Related Posts Plugin for WordPress, Blogger...

ညီညွတ်သော တိုင်းရင်းသားလူ မျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC ) နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ၏ နိုင်ငံရေး တွေ့ ဆုံေ ဆွးနွေးပွဲသို့ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်နိုင်မည် မဟုတ် ကြောင်း ကိုယ်ရေးအရာ ရှိ ဒေါက် တာ ဒေါ်တင်မာအောင်က ပြောသည်။

ယခုလ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပမည့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒေါ် အောင်ဆန်းစုကြည်အား ပထမဆုံးအ ကြိမ်အဖြစ် UNFC က ဖိတ်ကြားခဲ့ သည်။

ဒေါက်တာဒေါ်တင်မာအောင်က ”အစ်မ(ဒေါ်အောင်ဆန်းစုကြည်)က အပွိုင့်မန့်ယူထားပြီးရင် ပျက်ကွက်လေ့ မရှိပါဘူး။ ကြိုတင်စီစဉ်စရာတွေ ရှိနေ လို့ပါ”ဟု ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ယခုလ ၁ဝ ရက်မှစ၍ ဥရောပ သုံးနိုင်ငံခရီးစဉ် ရှိနေသည့်အတွက် မအားမလပ်သည့်အကြောင်း ယခင်လ ၂၈၊ ၂၉ ရက်ကပင် အကြောင်းပြန်ကြား ထားသည်ဟု UNFC မှ တွဲဖက်အထွေ ထွေ အတွင်းရေးမှူးဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်။

”သူ့အနေနဲ့ ဆွေးနွေးပွဲကို စိတ် ဝင်စားတယ်။ မတက်ရောက်နိုင်တဲ့အ တွက် ဝမ်းနည်းတယ်။ ဖိတ်ကြားတဲ့ အတွက် ကျေးဇူးတင်တယ်ဆိုတာ အကြောင်းပြန်ပါတယ်။ ပြီးတော့ ကျွန် တော်တို့ရဲ့ စီစဉ်ထားတဲ့စာရွက် စာတမ်း တွေ အယူအဆတွေလည်းသူက သိချင် တယ်။ တချို့ကိုဆိုလည်း သူ လေ့လာ နိုင်အောင် ပို့ထားတာရှိပါတယ်” ဟု ၄င်းက ပြောသည်။

UNFC အနေဖြင့် ဒေါ်အောင် ဆန်းစုကြည်အား နိုင်ငံရေးဆွေးနွေးပွဲသို့ ဖိတ်ကြားရခြင်းမှာ တိုင်းရင်းသား လက် နက်ကိုင်များနှင့် အစိုးရ ကြား ဆွေးနွေး ချက်များ၊ ရရှိသည့်သဘောတူညီမှု များ စသည်တို့ အပေါ်လိုအပ်လျှင် သက်သေ ခံနိုင်ရန်တစ်နေ့တစ်ချိန်တွင် အထောက် အထားရနိုင်ရန် မျက်မြင်သက်သေ အဖြစ်ပါဝင်ပြီး လုပ်ဆောင်ရန် ဖိတ်ခဲ့ ခြင်းဖြစ်ကြောင်း၊နောက်နောင်တွင် မည် သူ့တွင် တာဝန်ရှိသည်ကို ရှင်းရှင်းလင်း လင်း ဒေါ်အောင်ဆန်းစုကြည် အနေ ဖြင့်သိနိုင်ကြောင်း ဗိုလ်မှူး ကြီးခွန်ဥက္ကာ က ပြောသည်။

UNFC သည် ပြည်ထောင်စုအ ဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးရန် အကြိုညှိနှိုင်း တွေ့ဆုံပွဲကို ယခင်လနှောင်း ပိုင်းက ချင်းမိုင်တွင် ပြု လုပ်ခဲ့သည်။ UNFC ကို ကချင်လွတ်လပ်ရေးအဖွဲ့ ( KIO ) ၊ ကရင်အမျိုးသား အစည်းအရ ( KNU )၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ( PNLO ) ၊ ရခိုင် အမျိုးသားကောင် စီ ( ANC ) အပါအဝင် အဖွဲ့ ၁၁ ခုဖြင့် ၂ဝ၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
 
From:popular

www.mmdailystar.com

Posted by Arakan Man on 9/05/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ