Related Posts Plugin for WordPress, Blogger...

From : .... Voice of James Mint



လွှတ်တော်ထဲမယ် စစ်သား တစ်မတ်သား ပါနေတဲ့အပေါ် အမျိုးမျိုး မြင်ကြတယ်....
အခုလက်ရှိ အနေအထားအရ အဲ့ဒိ တစ်မတ်သားကို ဖယ်ထုတ်ဖို့က
အဆင်မပြေလောက်ဘူးလို့ မြင်တယ်....
ကျွန်တော့် ပုဂ္ဂလိက အမြင်အရတော့ လက်ရှိ တစ်မတ်သားကို
ပါဝါချုပ်ထားတယ်လို့ မြင်မလား Check & Balance နဲ့
သွားနေတယ်လို့ မြင်မလား၊ မြင်တဲ့ပုံ အရေးကြီးတယ်...

Check & Balance နဲ့ သွားနေတယ်ဆိုရင်က သူတို့ရဲ့ ရပ်တည်ချက်ပေါ် မူတည်ပီး
ဘယ်လိုဆက်ဆံလို့ ဘယ်လို ညှိယူရမယ် ဆိုတာကိုပါ တွဲလျက် မြင်လာမယ်.....
ပါဝါချုပ်ထားတယ်လို့ မြင်ရင်တော့ ရန်သူလို အမြင်ဖြစ်တဲ့အတွက် စေ့စပ်ညှိနှိုင်းမှုကို
လုပ်ရာမှာ အခက်အခဲဖြစ်နေမှာတော့ သေခြာတယ်...
အဓိက တိုင်းပြည်ကောင်းစားရေးကို ဖော်ဆောင်ရာမှာ အဲ့ဒိ တစ်မတ်သားကို
ရန်သူလိုမြင်မလား၊ ပန်းတိုင်တစ်ခုအတွက် မတူတာကို ဖယ်ထားပြီး
တူတာတွေကို ရအောင်ညှိယူရမယ့်
လက်တွဲဖော်တွေလို မြင်မလား ဆိုတာက ပိုအရေးကြီးတယ်...

တစ်ချို့ကတော့ လွှတ်တော်ဆိုတာ People Power ရဲ့ ပြယုဂ်လို့ မြင်ကြတဲ့အတွက်
လွှတ်တော်ထဲက တစ်မတ်သားဟာ People Power ထိမ်းချုပ်ထားတယ်လို့ ဆိုတဲ့အပေါ်ကိုတော့ လက်မခံမိဘူး..... ဘာကြောင့်လည်းဆိုတော့ ဒေါက်တာအေးမောင်ရဲ့ တိုင်းရင်းသား ပါတီက 
တင်တဲ့ ယာယီသက်သေခံတွေ ပါတီထောင်ခွင့်ကို ပြင်ဆင်တာကို 
တစ်မတ်သား ထောက်ခံခဲ့တာကို ကြည့်ရင် သိနိုင်တယ်...

ဒါကိုကြည့်ခြင်းအားဖြင့် တစ်မတ်သားဟာ တိုင်းပြည်ရဲ့ အရေးကိစ္စနဲ့ ပါတ်သက်လာရင်
ဘယ်ဘက်က ရပ်တည်သလဲဆိုတာ အဖြေက ပေါ်နေတယ်...

ဒီကိစ္စတင် မဟုတ်ပဲ အရင့် အရင်က တိုင်းပြည်ရဲ့ အမျိုးသားရေး၊ နိုင်ငံ့အရေးနဲ့ ပါတ်သက်လို့ဖြစ်ဖြစ်၊ လူတစ်ဦးတစ်ယောက်က သွယ်ဝိုက်စွာ လွှတ်တော်ကို ချုပ်ကိုင်ဖို့ လုပ်ဆောင်လာတဲ့ လုပ်ရပ်တွေမှာဖြစ်ဖြစ် တစ်မတ်သားရဲ့ ရပ်တည်ချက်တွေကို ကြည့်ရင်လည်း သိနိုင်တယ်..... 
ဒီအတွက် တိုင်းပြည်ကို ကောင်းအောင် ရှေ့ဆက်ဖို့ တစ်မတ်သားကို ရန်သူလို့ မြင်နေတာထက် Diversity Organization တစ်ခုလို မြင်ပြီး ကိုယ်လိုချင်တာကို ရအောင်ညှိယူသွားနိုင်ရင်
အထိအခိုက် အနည်းဆုံးနဲ့ Win Win Situation ကို ရအောင် ဖော်ဆောင်နိုင်မယ်လို့ မြင်တယ်...

အာဇာနည် ခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဒီးဒုတ် ဦးဘချိုဟာ “နိုင်ငံရေးသမားဆိုတာ ဘယ်သူနဲ့မှရန်မဖြစ်ရဘူးကွဲ့။ နိုင်ငံရေးသမားဆိုတာ စည်းရုံးရေးကို ယုံကြည်တယ်မဟုတ်လား။
လူတွေကို ကိုယ်ကစည်းရုံးရမယ် နောက်ဆုံးကွာ ကိုယ့်ပါတီကို
ဆန့်ကျင်ဘက် ပြုလုပ်နေတဲ့ လူကိုပင် ကိုယ်က တော်ရင်
ကိုယ့်ပါတီထဲ ရောက်လာနိုင်တယ်။” ဆိုတဲ့ စစ်မှန်တဲ့ နိုင်ငံရေးသမားရဲ့
အရည်အချင်းကို ဖော်ပြထားတာ တွေ့ရတယ်.......

ဒီတော့ ငါနဲ့မတူ ငါ့ရန်သူအစား ငါနဲ့မတူသူတွေကို ငါဖြစ်စေချင်သလို လက်တွဲခေါ်ရင်း တိုင်းပြည်အတွက် တည်ဆောက်စေဖို့ နိုင်ငံကို အထိအခိုက်၊ အနစ်အနာမရှိ တိုးတက်စေချင်တဲ့၊ နောက်ကြောင်း ပြန်မလှည့်စေလိုတဲ့ ပြည်သားတစ်ယောက်အနေနဲ့ ဆန္ဒပြုမိပါတယ်.........

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ