Related Posts Plugin for WordPress, Blogger...



မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေ မပြီးဆုံးသေးပေမယ့်၊ အခက်အခဲတွေကြားကနေ အပြောင်းအ လဲတွေ ဖြစ်ပေါ်လာအောင် အရပ်ဘက်အဖွဲ့အစည်းတွေက ကြိုးစားနေကြတာဟာ လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းပကားကို ပြသနေတယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောလိုက်ပါ တယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မပြီးဆုံးသေးပေမယ့် အခက်ခဲဆုံး အခြေအနတချို့ကြား ကနေ အပြောင်းအလဲတွေဖြစ်လာအောင် စွမ်းဆောင်နေကြတာဟာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းပကားကို သက်သေပြနေတာပဲဖြစ်တယ်လို့” သမ္မတအိုဘားမားက ပြောကြားသွားတာဖြစ်ပါတယ်။

နိုင်ငံရေးလူမှုရေး အပြောင်းအလဲတွေမှာ ပြည်သူတွေက တက်ကြွတဲ့အခန်းကဏ္ဍကနေပါဝင်တဲ့ အလေ့အထ ဟာ အမေရိကန်ပြည်ထောင်စုရဲ့ လက်ဆောင်တွေပဲဖြစ်တယ်လို့လည်း ဒီဆွေးနွေးပွဲမှာ မစ္စတာအိုဘားမားက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ မနေ့ကကျင်းပတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ နဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂဆွေးနွေးပွဲမှာ သမ္မတ အိုဘားမားက အခုလို ပြောကြားလိုက် တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက Triangle အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရေးအဖွဲ့ ကိုယ်စားလှယ် မခင်လေး တက်ရောက်ပြီး မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းတွေ ရင်ဆိုင်ရတဲ့အခက်အခဲနဲ့ အောင်မြင်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ မခင်လေးနဲ့ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Jan Eliasson အပါအဝင် နိုင်ငံ တကာက လူမှုရေးနဲ့ လူ့အခွင့်အရေး ဆောင်ရွက်နေသူ ၆ ဦး တက်ရောက်ပြီး   ဆွေးနွေးဟောပြောခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ Susan Rice တို့လည်း တက်ရောက်ခဲ့ကြပါတယ်။


From: RFA Burmese

www.mmdailystar.com

Posted by Unknown on 9/26/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ