Related Posts Plugin for WordPress, Blogger...


usoethein-305.jpg
ပြည်နယ်တိုင်းအသုံးစရိတ်ဆွဲဖို့ စက်တင်ဘာလ ၃ ရက်နေ့ က ပြည်ထောင်စုဝန်ကြီး၊ 
ကယားပြည်နယ်အစိုးရနဲ့ ဒေသခံ တို့တွေ့ဆုံပွဲ
photo: RFA/ Nay Thwae

ပြည်နယ်ဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ လာမယ့်ဘဏ္ဍာရေးနှစ် အသုံးစရိတ်ကို လူထုလိုအပ်ချက်အတိုင်း တင်ပြကြဖို့ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မနေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့၊ မြို့တော်ခန်းမမှာ မနေ့ကကျင်းပခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ကယားပြည်နယ်အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ တွေ ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့တာပါ။
လာမယ့် စက်တင်ဘာလထဲမှာ ပြည်နယ်တိုင်းဒေသကြီး အသုံးစရိတ်ကို ဆွဲကြမှာဖြစ်တယ်၊ ယခင်နှစ်က ၂ ဘီလီယံလောက်ရတယ်၊ အခု ၁ဝ ဘီလီယံဖြစ်ရင်လည်းဖြစ်မှာပေါ့၊ အဲဒါကိုပြည်နယ်တိုင်း ဒေသကြီးအစိုးရက နားလည်ဖို့လိုပါတယ်၊ တခါတလေကျရင် ကြောက်တာပေါ့နော်၊ ကျနော်တို့ကတော့ ၂ ကျပ်တောင်းတယ် အခု ၁ဝ တောင်းတဲ့အခါကျတော့ သမ္မတကြီးက စိတ်ဆိုးမလား၊ သမ္မတကြီးစိတ်ဆိုးတာ ကိုယ့်အလုပ်မဟုတ်ဘူး၊ တောင်းရမှာ ကိုယ့်အလုပ်၊ ဘာ့ကြောင့်လဲဆိုတော့ ပြည်သူလူထုကလိုချင်လို့၊ အဲဒီ mindset ကို ပြောင်းလိုက်စမ်းပါလို့ ကျနော်ပြောချင်တယ်”
ီးခဲ့တဲ့ဘဏ္ဍာရေးနှစ်အထိ ပြည်နယ်ဲ့ တိုင်းဒေသကြီး အသုံးစရိတ်တွေဟာ စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့အတိုင်း ဖြစ်နေတယို့ သိရပါတယ်။ အခုလာမယ့် ဘဏ္ဍာရေးနှစ်မှာတော့ ပြည်နယ် တိုင်းဒေသကြီးတွေရဲ့ တကယ့်လိုအပ်ချက်အတိုင်း ရေးဆွဲကြို့ တိုက်တွန်းပြောခဲ့တာပါ။
နေ့က ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးတင်နိုင်သိန်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးအပြင် ပြည်နယ်အစိုးရအဖွဲ့ ၊လူမှုအဖွဲ့အစည်းတွေနဲ့ ကယားပြည်နယ်မြို့ နယ် ၇ မြို့ နယ်က ဒေသခံတွေလည်း တက်ရောက်ခဲ့ကြပါတယ်။


RFA Burmese

Posted by Arakan Man on 9/04/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ