Related Posts Plugin for WordPress, Blogger...


ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ တွင်ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက “၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို မြန်မာ အမျိုးသမီးများ သိရှိနိုင်စေရန်အတွက် အထက်တန်းကျောင်း သင်ခန်းစာများ တွင် ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်းခြင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် မေးခွန်းများ၊ အဆိုများနှင့် ဥပဒေကြမ်းများကို မေးမြန်း ဆွေးနွေး သွားမည် ဖြစ် ကြောင်းသိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်စား ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာမှ ခေတ္တ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ပြီး အောက်ပါ
(က) ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ် မဲဆန္ဒနယ်၏ ဟိုနမ့်ဒေသ၌ တန်ဖိုးနည်း လက်ကိုင်ဖုန်းများ အသုံးပြုခွင့် ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ခ) ဦးအေး၊ ဟုမ္မလင်း မဲဆန္ဒနယ်၏ မြို့နယ်အဆင့် တာဝန်ရှိသူများက နည်းဥပဒေအတိုင်း ဆောင်ရွက်ပေးနိုင် ရန် မြေလွတ်မြေရိုင်း စီမံ ခန့်ခွဲမှု ဗဟိုကော်မတီမှ မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ဂ) ဒေါ်ဇာတလဲမ်း၊ ထန်တလန် မဲဆန္ဒနယ်၏ ချင်းပြည်နယ်ရှိ မြို့များ၊ မြို့မြေများအား ကွက်ကျဲ၊ ကွက်စိပ် တိုင်းတာပေးရန်နှင့် မြေမျိုးကြီး အလိုက် ကြေးတိုင်စိုက်သည့် လုပ်ငန်းများ ဆောင်ရွက်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ဃ) ဦးရဲထွန်း၊ သံတွဲ မဲဆန္ဒနယ်၏ အခြေခံပညာ ဆရာ/ဆရာမများအား ရာထူးတစ်ဆင့်မြင့်(အစမ်းခန့်) ခန့်ထားခြင်းနှင့် စပ်လျဉ်း၍ နစ်နာမှု မရှိစေရန် မည်ကဲ့သို့ဆောင်ရွက် ပေးမည် နှင့်စပ်လျဉ်းသည့် မေးခွန်း။

(င) ဦးမြင့်ဦး၊ သနပ်ပင် မဲဆန္ဒနယ်၏ သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများအား ဆရာဦးရေတိုးမြှင့်ပေးရန်နှင့် ကျောင်းဆောင်သစ် များနှင့် တိုးချဲ့ကျောင်းဆောင်များ တည်ဆောက်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(စ) ဦးစိုင်းမောင်တင်၊ လဲချား မဲဆန္ဒနယ်၏ ပြည်သူ့နီတိကျင့်ဝတ် ဘာသာရပ်ကို ကျောင်းသင်ရိုး ညွှန်းတမ်းများတွင် ထည့်သွင်း သင်ကြားပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း တို့ကိုမေးမြန်းပြီး

ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက “၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို မြန်မာ အမျိုးသမီးများ သိရှိနိုင်စေရန်အတွက် အထက်တန်းကျောင်း သင်ခန်းစာများ တွင် ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်းခြင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့်

အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော “ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း” ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်း မေးခွန်းများ၊ အဆိုများနှင့် ဥပဒေကြမ်းများကို မေးမြန်း ဆွေးနွေး သွားမည် ဖြစ် ကြောင်းသိရသည်။

From: Popular Myanmar

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ