Related Posts Plugin for WordPress, Blogger...


မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်တည်းခိုခန်းများရှိ အိပ်ခန်းများ၌ ဗီဒီယိုကင်မရာများအား ထားရှိကာ အဆိုပါ ဗီဒီယိုဖိုင် များကို အင်တာနက်နှင့် လူမှုကွန်ရက်အတွင်း၌ ပျံ့နှံ့သွားပါက ကာယကံရှင်များမှ အဆိုပါကိစ္စအား ကျေနပ်မှု မရှိပါက တရားစွဲဆိုပိုင်ခွင့်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊  ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဟိုတယ်တွေမှာ လုံခြုံရေးအရCCTV တပ်ခွင့်ပေးထားပေမယ့်၊ အိပ်ခန်းတွေထဲမှာတော့ တပ်ခွင့်မရှိဘူး၊ ကိုယ့် ညစ်ညမ်းပုံတွေအပါအ၀င် ကိုယ့်ရဲ့ အတွင်းရေးကိစ္စတွေ အပြင်မှာပျံ့နှံ့သွားပြီဆိုအရင် အသရေ ဖျက်မှုနဲ့ တရားစွဲလို့ ရသလို အခြားပုဒ်မတွေနဲ့လည်း တရားစွဲမယ်ဆို စွဲနိုင်ပါတယ် ဟု ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့ခြင်းဖြစ်သည်။
 
ယခုရက်ပိုင်းအတွင်း အင်တာနက်လိုင်းများ၌ ပျံ့နှံ့နေသည့် ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးတစ်ခုမှ လျှို့ဝှက်ကင်မရာတပ်ဆင်၍ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းနှင့်ပတ်သက်၍ ဟိုတယ်လုပ်ငန်းမှ အမျိုးသမီးတစ်ဦးကလည်း ယခုကဲ့သို့ဆိုထားသည်။

သတင်းတွေကတော့ အပြင်မှာပျံ့နေတယ်၊ ကျွန်မတို့အနေနဲ့ အခုအချိန်မှာ ဘာမှ အတည် မပြုနိုင်သေးပါဘူး ဟု ရန်ကုန်ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးတစ်ခုမှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိအမျိုး သမီးတစ်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။အဆိုပါဗီဒီယိုမှတ်တမ်း၌ အနုပညာရှင် အသိုင်းအ၀ိုင်း မှနာမည်ကြီးသူများ၊ စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် အကြီးအကဲ တာဝန်ရှိသူ အချို့ပါဝင်သည်ဟု သတင်းများပျံ့နှံ့နေသည့်အပေါ်တွင် အဆိုပါအမျိုးသမီးက ယခုကဲ့သို့ပြောကြားလိုက် ခြင်းဖြစ်သည်။

အဆိုပါ ဗီဒီယိုမှတ်တမ်း၌ နေပြည်တော်၊ ရန်ကုန်၊ ချောင်းသာနှင့် မန္တလေးဒေသများရှိ ဟိုတယ်ပေါင်း ၆ ခု၌ ၂၀၁၃ ခုနှစ်အတွင်း တည်းခိုခဲ့ကြသူများ၏ မှတ်တမ်းဗီဒီယိုများလည်း ပါရှိသည်ဟု သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။အဆိုပါ နမူနာဗီဒီယို မှတ်တမ်းမှာ (၁၀)နာရီစာ ဖြတ်တောက် ထားခြင်း ဖြစ်ကြောင်း၊အဆိုပါ ဟိုတယ်မှ တာဝန်ရှိသူ များနှင့် တာဝန်ရှိသူများအနေဖြင့် အဆိုပါ လျှို့ဝှက်ကင်မရာရိုက်ကူးမှုမှတ်တမ်းများကို ယင်းတို့ဟိုတယ် ၀က်ဘ်ဆိုက်မှတဆင့်ခိုးဝင်၍ ရယူသွား သည်ဟု ယူဆလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါဟိုတယ်ဝက်ဘ်ဆိုက် အား ဖြုတ်ချ ထားကြောင်းနှင့် ဟိုတယ်လုံခြုံရေးဝန်ထမ်းများနှင့် ဟိုတယ်ဝန်ထမ်းများကိုလည်း ပြန်လည် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်အမှန်မှာ အဆိုပါဟိုတယ်များတွင် လျှို့ဝှက်ကင်မရာများ တပ်ဆင်ခဲ့သူမှာ ဟိုတယ်များရှိ ဝန်ထမ်းများအတွင်းမှ မဟုတ်ဘဲ ပြင်ပမှ ဝင်ရောက်ကာ တပ်ဆင်သွားခြင်း ဖြစ်ကြောင်းနှင့် ၄င်းပုဂ္ဂိုလ်မှာ မြန်မာနိုင်ငံတွင် လုံခြုံရေး ကင်မရာ များ ဖြန့်ဖြူးရောင်းချနေသူဖြစ်ဟန်တူကြောင်းနှင့် ဟိုတယ်များ၌ လျှို့ဝှက်ကင်မရာများ တပ်ဆင်ကာ ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဗီဒီယို မှတ်တမ်းများကို ၄င်း၏ကွန်ပျူတာတွင် ထည့်သွင်းသိမ်းဆည်းထားခဲ့ပြီး အဆိုပါ ဗီဒီယို ဖိုင်များကို Delete လုပ်ထားခဲ့သော်လည်း ဖိုင်များ ပြန်လည်ရှာဖွေသည့် Software များဖြင့် ဖော်ထုတ် စုဆောင်း နိုင် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၄င်းပုဂ္ဂိုလ်မှာ ရန်ကုန်မြို့အခြေစိုက်နေထိုင်သူ မဟုတ်ဟု လူမှုရေး ကွန်ရက်၌ သတင်းပျံ့နှံ့ မှု အရ သိရှိရသည်။

အဆိုပါသတင်း၌ ၂၀၁၃ ခုနှစ်အတွင်း ဟိုတယ်များသို့ သွားရောက်ခဲ့ဘူးသော အမျိုးသား၊ အမျိုးသမီးများအနေဖြင့် အပြင်းအထန်လိုက်လံစုံစမ်းလျက်ရှိပြီး အချို့ဆိုလျှင် သွားရောက်ခဲ့သည့် စုံတွဲ များမှာ စိုးရိမ်ပူပမ်နေကြသလို  ဝါကျွတ် လျှင် မဖြစ်မနေလက်ထပ်ရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နိုင်ကြောင်းနှင့် နာမည်ကြီး အနုပညာရှင်များအနေဖြင့်လည်း အွန်လိုင်းအသိုင်းအဝိုင်း အတွင်းမှာမူ ၁၀ နာရီစာ ကွာလတီမြင့် ဗီဒီယိုမှတ်တမ်းများ ပြင်ပ ဈေးကွက်သို့ ထွက်ပေါ်မလာစေရေး ဆုတောင်းကြသည်ဟူ၍လည်း ဖော်ပြပါရှိသည်။
From: Myitmakha

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ