Related Posts Plugin for WordPress, Blogger...

Photo: ယမန်နှစ် ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်သူများ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရမှု တစ်နှစ်ကျော် ကြာသည်အထိ မပြီးပြတ်သေး

ယမန်နှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ခဲ့သူများအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲ ခံရသည့် အမှုများမှာ တစ်နှစ်ကျော် ကြာသည်အထိ မပြီးသေးဘဲ ကြန့်ကြာနေကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက် တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေး လိုလားသည့် အဖွဲ့အစည်း အသီးသီးမှ လမ်းလျှောက် ခဲ့သူများအား ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသည့် အမှုများမှာ တစ်နှစ်ကျော်သည်အထိ ကြန့်ကြာနေသည့်အတွက် အချိန်ကုန်၊ ငွေကုန် လူပင်ပန်း ဖြစ်နေကြရကြောင်း ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ရာတွင် ပါဝင်ပြီး ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထား ရသည့် ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ မမေစံပယ်ဖြူက ဆိုသည်။

''တစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းရေးနေ့ လမ်းလျောက်လို့ ပုဒ်မ ၁၈ နဲ့ တရားစွဲခံရတာက ၁၃ ဦးရှိတယ်။ တောင်ကြီးက နှစ်ယောက်ကတော့ ဒဏ်ငွေနဲ့ ပြီးသွားတယ်။ ရန်ကုန်မှာက ၉ ယောက် ရှိတယ်။ ကျွန်မနဲ့ ကိုဂျော်ဂွန်း နှစ်ယောက်ပေါင်း တရားစွဲခံထားရတာ နှစ်မှု၊ ကိုးယောက်လုံး တရားစွဲခံရတာက လေးမှုရှိတယ်။ ကျွန်မနဲ့ ကိုဂျော်ဂွန်းတို့ ၂ မှုက တရားလိုတွေ၊ တရားလိုပြသက်သေ စစ်ပြီးပြီ၊ စွဲချက်တင်သင့် ဆုံးဖြတ်ဖို့ ကျွန်မတို့ဘက်က လျှောက်လဲချက်တင်ဖို့ ရှိတယ်။ ကျန်တဲ့လေးမှုကတော့ တရားလိုနဲ့၊ တရားလိုပြ သက်သေတွေကိုတောင် ကုန်အောင် မစစ်ရသေးဘူး။ ကြန့်ကြာနေတော့ အချိန်တွေကုန်တယ်။ ငွေတွေကုန်တယ်။ လူပင်ပန်းတယ်'' ဟု မမေစံပယ်ဖြူက ဆိုသည်။

လက်ရှိအချိန်အထိ တစ်နိုင်ငံလုံး အနေဖြင့် ရုံးချိန်းပေါင်း ၁၃၀ ကျော်ထိ ခေါ်ယူထားပြီး ဖြစ်ကြောင်း သိရသည်။

''ငြိမ်းချမ်းရေးကို တကယ်လိုလားတဲ့ အစိုးရသာဆိုရင် ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်တဲ့ သူတွေကို ပုဒ်မ ၁၈ နဲ့ စွဲတာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကျွန်မတို့က အုံကြွနေတာလည်း မဟုတ်ဘူး။ ဘယ်သူ့ကိုမှ ဒုက္ခပေးနေတာလဲ မဟုတ်ဘူး'' ဟု မမေစံပယ်ဖြူက ဆိုသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့၌ ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ် နေသူများ (ဓာတ်ပုံ-အောင်ဇော်ထွန်း)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ