက် ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်း တွင်လည်း သံတွဲမြို့ နယ်အတွင်း နေရာအချို့တွင် မငြိမ်မသက် ဖြစ်မှုများ ဖြစ်ပေါ်ခဲ့ သဖြင့် ဈေးဆိုင်ခန်း များလည်း ပိတ်ထားကြ ကြောင်း ၊ တာဝန်ရှိ သူများက ဒေသ တည်ငြိမ်   အေး ချမ်းရေး နှင့် ပြသနာများဆက်လက် ကြီးထွားမှု မရှိစေရေး အတွက် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း  ၊ ဒေသခံ ပြည်သူများ အနေဖြင့် ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် ဒေသ ဆိုင်ရာ အာဏာပိုင် များ ၊ လုံခြုံရေးအဖွဲ့များ နှင့် တာဝန်ရှိ သူများက ထိန်းသိမ်း ဆောင် ရွက် လျက် ရှိရာ ပဋိပက္ခ များတွင် ပါဝင်မှု မရှိရေး ၊ ဆူပူမှု ဖန်တီးသူ များအား ကူညီဖော်ထုတ် သတင်းပေး ပို့ရေး ဆောင်ရွက် ကြပါရန် သက်ဆိုင်ရာက တိုက်တွန်း နှိုးဆော် ထားကြောင်း သိရှိရသည်။
From: Myawady daily

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ