Related Posts Plugin for WordPress, Blogger...

From : .. the voice

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ အောက်တိုဘာ ၁၆ ရက်နေ့တွင် အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးက မီးခြစ်ဖြင့် ဗြောက်အိုးဖောက် ကစားရာမှ အိမ်ခြေ ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၂၃ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ချမ်းသာယာရပ်ကွက် ရဲမော်စိုက်ကွင်း အရှေ့ပိုင်း (၁၁) လမ်း၊ အကွက်အမှတ် (၈၉၁) တွင် ယင်းနေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့ပြီး မိနစ် ၃၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း ယင်းမီးသတ်ဦးစီးဌာနရှိ မှတ်တမ်းများအရ သိရသည်။

ယင်းမီးလောင်မှုကြောင့် နံရံကပ် နှစ်ထပ်အဆောက်အအုံ တစ်လုံး၊ သွပ်မိုးထရံကာ နှစ်ထပ်အိမ်သုံးလုံးနှင့် မြေစိုက်ထရံကာ သွပ်မိုးအိမ် ၁၁ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုပမာဏ ကျပ်သိန်းပေါင်း ၁၀၀ နီးပါး ရှိကြောင်း အဆိုပါ မှတ်တမ်းများအရ ထပ်မံသိရှိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ကလေး၏ ဖခင်ဖြစ်သူ ကိုနိုင် (ခ) ဦးနိုင်လင်းညွှန့်ကို ပ- ၅၃၈/၂၀၁၃ အရ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလမှ ယခုနှစ် အောက်တိုဘာလအထိ မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း မီးလောင်မှုအကြိမ်ရေ ၉၂ ကြိမ် ရှိခဲ့ပြီး အဆိုပါ မီးလောင်မှုများကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း တစ်ထောင့်ရှစ်ရာကျော် ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းမီးသတ် ဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


 .. www.MyanmarExpress.net

Posted by Arakan Man on 10/18/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ