Related Posts Plugin for WordPress, Blogger...

From : ..YPI



မျိုးစောင့်ဥပဒေထွက်ပေါ်လာရေးအတွက် ထောက်ခံလက်မှတ်တစ်သန်းကို ယခုလထဲတွင် ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီသို့ ထပ်မံပေးပို့သွားမည်ဖြစ်ကြောင်း အဆိုပါဖြစ်မြောက်ရေးအတွက် ဦးဆောင်ဦးရွက်ပြုနေသော အမျိုးဘာ သာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်အရေးအဖွဲ့ ရုံးအဖွဲ့မှူးဆရာတော် အရှင်စန္ဒာသီရိက မော်ကွန်းသို့ ပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် မျိုးစောင့်ဥပဒေဖြစ်မြောက်အရေးအတွက် ထောက်ခံလက်မှတ်များကို ယခုနှစ် မတ်လကတည်းက ကောက်ခံစုစည်းလာရာ ယခင်လများက ပေးပို့ထားသော လက်မှတ်ပေါင်း သုံးသန်းနှင့် ယခုပေးပို့မည့် လက်မှတ်တစ်သန်းကို ပေါင်းလိုက်လျှင် ထောက်ခံလက်မှတ်ပေါင်း လေးသန်း အထိရှိခဲ့ပြီဖြစ်သည်။

မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အမျိုးသမီးများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ် စားလှယ်များအကြားတွင်လည်း သဘောထားကွဲလွဲမှုများရှိနေသော်လည်း အဆိုပါဥပဒေဖြစ်မြောက်ရေးအတွက်  ထောက် ခံလက်မှတ်များကောက်ခံရာတွင် NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ NDF(အမျိုးသားဒီမိုကရေစီအင်အားစု)၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသဖြင့် ပါတီအသီးသီးမှ ပါတီဝင်များကလည်း ကောက်ခံပေးမှုများရှိနေသည်ဟု ဆရာတော်က ယခုလိုပြောပါသည်။

“ပါတီအနေနဲ့ ကောက်ခံပြီးလာပေးတာကတော့ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပဲရှိပါသေးတယ်။ ကျန်တာ တွေကတော့ ပါတီဝင်အနေနဲ့ ကောက်ကြတယ်။ ပါတီအနေနဲ့ပေးတာတော့ မဟုတ်ဘူး။ NLD ပါတီဝင်တွေလည်း ကောက် ခံပြီး လာပေးကြတာပဲ။ ပြည်ခိုင်ဖြိုးပါတီဝင်တွေလည်းလာပေးကြတာပဲ။NDFပါတီဝင်တွေလည်းကောက်ပြီးပေးကြပါတယ်”

မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်လဲ့လဲ့ဝင်းဆွေကို သြဂုတ်လအတွင်းက မော်ကွန်းမဂ္ဂဇင်းမှမေးမြန်းရာ ၎င်းက “ဆရာတော်ကြီးတွေကိုလည်း အဲဒီဥပဒေရေးဆွဲပေးတဲ့အတွက်ကြောင့် စိတ်ထဲမှာ ကျေးဇူး တင်လျက်ရှိပါတယ်။(ကိုလိုနီခေတ်အပါအ၀င်) ခေတ်ကြီးသုံးခေတ်ကို ဖြတ်သန်းခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ သုခနဲ့ဒုက္ခ များကို အခြေံခံပြီးပြော တာပါ”ဟု ဆိုခဲ့သည်။

မျိုးစောင့်ဥပဒေကို ကန့်ကွက်ဆန့်ကျင်နေသော သူများ၊ နိုင်ငံတော်အစိုးရအဖွဲ့၏ သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးနှင့် လွှတ်တော်များမှ တာဝန်ရှိသူများအနေဖြင့် မျိုးစောင့်ဥပဒေပြဌာန်းခြင်းအားဖြင့် တကယ်ရရှိလာမည့် အကျိုးကျေးဇူး များကို အသေအချာလေ့လာစေချင်ကြောင်း အရှင်စန္ဒာသီရိက ဆိုပါသည်။            ။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ