Related Posts Plugin for WordPress, Blogger...


လာမည့် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ၈၈ မျိုးဆက်ကျောင်းသား တချို့မိုးသီးဇွန် အပါ အ၀င် နိုင်ငံရေးပါတီ ထူထောင် မည်ဟု ပြောဆို ခဲ့ပြီး ရွေးကောက် ပွဲဝင်ကြ မည်ဟု ပြောဆိုခဲ့သောကြောင့်နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများမှလည်း စိတ်ဝင်စား စွာ စောင့် ကြည့်နေကြသည်။

နိုင်ငံရေး လေ့လာသူ အချို့မှလည်း ၈၈မျိုးဆက်များအနေဖြင့် ပါတီတစ်ခုထူထောင်ပြီး နိုင်ငံရေးကို ထဲထဲဝင်ဝင် ၀င်ရောက်လုပ်ကိုင်စေကြသလို  NLDပါတီနှင့် ပူးပေါင်းကာတိုင်းပြည် အနာဂတ် အရေးအတွက် ၀င်ရောက်လုပ်ကိုင်စေလိုကြသည်။သို့ သော်လည်း ၈၈မျိုးဆက်များအနေဖြင့် အရပ်ဘက် လူမှု အဖွဲ့ အစည်းများတွင် လုပ်ကိုင်နေကြသော အတွေ့ အကြုံသာ ရှိသည့်အတွက် ပါတီ တစ်ခုထူထောင်ကာ နိုင်ငံရေးလုပ်မည်ဆိုပါက အခက်အခဲများနှင့် ရင်ဆိုင်ရမည်မှာလည်း မလွဲ ဧကန်ပင်ဖြစ်ပါသည်။

၈၈မျိုးဆက်များအနေဖြင့်လည်း NLDပါတီနှင့် ပူးပေါင်းကာနိုင်ငံရေးလုပ်ဆောင်မည်ဆိုလျှင် တိုင်းပြည် အနာဂတ်အကျိုးရှိမည်ဟု လူအများက ယူဆကြသော်လည်း ၈၈မျိုးဆက်များ၏ အခြေအနေကို ကောင်းစွာ သိရှိသော NLD ပါတီဝင်များမှ ပူးပေါင်းလုပ်ဆောင်ကြရန် ယခုအချိန်ထိ တွန့် ဆုတ်နေဆဲဖြစ်သည်။NLD ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှလဲ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွင်လဲမှတ်သားလောက် ဖွယ် စွမ်းဆောင်နိုင်မှုမရှိသော ၈၈မျိုးဆက်များနှင့် လက်တွဲလုပ်ဆောင်ရန် လက်ခံနိုင်မည့် အခြေအနေ မရှိသေးပေ။

၈၈မျိုးဆက်များနှင့် ပတ်သတ်၍ NLD ပါတီအတွင်းလူတစ်ဦးကမူ"အမေစုက သူတို့ ကို အလုပ်ကို အလုပ်နဲ့တူအောင်မလုပ်တာကို သဘောမကျတာဗျ။နောက်ပြီး ၈၈ဆိုတာ အခုနောက်ပိုင်း အချင်းချင်း စည်းလုံးမှု မရှိတာတွေကော၊ပြည်သူတွေက လဲငြိုငြင်လာကြ တာတွေကော ပါမှာပေါ့ဗျာ။ အဲ့တာတွေတော့ အမေစုက ပိုသိမှာပေါ့" ဟု Shwe News သို့ ပြောဆိုခဲ့သည်မှာလည်းပြည်သူတို့ သိရှိ ပြီးဖြစ်ပါလိမ့်မည်။။


တစ်ခုရှိတာက နိုင်ငံရေးဆိုတာကလဲ သူများပြောတာ ကြားဖူးနားဝဖြစ်ပြီး ဒို့ အရေးအော်ယုံနဲ့ တင် နိုင်ငံရေး သမားဖြစ်နေကြတဲ့ ၈၈မျိုးဆက်ဆိုသူတွေကို ဘယ်လိုလုပ်ပြီး နိုင်ငံတော်အတွက် ယုံကြည်စိတ်ချ အားကိုးရမလဲဆိုတာပဲဖြစ်ပါတယ်။ ဘယ်လိုပညာရပ်မျိုးဖြစ်နေပါစေ။သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်ပဲ ၀င်လုပ်ရင် အလွဲတွေနဲ့ ပဲကြုံရမှာဖြစ်ပါတယ်။ အမှန် အတိုင်းပြော ရလျှင် ထောင် ထဲမှာသာအချိန်ကုန်ခဲ့ပြီး"စိတ်ကူးယဉ်နိုင်ငံရေး"လုပ်လာကြတဲ့ ၈၈မျိုးဆက်များ အတွက် ထောင်မှ ထွက်လာပြီး နိုင်ငံရေး အနဲအကျဉ်းဝင်လုပ်ကာ အလွဲလွဲ အချော်ချော်တွေ ဖြစ်နေကြတာလဲ အားလုံး သိရှိပြီးသားဖြစ် ပါလိမ့်မည်။

ဒါ့ကြောင့် ဒို့ အရေးအော်ပြီး နိုင်ငံရေးသမားဖြစ်နေကြသော ၈၈မျိုးဆက်များအနေဖြင့်ကျွမ်းကျွမ်း ကျင်ကျင် မတတ်မြောက်သေးတဲ့ နိုင်ငံရေးကို လေ့လာနေကြသလား၊အီးယောင်ဝါးလုပ်ပြီး နိုင်ငံရေး လုပ်စားနေကြအုံး မလားဆိုတာကတော့ ၄င်းတို့ ၏လုပ်ဆောင်မှုများကပင် သက်သေပြသွား မည်ဖြစ်ပါသည်။


From: မျိုးချစ်သူ

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ