Related Posts Plugin for WordPress, Blogger...

From : ..emg



အရက်၊ ဘီယာများ ဖြန့်ဖြူးနေသည်ဟု သတင်းပေးထားသော GMG ကုမ္ပဏီအား ဒုတိယမြောက် နေ့အဖြစ် စက်တင်ဘာ ၁၉ ရက်က ထပ်မံရှာဖွေရာတွင် အရက်ပုလင်းဟောင်း ၃၈၀၀၀ ကျော် တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ရှာဖွေရခြင်းမှာ အိမ်သုတ်ဆေး၊ လူသုံးကုန်ပစ္စည်းနှင့် ပိုက်များအား အဓိကထား တင်သွင်းဖြန့်ဖြူးနေသည်ဟု ဆိုထားသော GMG ကုမ္ပဏီမှာ အရက်နှင့် ဘီယာများ တင်သွင်းဖြန့်ဖြူး နေသည်ဟု စက်တင်ဘာ ၁၇ ရက်က သတင်းပေးပို့မှု တစ်ခုရရှိပြီးနောက် Mobile Team အဖွဲ့မှ ၀င်ရောက်ရှာဖွေရန် စက်တင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်မှစ၍ ၎င်းစက်ရုံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအဖွဲ့တွင် Mobile Team မှ တာဝန်ရှိသူများ၊ အကောက်အခွန်မှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များနှင့် ခရိုင်ရဲတပ်ဖွဲ့အဆင့်နှင့် ရေကြောင်းရဲတပ်ဖွဲ့တို့မှ စုစုပေါင်း အင်အား ၄၀ ခန့်ဖြင့် ရှာဖွေခဲ့ကြောင်း သိရသည်။

ရှာဖွေရေး အဖွဲ့များမှ စက်တင်ဘာ ၁၈ ရက်တွင် ဂိုဒေါင်တစ်လုံးသာ ရှာဖွေစစ်ဆေးနိုင်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင်မူ ကုမ္ပဏီရှိ ဂိုဒေါင်များအားလုံးကို စစ်ဆေးနိုင်ခဲ့ရာတွင် ခြောက်ခုမြောက် စစ်ဆေးခဲ့သော ဂိုဒေါင်၏ အနောက်ဘက်တွင် အရက်ပုလင်းဟောင်းများကို တွေ့ရှိခဲ့ကြောင်း Mobile Team အဖွဲ့မှ သိရသည်။

ရှာဖွေတွေ့ရှိခဲ့သော အရက်ပုလင်း ဟောင်းများအား ခြင်းများနှင့် ဖာတောင့်များအတွင်း ထည့်ထားသည်ကို တွေ့ရှိရပြီး အိန္ဒိယနိုင်ငံထုတ် Tiger တံဆိပ်ပါပုလင်း အလုံး ၆၀၊ ပုလင်းပြား ၃၈၂၉၆ ပြားနှင့် Bonus ၀ီစကီ အမည်ဖြင့် ပုလင်း ၂၀ ကျော်ခန့် ဖြစ်ကြောင်း သိရသည်။

''ဒီအချက်အလက်တွေကို အထက်ကို တင်ပြသွားမယ်။ ပြီးမှဘာဆက် လုပ်သွားမယ်ဆိုတာ သိရှိနိုင်မယ်'' ဟု Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းအရက် ပုလင်းများမှာ မိမိတို့ တင်သွင်းခြင်း မဟုတ်ကြောင်း၊ လွန်ခဲ့သော နှစ် ၂၀ ခန့် ကတည်းက အရက်ပုလင်းများအား ကုမ္ပဏီတစ်ခုမှ လာရောက် အပ်နှံထားခြင်း ဖြစ်ကြောင်း GMG ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူထံမှ သိရသည်။

လက်ရှိတွင် GMG ကုမ္ပဏီ၏ ပစ္စည်း အထုတ်၊ အသွင်းအား ကန့်သတ်ထားပြီး Mobile Team၊ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးဌာနများနှင့် စုစည်းပြီး လုံခြုံရေးယူ ထားကြောင်း သိရသည်။

Mobile Team ရှာဖွေတွေ့ရှိခဲ့သော အရက်ပုလင်းများအား တွေ့ရစဉ်


.. www.MyanmarExpress.net

Posted by Arakan Man on 9/20/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ