Related Posts Plugin for WordPress, Blogger...

From : ..eleven

w1-2-5
ဖြစ်စဉ်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မြင်ကွင်း
စက်တင်ဘာ စတုတ္ထပတ်မှ စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့ ပဋိပက္ခ ဖြစ်စဉ်အတွင်း အောက်တိုဘာ ၂ ရက် ညနေပိုင်းအထိ သေဆုံးသူ ခြောက်ဦးအထိရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂ ရက် ညနေပိုင်းက ပြောကြားသည်။
ထို့ပြင် ပဋိပက္ခဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ လေးဦးအထိ ရှိနေပြီး ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း သိရသည်။
အာက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် သံတွဲမြို့ရှိ ဗလီတစ်ခု မီးလောင်ပျက်စီးခဲ့ပြီး အသက် ၆၀ အရွယ်ရှိ အဘိုးအိုတစ်ဦး လမ်းမ ပေါ်တွင် မှောက်လျက် သေဆုံးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီးမင်းအောင်က ပြောကြားသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုကြောင့် လေးဦးထပ်မံ သေဆုံးသွားခဲ့ကြောင်း သိရသည်။ပဋိပက္ခ ဖြစ်စဉ်အတွင်း အောက်တိုဘာ ၁ ရက်က အသက် ၉၆ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦး ဓားဒဏ်ရာများဖြင့် အသတ်ခံရကြောင်း သိရသည်။
''အဘွားအိုတစ်ဦးကတော့ အသတ်ခံရတယ်လို့ စစ်ဆေးချက်အရ သိရတယ်။ အောက်တိုဘာ ၂ ရက်မှာ ထပ်မံ သေဆုံးသွားတဲ့ အဘိုးအိုတစ်ဦးကတော့ အသတ်ခံရတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဖြစ်စဉ်တွေကြောင့် နှလုံးရပ်ပြီး သေဆုံးသွားရတယ်လို့ ယူဆရတယ်။ ညနေပိုင်းမှာ သေဆုံးခဲ့တဲ့ လေးယောက်ကတော့ ဘာကြောင့်သေတာလဲဆိုတာ စစ်ဆေးနေတုန်းပါပဲ'' ဟု ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။
''ညမထွက်ရအမိန့်ကို ည ၆ နာရီမထိုးခင် ထုတ်လိုက်တာဖြစ်တဲ့အတွက် လောလောဆယ်မှာတော့ ငြိမ်နေပါပြီ။ ဒီနေ့ဖြစ်ခဲ့တာကတော့ ရွှေလှေ၊ သပြုချိုင်တို့မှာ မီးလောင်မှုတွေ၊ အပြန်အလှန် တိုက်ခိုက်တာတွေ ဖြစ်တယ်'' ဟု ဆင်ခေါင်းကျေးရွာမှ ဒေသခံ တစ်ဦးက ဆိုသည်။
''တောင်ကုတ်ကနေ သံတွဲကိုလာတဲ့ ဆိုင်ကယ်သုံးစီး လူခြောက်ယောက် ရွှေလှေမှာ မွတ်စလင်တွေ ၀ိုင်းခုတ်လို့ ဒဏ်ရာရတယ်။ လေးယောက် သံတွဲဆေးရုံကို ရောက်နေတယ်။ဆေးရုံကို ရောက်တဲ့လူတွေက တောင်ကုတ်မြို့၊ သင်ပန်းချေရွာက ကိုသောင်းရွှေရယ်၊ သံတွဲ အံတော်ရပ်ကွက်က ကိုရန်နိုင်ရယ်။ သံတွဲ ဇီးဖြူကုန်းက လင်းလင်းထွန်း၊ ကျောက်ဖြူက မြသိန်း နှစ်ယောက်ကတော့ ချက်ချင်း အော်ပရေးရှင်း ၀င်နေရတယ်။ ပျောက်နေတာက မိန်းမ တစ်ယောက်ရယ်၊ ကိုဘောဒါဆိုတဲ့ တစ်ယောက်ရယ် ပျောက်နေတယ်။ ကိုရန်နိုင်မှာ အဆုတ်ပေါက်တဲ့ ဓားဒဏ်ရာရတယ်။ကျွန်တော်က လူနာတွေကို ညနေ ၄နာရီမှာ ရွှေလှေဆေးရုံကနေ သွားယူတာ ဖြစ်တယ်။ဖြစ်တဲ့နေရာက ဆေးရုံနဲ့ နီးနီးလေးဖြစ်တယ်။ဆေးရုံကို ညနေ ၆ နာရီရောက်ပါတယ်'' ဟု သံတွဲ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဖိုးဝိုင်းက ပြောကြားသည်။
သံတွဲမြို့ပေါ်တွင် အောက်တိုဘာ ၂ ရက်က လမ်းဆုံနေရာများ၊ အဆောက်အအုံအချို့တွင် ရဲများ၊ စစ်သားများ လုံခြုံရေးယူထားပြီး သာသနာ့အလံများကို အိမ်တိုင်းနီးပါးတွင် စိုက်ထူထားသည်ကို တွေ့ရသည်။ ထို့ပြင် ကားများ၊ ဆိုင်ကယ်များတွင်လည်း သာသနာ့အလံများ လွှင့်တင်ထားပြီး ညနေ ၅ နာရီ နောက်ပိုင်းမှစကာ ဆိုင်အများစု ပိတ်သိမ်းပြီး လူသွားလူလာ ရှင်းလာသည်ကို တွေ့ရသည်။ အောက်တိုဘာ ၂ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် သမ္မတဦးသိန်းစိန် သံတွဲ လေဆိပ်သို့ ရောက်ရှိလာပြီး လေဆိပ်တွင် သက်ဆိုင်ရာများနှင့် ခေတ္တတွေ့ဆုံကာ သံတွဲ (ငပလီ)အဏ္ဏ၀ါရိပ်သာတွင် ညအိပ်ရပ်နားခဲ့သည်။ သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၃ ရက်တွင် မြို့မိမြို့ဖများနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။
''ဒီနေ့က သမ္မတကြီးလည်း ရောက်နေတယ်။ လုံခြုံရေးကလည်း တင်းကျပ်ထားတယ်ဆိုတော့ ဘာမှဖြစ်တယ်လို့ မကြားပါဘူး။ မနက်ဖြန်ကျရင် သမ္မတနဲ့ တွေ့ဆုံဖို့ ရခိုင်ဘက်က ၁၀ ဦးနဲ့ အစ္စလာမ်ဘက်က ၁၀ ဦး တွေ့ကြမယ်လို့ သိရပါတယ်။ ရခိုင်ဘက်ကရွေးတဲ့ ၁၀ ဦးမှာ အုပ်ချုပ်ရေးပိုင်းက သူတို့နဲ့ အလျဉ်းသင့်တဲ့သူပဲ လက်တို့ခေါ်ပြီး သူတို့ပြောခိုင်းတာ ပြောဖို့ခေါ်ထားတဲ့အတွက် သံတွဲဒေသခံတွေနဲ့ ဘုန်းကြီးတွေက မကျေမနပ်ဖြစ်နေကြပါတယ်။ မနက်ဖြန် သမ္မတကြီးပြန်မယ့်အချိန်မှာ ဒေသခံတွေက ကိုယ်နည်းကိုယ့်ဟန်နဲ့ စာတန်းတွေကိုင်ပြီး နှုတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ သံတွဲတစ်ဝိုက်မှာ စဖြစ်တဲ့အချိန်ကစပြီး ဒီနေ့အထိ အစ္စလာမ်ဘာသာဝင် ငါးဦးသေတယ်။ ရခိုင်ဘက်က လေးဦးဒဏ်ရာရပြီး တစ်ဦး ပျောက်ဆုံးနေပါတယ်။ တလိုင်းတဲ၊ ရွှေလှေ၊ သပြုချိုင်၊ ပေါက်တောဝ စတဲ့ရွာတွေမှာ အရင်ရက်တွေက မီးရှို့မှုတွေ ဖြစ်ခဲ့ပါတယ်။ အခုလတ်တလောမှာတော့ အစ္စလာမ်ဘာသာဝင်တွေက ဂျီဟတ်လုပ်ပြီး ရခိုင်အပါအ၀င် ဘာသာခြားတွေကို သတ်မယ်လို့ သတင်းတွေပြန့်နေတဲ့အတွက် မြို့က ထိတ်လန့်နေတယ်လို့ ပြောလို့ရပါတယ်။ ဈေးဆိုင်တွေကတော့ ပိတ်တဲ့ဆိုင်ပိတ်၊ ဖွင့်တဲ့ဆိုင်ဖွင့်ပဲ။ အကုန်လုံး ပိတ်တာမျိုးမရှိပါဘူး။ လုံခြုံရေးတွေလည်း ရှိနေပါတယ်''ဟု သံတွဲဒေသခံ ကိုကျော်ကျော်က ဆိုသည်။
w1-2-6
 မီးရှို့ဖျက်ဆီးခံခဲ့ရသော အိမ်တစ်လုံးရှေ့တွင် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
''စဖြစ်တဲ့အချိန်ကစပြီး အသေအပျောက်က ကျွန်တော်တို့ သိထားတာက ဒေါ်အေးကြည်က ပထမဆုံးပေါ့။ နောက်ထပ် လေးယောက်။ နောက်လေးယောက်က ဒီနေ့မှထပ်ရှင်းလင်းရင်း အလောင်းတွေ့တာပေါ့။ ဖြစ်စဉ်က မနေ့က ဖြစ်တာပေါ့။ သေဆုံးတဲ့သူတွေက သပြုချိုင် တောင်ပေါ်ရွာကပဲဖြစ်ပါတယ်။ ဒဏ်ရာရတာကတော့ လေးယောက်ပါ။ သေဆုံးတဲ့သူတွေကတော့ အစ္စလာမ်ဘာသာဝင်ပါ။ ဒဏ်ရာရတဲ့ သူတွေကတော့ တိုင်းရင်းသားတွေပါ။ ဗုဒ္ဓဘာသာဝင်နဲ့ ခရစ်ယာန်ဘာသာဝင် တစ်ယောက်ပါတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးစခန်းက လင်းတီရွာမှာ ဖွင့်နေပါတယ်။ ထောက်ပံ့မှုတွေလည်း ပြည်နယ်အစိုးရအနေနဲ့ ပေးသွားမယ်လို့ သိရပါတယ်။ ဒီနေ့ အခြေအနေက အေးအေးချမ်းချမ်း တည်ငြိမ်ပါတယ်။ ကျီးကန်းရဲရွာမှာတော့ ဗလီတစ်လုံး မီးလောင်တယ်။ ဒီနေ့ နံနက်အစောပိုင်း ၁၂ နာရီ ကျော်လောက်မှာပါ။သံတွဲမြို့ပေါ်မှာက ကယ်ဆယ်ရေးစခန်း ဖွင့်ရလောက်အောင်မရှိဘူး။ လင်းတီရွာမှာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတာ ၁၀၀ ကျော်လောက် ရှိလို့ ဖွင့်လှစ်ဖြစ်တာပါ။ ဒီဖြစ်စဉ်မှာ ဆူပူအကြမ်းဖက်မှုတွေကို အမှုဖွင့်ထားတာရှိပါတယ်။ ဆက်လက်ဆောင်ရွက်သွားပါမယ်။ ဒါကတော့ တည်ငြိမ်မှုကို အရင်လုပ်ရပါတယ်။ နောက်ပြဿနာတွေ မဖြစ်အောင် အရင်လုပ်နေရပါတယ်။ လုံခြုံရေးကိုလည်း လုံလောက်တဲ့ အင်အားချထားပေးပါတယ်''ဟု သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။

.. www.MyanmarExpress.net
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ