Related Posts Plugin for WordPress, Blogger...

From : .. dvb


အခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုတွေနဲ့ ဗုံးလန့်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရန်ကုန်မြို့မှာ လူသွားလူလာ နည်းပါးလာတာကြောင့် ခရီးသည်တွေကို မှီခိုပြီး ၀င်ငွေရှာဖွေနေတဲ့ တက္ကစီယာဉ်မောင်းတွေ ၀င်ငွေနည်းပါးလာမှုနဲ့ ကြုံတွေ့နေရပါတယ်။
 
တက္ကစီမောင်းသမား ဦးအေးကျော်က “နည်းနည်းတော့ ပါးသွားတာပေါ့။ လမ်းပေါ်မှာလူတွေ သိပ်မတွေ့ရဘူး။ အစ်ကိုတို့လည်း နည်းနည်း အခက်အခဲတော့ ရှိသွားတာပေါ့။ ကားစီးတဲ့သူ နည်းနည်း နည်းသွားတာပေါ့။ တော်တော်လေးတော့ သိသာပါတယ်။ ၀င်ငွေကတော့ နိမ့်ကျသွားတယ်။ တော်တော်လေးကို ရှာယူရတယ်။ ကိုယ့်အတွက် စားဝတ်နေရေး ပြည့်စုံဖို့အတွက် တော်တော်ကြီးကို ရှာယူရတယ်။ ကားစီးတဲ့သူတွေကိုလည်း ရှာရတာပေါ့” လို့ ပြောပါတယ်။
ညဘက်တက္ကစီအငှားလိုက်သူတဦးက “၁၁ နာရီလောက်ဆို လူတွေ ပျောက်ကုန်ပြီ။ အသွားအလာကျဲသွားတယ်။ ဆိုင်တွေကလည်း ဟိုပိတ်၊ ဒီပိတ် ပိတ်ကြတယ်လေ။ ညဘက်မောင်းတဲ့သူက ဘီယာဆိုင်တို့၊ ကေတီဗီတို့၊ ဟိုတယ်တို့ ညဥ့်နက် သန်းခေါင်မှာ အဲဒီနေရာလေးတွေမှာ အော်ဒါလေးတွေ ရှာကြတာပေါ့။ အခု အဲဒီဘက်တောင်မှ အော်ဒါက ပျောက်သွားတယ်။ ကျဲသွားတာပေါ့။ နေရာတိုင်းလိုလိုပါပဲ” လို့ ပြောပါတယ်။
တက္ကစီ စီးသူတွေ နည်းသွားတာကြောင့် အရင်ကလို တွက်ခြေမကိုက်တော့ဘူးလို့ ဦးအေးကျော်က ပြောပါတယ်။
“အရင်တုန်းက ၂ သောင်း ၅ ထောင်၊ ၃ သောင်းလောက်ကို ရှာလို့ ရပါတယ်။ အခုတော့ ၂ သောင်း ရအောင်မနည်း ရှာနေရပါတယ်။ တော်တော်ကြီးကို ကျသွားတယ်။ အစ်ကိုတို့ ကျနော် လုပ်ငန်းပြောင်းချင်တဲ့ ဆန္ဒမျိုးတွေ ဖြစ်ပေါ်မိပါတယ်။ ကားမောင်းချင်စိတ် မရှိတော့ဘူးပေါ့။ ကားတွေ ကျပ်တာနဲ့ လူတွေ လမ်းပေါ်မှာ ငှားစီးမယ့်သူ မရှိတာနဲ့ ဆိုတော့ ၀င်ငွေပိုင်းတွေ ပိုပြီးတော့ ထိခိုက်သွားတယ်။ မိသားစုဝင်ငွေ ကျဆင်းနေတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့အပါအ၀င် တိုင်းဒေသကြီးတချို့မှာ အောက်တိုဘာ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ဗုံးပေါက်ကွဲမှု ၆ ကြိမ်၊ ဗုံးတွေ့ရှိမှု ၂ ကြိမ် ရှိခဲ့ပြီး၊ အဲဒီဖြစ်စဉ်တွေကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့ ညနဲ့ ၁၇ ရက်နေ့ မနက်ပိုင်းကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း နမ်းခမ်းမြို့မှာ ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၁ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 
.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ