Related Posts Plugin for WordPress, Blogger...


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖြန့်ဖြူးရောင်းချနေသော မိုဘိုင်းလ်ဖုန်း ကြိုတင် ငွေဖြည့်ကတ်များမှာ သတ်မှတ်ကာလထက် ကျော်လွန်နေသော်လည်း ရောင်းချသုံးစွဲရခြင်း မရှိသေးသော သက်တမ်းလွန် ကတ်များကို သက်ဆိုင်ရာ ကိုယ်စားလှယ်များမှ တစ်ဆင့် တစ်လအတွင်း ပြန်လည် လဲလှယ်ပေး မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်ဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ သက်ဆိုင် ရာ တရားဝင် ကိုယ်စားလှယ်များက အကြောင်းအမျိုး မျိုးကြောင့် မရောင်းချလိုက်ရသော သက်တမ်းလွန် ငွေဖြည့်ကတ်များ ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သက်တမ်းတိုးပေးနိုင်ခြင်း မရှိသော်လည်း ကတ်အသစ်ဖြင့် အစားထိုးပေးနိုင်မည် ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင် ရည် အကဲဖြတ်အဖွဲ့က ကြေညာထားသည်။ “လဲလှယ်ပေးတာကတော့ GSM, CDMA, WCDMA အကုန်လုံးပဲ။ တရားဝင် ကိုယ်စားလှယ်တွေက Customer တွေဆီက သက်တမ်း လွန် ငွေဖြည့်ကတ်တွေကို စုထားပြီး လာပို့ပေးရတယ်။ 

အဲဒီကတ်တွေကို MPT မှာ သုံးပြီး မသုံးပြီး လာစစ်ပြီးတော့မှ လဲပေးတာ” ဟု အဆိုပါ မိုဘိုင်းလ်ဌာနမှ အရာရှိတစ်ဦးက ဆိုသည်။ သက်တမ်းလွန် ငွေဖြည့်ကတ်များကို သက်တမ်းကုန်သည့် နေ့ရက်မှ တစ်လ အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏  တရားဝင် ကိုယ်စားလှယ်က အခကြေးငွေ မယူဘဲ  ငွေဖြည့် ကတ် အသစ်ဖြင့် အစားထိုး ပြန်လည် ထုတ်ပေးနေကြောင်း၊ ကိုယ်စားလှယ်ဆိုင်များ လက်ခံ ထားသော သက်တမ်းလွန် ငွေဖြည့်ကတ်များကို နောက်ထပ် တစ်လအတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သို့ အပ်ရ မည် ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့က ကြေညာ ထားသည်။ “ငွေဖြည့်ကတ် သက်တမ်းလွန် သွားတာမျိုးတော့ ဆိုင်မှာတော့ သိပ်မကြုံ ဘူး။ အနည်းအကျဉ်းပါ။ ပြန်လဲရင် အလုပ်ရှုပ်လို့ တစ်ခုနှစ်ခုလောက်ဆို မလဲဖြစ်ဘူး” ဟု ရန်ကုန်မြို့ရှိ Star Mobile ဆိုင်မှ တာဝန်ရှိသူ ဦးဇော်မင်းက ဆိုသည်။

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ်များအတွက် လိုအပ်သော အချက်အ လက်များကို မှတ်တမ်းပြုလုပ်၍ ဖြန့်ဖြူးရောင်းချမည့် သက်ဆိုင်ရာ ကုမ္ပဏီထံသို့ လွှဲပြောင်းပေး ရာတွင် ငွေဖြည့်ကတ်သက်တမ်း (Expiry Date) ကို မှတ်တမ်းစတင်ပြုလုပ်သည့် ရက်မှစတင် ၍ ခြောက်လ သတ်မှတ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Posted by Arakan Man on 9/20/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ