From :
.... မြန်မာ့နိုင်ငံရေးဆောင်းပါးများ
ဒေါ်စုက NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါလို့ ပြောတယ်....... NLD
ထက်လုပ်ပြနိုင်တဲ့ ပါတီဆိုရင်တော့ လက်ရှိ လုပ်နေတဲ့အလုပ်တွေနဲ့ပဲ ချိန်ထိုး
စဉ်းစားရမယ်..... ဘာကြောင့်လည်း ဆိုတော့
ပါတီတစ်ခုရဲ့ အရည်အချင်းဟာ ပြည်သူလူထုအတွက် ဘယ်လောက် အလုပ်လုပ်သလဲ
ဆိုတာပဲ.......... အဲ့ဒိတော့ လက်ရှိ လွှတ်တော်ထဲမှာ အောင်မြင်တာ
မအောင်မြင်တာကို ဖယ်ထား ကြိုးစားနေတဲ့ လွှတ်တော်အမတ်တွေနဲ့
ချိန်ထိုးရလိမ့်မယ်.....
ဘာလို့လည်းဆိုတော့ ၂၀၁၅ အလွန် လွှတ်တော်ဟာ လက်ရှိ လွှတ်တော်ဥက္ကဌတွေ
ဖြစ်ချင်မှ ဖြစ်တော့မယ်........ ပွင့်လင်းတဲ့ ရွေးကောက်ပွဲ၊ မဲမခိုးတဲ့
ရွေးကောက်ပွဲဆိုရင် မဲပေးနိုင်တဲ့ မျှခြေဟာ ပြန့်ကျသွားမှာပဲ......
တိုင်းရင်းသား ဒေသတွေမှာ သူတို့ ပါတီကို သူတို့ပေးကြမယ်...... ဒီလိုပဲ
ကျန်တဲ့ မဲဆန္ဒနယ်တွေမှာ လူအများစု သူတို့ကြိုက်တဲ့ ပါတီကို
မဲပေးကြမယ်........
လက်ရှိ လွှတ်တော်မှာ တင်သမျှအဆိုကို ထိုင်ကန့်ကွက်နေတဲ့ တပင်တိုင်
မင်းသားတွေလည်း ပြောင်းသွားမှာ ဖြစ်သလို၊ အစိုးရ ဝန်ကြီးတွေလည်း
ပြောင်းလဲသွားမှာပဲ...... အဲ့ဒိအခါကြရင် တကယ်အလုပ်လုပ်သူတွေရဲ့ အဆိုဟာ
အခုလို ဖြစ်ချင်မှ ဖြစ်လာမယ်...... ဒီအတွက်ကြောင့် လက်ရှိ ဘယ်လောက်
အလုပ်လုပ်နေသလဲနဲ့ တိုင်းတာရင်တော့ ဦးသိန်းညွန့်ရှိမယ်၊ တိုင်းရင်းသား
လွှတ်တော်အမတ်တွေရှိမယ်...... ဒါမိုင်ကုန်ပဲ...... ကျန်တဲ့ NLD အမတ်
အများစုကတော့ မျက်နှာကြည့်ပီး နေရတဲ့ဘဝနဲ့ ပြည်သူ့ဆန္ဒကို
အနှောင့်အယှက်ဖြစ်စေတဲ့ လွှတ်တော်ရဲ့ ခြေထိုးတဲ့ မိုဘိုင်းဖုန်း အော်ပရေတာ
ကိစ္စမှာပဲ ကန့်ကွက်မဲ မရှိတာကို ကြည့်ရင် NLD အမတ်တွေရဲ့ ရပ်တည်မှု ကို
သိနိုင်တယ်......
အမှန်အတိုင်း ဝေဖန်ရရင် ဦးသိန်းညွန့်ဟာ ဒေါ်စုလောက် အရှိန်အဝါမရှိပေမယ့်
ကြိုးစားနေတယ် ..... သူတင်တဲ့ အဆိုတွေ အကုန်မအောင်မြင်ပေမယ့် တစ်ချို့ဟာတွေ
လွှတ်တော်မှာ မှတ်တမ်း တင်နိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်တယ်......
ဦးသိန်းညွန့်လို လူတွေ လွှတ်တော်မှာ ရှိခြင်းအားဖြင့် အိပ်ငိုက်နေတဲ့
လွှတ်တော်အမတ်တွေနေရာမှာ လွှတ်တော်အမတ်ဆိုတာ ဘယ်လိုလုပ်ရတယ်ကွ ဆိုတာကို
ပြနေတဲ့ သင်္ကေတ တစ်ခုလို့ မြင်လာတယ်...... သူ့အဆိုတွေ မအောင်မြင်တာကတော့
နောက်ကွယ်က ထောက်ခံမယ့် လူတွေနဲ့ ဆိုင်မယ်.......
အဓိက အများစု မေးခွန်းထုတ်လာကြတာက
ဦးသိန်းညွန့်လို သာမန်လူတောင် ဒီလိုလုပ်နေချိန်မှာ လွှတ်တော် အမတ် ၄၄
ယောက်တောင် လွှတ်တော်ထဲကို ဝင်သွားတဲ့ ပါတီကြီးကလူတွေ ဘာလို့ ငြိမ်နေလဲ
ဆိုတာပဲဗျ.....
ခက်တာက NLD က အမတ်တွေ လွှတ်တော်ထဲ ဝင်သွားပေမယ့်
ပြောပလောက်အောင် ခိုင်မာတဲ့ အရွေ့တစ်ခု မဖန်တိးနိုင်ဘူး....... သာမာန်
လွှတ်တော်အမတ်တွေမို့လို့ မဖန်တီးနိုင်ရင် နိုင်ငံတကာက သိတဲ့
အတိုက်အခံခေါင်းဆောင်ရဲ့ ဖန်တီးမှု အရွေ့ ဆိုရအောင်ကလည်း မယ်မယ်ရရ မရှိ.....
အဲ့ဒါကို ထောက်ပြတိုင်းမှာ ဆက်ဆက်ခါ နာကြတယ်........
ဒီလူတွေရဲ့ လုပ်ဆောင်မှုတွေဟာ ခက်ခဲနေတဲ့အချိန်မှာ ရနိုင်သလောက် Space ကို
ချဲ့ယူပြီး ကြိုးစားနေတဲ့လူတွေလို့ပဲ မြင်တယ်...... ကျန်တာ
အကုန်ကောင်းလာမှ၊ ငါတို့တင်သမျှ အဆိုကို ထောက်ခံသူတွေ များလာမှ၊ အဆင်ပြေမှ
အဆိုတင်မယ် လုပ်မယ်ဆိုတဲ့ လွှတ်တော် အမတ်တွေ ကိုတော့ အချောင်သမား
စိတ်ဓါတ်နဲ့နေကြတဲ့ လွှတ်တော်အမတ်တွေလို့ပဲ ဆိုရမယ်...... လက်ရှိ အွန်လိုင်း
လော်ဘီတွေအရလည်း အဲ့ဒိလို လွှတ်တော်အမတ်တွေဟာ ဘယ်ပါတီကလည်း ဆိုတာ အများဆုံး
သိနိုင်တယ်..... ဝေးဝေးပြေးကြည့်ဖို့ မလိုဘူး NLD ပဲ.......
ဘာကြောင့် ဒါကို ထောက်ပြနေသလဲ မေးရင် လွှတ်တော်တစ်ရက် ကျင်းပတဲ့
ကုန်ကျစားရိတ်ဟာ သိန်း ၃၀ အထက်ရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားခဲ့ဘူးတယ်.....
ဒီအတွက် လွှတ်တော် ကျင်းပတဲ့ ရက်တွေ အသက်ဝင်ဝင်နဲ့ ပြည်သူလူထုအတွက်
အကျိုးရှိတာတွေ လုပ်စေဖို့ လွှတ်တော် အမတ်တွေကို တိုက်တွန်းရမှာပဲ......
နောက်မို့ဆိုရင် ဒီ ပိုက်ဆံ သိန်း ၃၀ ဟာ မြန်မာနိုင်ငံက မရှိဆင်းရဲ
မပြည့်စုံတဲ့ ကျောင်းတွေကို ဖြည့်ဆည်းဆောက်ပေးနေရင်တောင် အခုလောက်ဆို
တော်တော်လေးကို ခရီးရောက်နေပီ ဆိုတာပဲ...... ဒါကို ထောက်ပြသူ နည်းကြတယ်
ဘာကြောင့် လည်း ဆိုတော့ ဒေါင်းမိခင်နဲ့ ဖွတ်ဖခင်တို့ ပြေလည်နေသလို၊
စာနယ်ဇင်း အများစုကလည်း ဖွတ်ဥက္ကဌကို လက်ရှောင်နေကြတယ်......
အခုလက်ရှိ ဒေါ်စုက NLD ထက်သာတဲ့ ပါတီရှိရင် ထောက်ပြပါလို့ ဆိုတယ်......
ဒါပေမယ့် NLD ပါတီရဲ့ အရည်အချင်း ဆိုတာနဲ့ တိုင်းတာရင်က လူကြိုက်များတာကို
ဖယ်ထား၊ ဒေါ်စုရှိတာကို ဖယ်ထားရင် NLD ဆိုတာ ဘာဖြစ်မလဲ အထူးတလည်ကို
ပြောစရာမရှိတာ...... အမြောက်တပ်သားတွေနဲ့ တကယ်လုပ်သူတွေနဲ့ တစ်ချိန်းချိန်း
ရန်စောင်နေတဲ့ ပါတီရဲ့ ပကတိ ဖြစ်ရပ်မှန်ဟာ ဒီလှိုင်း သိန်း ၁၈၀၀ ကွာတာမှာ
ထွက်လာတယ်...... ဒီတော့ ပွင့်ပွင့်လင်းလင်း ဆိုရရင် NLD ဆိုတာ
ဒေါ်စုအရှိန်ကြောင့်ဆိုတာ ငြင်းမရဘူး..... ဒီအတွက် ပပဝတီကြောင့် ခုနှစ်ဆောင်
တိုက်ခန်း မီးလင်းတာကို မီးလာနေလို့ မီးလင်းတယ် ထင်နေတဲ့နောက်တော့
ဘယ်တော့မှ အဖြေမှန်ရမှာ မဟုတ်ဘူး......
အခုလက်ရှိက အဲ့ဒါကို မြင်အောင် ထောက်ပြနေတာ...... NLD
လောက်အရည်အချင်းရှိတဲ့ ပါတီ ဆိုရင် NLD ဘယ်လောက် အရည်အချင်းရှိလဲ
မေးလိုက်တာနဲ့ မဖြေနိုင်ကြဘူး..... လူထုထောက်ခံတာကို အရည်အချင်းလို့
မြင်ကြရင် ဒေါ်စုမရှိတဲ့နောက် NLD ဆိုတာကိုပါေ
မးထားတယ်.....မဖြေနိုင်ကြဘူး..... ကိုယ်တိုင်က မဖြေနိုင်ပေမယ့်
တစ်ခါတည်းတော့ သမုတ်လိုက် တယ် မုဒိတာ မရှိတဲ့ စာတဲ့...... အဲ့ဒိမှာတင်
ကိုယ့်ဟာကိုယ် တရားနည်းလမ်းကျသလား မကျသလား ဆိုတာကို
စဉ်စားမကြည့်နိုင်တော့ဘူး.... ဒီလောက် ပုဂ္ဂိုလ်ရေး အာဃာတ လုံးဝမပါတဲ့
သုံးသပ်ပြ ထားတဲ့အပေါ် အမှန်ကို လက်မခံနိုင်ကြတော့ ထုံးစံအတိုင်း
ဒီမိုနာမည်ခံတွေရဲ့ တံဆိပ်ကပ် ဖင်ပိတ်ငြင်းတာနဲ့၊ ယောက်ျားကြီးတန်မဲ့
ကွယ်ရာ အတင်းတုတ်ကြတာနဲ့ပဲ အဆုံးသတ်ကြ တယ် .......
နောက်တစ်ခု NLD ရဲ့ အခုအချိန်ထိ အားနည်းချက်ဟာ လူထုရဲ့ ယုံကြည်မှုကို
ကိုးစားလွန်ပီး တကယ့်အရေးကြီးတဲ့ ကိစ္စတွေမှာ Plan B ဆိုတာ မရှိခဲ့ဘူး.....
၉၀ ရွေးကောက်ပွဲမှာ အာဏာ လွှဲမပေးရင် ဘာလုပ်မလဲ Plan B မစဉ်းစားခဲ့ဘူး.....
ရွေးကောက်ပွဲအပြီး တစ်လကျော် ကြာတဲ့အထိ ငုတ်တုတ်နေခဲ့ပြီး ဟိုဘက်က
ချည်ပြီတုတ်ပီးမှ ကမန်းမတန်းထလို့ ဂန္ဓီကြေငြာစာတန်း ထုတ်ခဲ့တယ်......
ဒီလိုပဲ အစဉ်အဆက် ဒေါ်စုမရှိရင် ဘာဆက်လုပ်မလဲ မစဉ်းစားခဲ့ဘူး....
ပါတီခေါင်းဆောင်တွေ စစ်အစိုးရက ထောင်ထဲထည့်ပီး ပါတီကို နိုင်ငံမှာ
အတိုက်အခံရှိတယ် ဆိုတဲ့သဘောလောက် ထားခဲ့တာလည်း အမှတ်သညာ မရှိခဲ့ဘူး......
ဘာကြေငြာစာတန်း၊ ညာကြေငြာစာတန်း၊ အပြင်ကို မထုတ်ပြန်ခင်မယ်
ထောက်လှမ်းရေးကနေ ဒီစာတန်းပါ ဒီအချက်တွေကို ကျုပ်တို့ မကြိုက်ဘူး
ပြင်ပါဆိုပီး လှမ်းပြောလို့ ပြင်ခဲ့ရတဲ့အထိ အတော်လေးကို
အားနည်းခဲ့တာကိုလည်း ငြင်းမရဘူး...... အဲ့ဒိလိုပဲ အခု ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ပြင်မပေးရင် ဘာလုပ်မယ်ဆိုတဲ့ Plan B လည်းလုံးလုံးကို
မရှိကြဘူး....... ဒီလောက် ဒေါ်စု သွားလာနေတယ် သူမ ပင်ပန်းလို့ မတော်
ကျန်းမာရေးကြောင့် ပါတီကို ဦးမဆောင်နိုင်ရင် ဘယ်လိုလမ်းစဉ်တွေနဲ့
ရှေ့ဆက်မလဲ လုံးဝကို မရှိသေးဘူး...... ဒေါ်စုကိုယ်တိုင် ပြောထားတဲ့
စကားကလည်း သူမနောက်ပိုင်း NLD အတွက် စဉ်းစားကို မထားသေးဘူး
ဆိုတဲ့စကား...... ဒီအားနည်းချက်တွေကို မမြင်ပဲ NLD ထက်သာတဲ့ ပါတီရှိရင်
ထောက်ပြပါ ဆိုတဲ့စကားဟာ အတော်လေး မိုက်မဲတယ်ပဲ ဆိုရမယ်..... လက်ရှိ အရှိကို
မမြင်တာလို့ပဲ မြင်မိတယ်......
အဓိက တိုင်းပြည်ကို အားလုံး ကောင်းစေချင်တယ်..... အဲ့ဒိအတွက် အရှိကို
အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း မြင်ဖို့လိုတယ်..... အဓိက
အတိုက်အခံအနေနဲ့ လူသိနေတဲ့ ကမ္ဘာသိတဲ့ NLD အနေနဲ့ အခြားသော နိုင်ငံရေး
ပါတီတွေထက်ကို ကြိုးစားပြဖို့လိုတယ်..... ကိုယ်ကိုယ်တိုင်က ကြိုးစားမပြပဲ
မဏ္ဍပ်တိုင်ပေါ်ပဲ တက်ပြနေရင်တော့ ၂၀၁၅ မှာ ထင်သေလာက် ရလာဘ်မကောင်းရင် ဆက်ပြီး
နာမှာ ပြည်သူလူထုပဲ...... အဲ့ဒိအခါကြမှ အခုလို ဟိုလူ့လက်ညှိုးထိုး
ဒီလူ့လက်ညှိုးထိုးဟာ အတော်လေးကို ရွံ့စရာကောင်းတဲ့ တာဝန်ယူမှုပဲ ဆိုတာ
သိကြပါစေလို့ပဲ ပြောချင်မိတယ်........
၂၀၁၅ တော့ ကျုပ်ဘယ်ပါတီမှကို မဲမပေးဘူး စိတ်ပျက်လို့......
ဒီစာနဲ့ ပါတ်သက်လို့ ချက်နဲ့ လက်နဲ့ ထောက်ပြနိုင်သူ အားလုံးကို ကြိုဆိုတယ်၊
တစ်ယူသန် ငါသိတာ အမှန်ဆိုပီး ပြန်ထောက်ပြတဲ့ စကားတွေကို
ဂရုမစိုက်သူမျိုးကို သိပ်ပီး လက်ခံ စကားမပြေဘူး..... ဆဲချင်လည်းဆဲ.....
ဘာဆိုတာ အထူးတလည် ပြောဖို့ မရှိဘူး.......
မှတ်ချက် ။ ။ NLD နဲ့ ပါတ်သက်လို့ ဝေဖန်တိုင်းမှာ ဒီလိုစာ
ထည့်ရေးနေရတဲ့နောက်တော့ ခင်ဗျားတို့ အဆင့်အတန်း ခင်ဗျားတို့
စဉ်းစားကြပေါ့........
ဒီမှာ ပြောကြတဲ့ စကားတွေအပေါ် အခြေခံပြီး ရေးပါတယ်.......
https://www.facebook.com/khaing.min/posts/10151891999639656
Voice of James Mint Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
0 comments