
မနီလာ စက်တင်ဘာ ၂၅
ဖိလစ်ပိုင် စစ်ဘက်အနေဖြင့် မိုရိုအမျိုးသား လွတ်မြောက်ရေး တပ်ဦး (MNLF) မှ
ခွဲထွက် သူပုန်များအား ရှင်းလင်းသုတ်သင်ရန် ကြိုးပမ်းမှုအဖြစ်
ဇမ်ဘိုအန်ဂါမြို့အား လေကြောင်း တိုက်ခိုက်မှု နောက်တစ်ကြိမ် ထပ်မံ
ပြုလုပ်ခဲ့ကြောင်းနှင့် အစိုးရ တပ်ဖွဲ့များနှင့် သူပုန်များအကြား
တိုက်ခိုက်မှုမှာ ရက်သတ္တ ၃ ပတ် ကျော်ကြာမြင့်ခဲ့ ပြီဖြစ်ကြောင်း စက်တင်ဘာ ၂၄
ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရ သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် လူ
၁ဝဝ ကျော် သေဆုံးခဲ့သည်။ ထို့အပြင် ဒေသခံ ၁ဝဝ,ဝဝဝကျော် တို့သည် နေအိမ်များ
စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကြောင့် လူသားချင်း
စာနာ ထောက်ထားမှု ဆိုင်ရာပြဿနာ တစ်ရပ်အဖြစ် ပေါ်ပေါက် လာခဲ့ကြောင်းနှင့်
၎င်းဒုက္ခသည်များကို ထောက်ပံ့ ကူညီမှုများ ပိုမိုပေးအပ်သွားရန် အစိုးရ အနေဖြင့်
မေတ္တာရပ်ခံထားကြောင်း သိရသည်။
ဖိလစ်ပိုင် အစိုးရအနေဖြင့် လတ်တလော ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက်
အမေရိကန် ဒေါ်လာ ၁၇၆ သန်း သုံးစွဲရန် ခွင့်ပြုထားသည်။ သို့ရာတွင် အဆိုပါ
ဒုက္ခသည်များအား မူလ အနေအထားသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ရာတွင်
အချိန်အနည်းငယ် ယူရလိမ့်မည် ဖြစ်ကြောင်း သိရသည်။
အခြားသတင်းတစ်ရပ်အရ အစိုးရ တပ်ဖွဲ့များနှင့် သူပုန်များအကြား
တိုက်ခိုက်မှုများကြောင့် ဒေသခံ ၁၃၂ ဦး သေဆုံးခဲ့ရကြောင်း၊ အိမ်ခြေ ၁ဝ,ဝဝဝ
ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံ ၁၅၈,ဝဝဝ ကျော် နေအိမ်စွန့်ခွာ
ထွက်ပြေးခဲ့ရကြောင်း၊ ၁ဝ၉,ဝဝဝ ခန့်မှာ ဇမ်ဘိုအန်ဂါမြို့မှ ထွက်ပြေး
တိမ်းရှောင်လာသူများဖြစ်ပြီး ၁၉,ဝဝဝခန့်မှာ ဘာစီလန် ပြည်နယ်မှ ထွက်ပြေး
တိမ်းရှောင် လာသူများ ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံရှိ လူသားချင်း
စာနာထောက်ထားမှု ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှူးနှင့် ကုလသ မဂ္ဂဆိုင်ရာ
တာဝန်ရှိသူ လွိုင်ဇာကာဗယ်ဟိုက စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင် အာဏာပိုင်များ၏ ပြောကြားချက်အရ တိုက်ခိုက် မှုတွင် သူပုန် ၁၁ဝ
ဦးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့ကြောင်းနှင့် ဓားစာခံ ၂ဝဝ
ခန့် ပြန်လည်လွတ် မြောက်လာခဲ့ကြောင်း သိရသည်။
http://www.mwdmedia.net
0 comments