Related Posts Plugin for WordPress, Blogger...

From : ..eleven


 နိုင်ငံအနှံ့ ရေကြီးနေပြီး ရွာလုံးကျွတ် ပြောင်းရွှေ့ရကာ ပြည်သူအများ ဒုက္ခရောက်နေချိန် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံ Prague မြို့တော်မှာ ကျင်းပနေတဲ့ Forum 2000  တွင် အစိုးတွေမကောင်းခဲ့ကြောင်းသာပြောရင်း အချိန်ကုန်နေ ကြောင်း သတင်းရရှိသည်။
 
မြန်မာနိုင်ငံအနှံ့တွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေပြီး အလယ်ပိုင်း ဒေသများ ဖြစ်ကြသော မန္တလေး၊ မြင်းခြံ၊ အောင်လံ၊ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ မုံရွာ၊ ပခုက္ကူ စသည့် ဒေသများတွင် မြစ်ရေကြီးမှုကြောင့် နေရာအနှံ့ ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကာ ရွာများပြောင်းရွှေ့၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေရကြောင်း သိရသည်။

မန္တလေးမြို့၌ ဧရာဝတီ မြစ်ရေသည် စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး အနီးဝန်းကျင်ရှိ ကျေးရွာအများအပြားတွင် လူနေအိမ်ခြေများ ရေ၀င်နစ်မြုပ် နေလျက်ရှိသည်။ ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ် ဆုံရာနေရာတွင်ရှိသော တံတားဦး၊ အင်းဝဒေသ တစ်လျှောက်လုံးတွင် မြစ်နှစ်စင်းလုံး မြစ်ရေမြင့်တက် နေမှုကြောင့် စိုက်ပျိုးမြေများ အပါအ၀င် လူနေအိမ်ခြေ များ၌လည်း ရေ၀င်နစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှု များပြားနိုင်ကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် ဧရာဝတီမြစ်ရေ တိုးသည့်အတွက် တောင်သမန် အင်းတွင်လည်း ရေမျက်နှာပြင် မြင့်တက်ကာ တောင်သမန် ကန်ပတ်လမ်း ရေကျော်ခြင်းနှင့် စစ်ကိုင်း-မန္တလေး ကားလမ်း နေရာအချို့ ရေကျော်ခြင်းများ ဖြစ်ပေါ်လျက် ရှိနေသည်။

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၌ စက်တင်ဘာ ၁၃ ရက်က ယင်းမြို့၏ စိုးရိမ်ရေမှတ် စင်တီမီတာ ၂၃၀ အထက် ကျော်လွန်ကာ ၂၃၁ ဒသမ ၀၄ ပေသို့ ရောက်ရှိခဲ့ပြီး စက်တင် ဘာ ၁၄ ရက်တွင် ၂၃၁ ဒသမ ၂၇ ပေသို့ ဆက်လက် မြင့်တက်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၆ ရက် တွင်မှု စိုးရိမ်ရေမှတ် ၂၂၇ ပေတွင် ရပ်တန့်နေကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းမြို့တွင် စက်တင်ဘာ ၁၃ ရက်၌ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၁၁၉၂ စင်တီမီတာဖြင့် စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် မြင့်တက်နေကြောင်း သိရသည်။ ဒုဋ္ဌ၀တီ မြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် စင်တီမီတာ ၈၇၀ အထက်တွင် ရှိနေပြီး စက်တင်ဘာ ၁၆ ရက်တွင် စင်တီမီတာ ၉၃၀ ရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၃ ရက်မှစ၍ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် စိုးရိမ်ရေမှတ် ၁၇၀၀ စင်တီမီတာ ရှိသည့် မင်းဘူးမြို့တွင် စက်တင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီက ၁၆၄၆ စင်တီမီတာအထိ ရောက်ရှိလာပြီး မင်းဘူးမြို့ပေါ်နှင့် မင်းဘူးခရိုင်အတွင်း ကျေးရွာ ၁၀ ရွာကျော်သို့ မြစ်ရေများ ၀င်ရောက်ကာ နေအိမ်နှင့် ကျွဲနွားတိရစ္ဆာန်များ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာ ဌာနများထံမှ သိရသည်။

မင်းဘူးမြို့ အနိမ့်ပိုင်း ရပ်ကွက်များ ဖြစ်သည့် အမှတ် ၃ နှင့် အမှတ် ၄ ရပ်ကွက် များအတွင်း စက်တင်ဘာ ၁၃ ရက်မှစ၍ မြစ်ရေ ၀င်ရောက်လာကာ စက်တင်ဘာ ၁၆ ရက် နံနက်အထိ ဆက်တိုက်မြင့်တက် လာသောကြောင့် ယင်းနေ့ မွန်းတည့်ပိုင်းအထိ နေအိမ် ၁၇၀ ခန့် ရေ၀င်ရောက် ခံခဲ့ရကာ မိသားစု ၅၀ ခန့် ပြောင်းရွှေ့ခဲ့ရသည်။

ပြောင်းရွှေ့ခဲ့ရသည့် မိသားစုများမှာ မင်းဘူးမြို့ ဓာတ်တော်ကုန်း ဓမ္မာရုံနှင့် မှန်ကင်း ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

မြစ်ရေမြင့်တက်မှုကြောင့် မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် အတွင်းရှိ ခုံစု၊ ရှားတော၊ ဆည်မုန်း၊ ကျောင်းကုန်း၊ ညောင်ကုန်း ကျေးရွာများနှင့် မင်းဘူး (စကု) မြို့နယ် အတွင်းရှိ ထုံးမကြီး၊ ပေါက်လေးပင်၊ ရွာသစ်ကုန်း၊ ပေါင်းကူး၊ သနပ်ပင်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာများမှ နေအိမ်များနှင့် ကျွဲ၊ နွား၊ ၀က် စသည့် တိရစ္ဆာန်များအား ကုန်းမြင့်ပိုင်း နေရာများသို့ ပြောင်းရွှေ့ပေး နေရကြောင်း သိရသည်။

''ကျွန်တော်တို့ရွာက ကမ်းပြိုလို့ ရွှေ့ထားရတဲ့ အိမ်တွေဟာ ပြန်မဆောက်နိုင်ခင် ရေထပ်တက်လာလို့ အိမ်အမိုးနဲ့ ထရံတွေ မျောပါကုန်တာတွေ ရှိခဲ့တယ်။ သစ်လုံးတွေကိုတော့ ဖောင်ဖွဲ့ပြီး သစ်ပင်တွေမှာ ကြိုးနဲ့ဆိုင်းထားရတယ်။ တစ်ရွာလုံး ရေထဲမှာဆိုတော့ ချက်ရေးပြုတ်ရေးနဲ့ နွားစာအတွက် ဒုက္ခပိုကြီးပါတယ်။ ငွေကြေးမရှိသူတွေကတော့ မင်းဘူးမြို့ပေါ် ဆိုင်တွေက အကြွေးယူစား နေရတယ်'' ဟု နိဗ္ဗာန်ကျွန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ညောင်ဦးမြို့တွင် စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီအချိန် တိုင်းထွာချက်များအရ ၂၁၇၁ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ရာ မြို့ပေါ်ရပ်ကွက် အချို့ရှိ မြစ်ရေ၀င်ရောက် လျက်ရှိသည့် နေအိမ်များနှင့် ရေလယ်ကျွန်းရွာများ ရေလွတ်ရာသို့ ဆက်လက်ပြောင်းရွှေ့ နေကြရကြောင်း သတင်းရရှိသည်။

''ရေကတက်တုန်း ရှိသေးတယ်။ နွားတွေတော့ အခြေအနေ ဆိုးနေတယ်။ ဒီအတိုင်း တက်နေရင် ရွှေ့မှဖြစ်မယ်။ ရေက ကျွန်တော်တို့ တစ်ရပ်လောက် မြုပ်နေပြီ။ ခြောက်ပေ ခုနစ်ပေလောက် ရှိမယ်။ ရွှေ့ပြန်ရင်လည်း စားဝတ်နေရေးက မိသားစု တကွဲတပြား ဖြစ်ရင် မလွယ်ဘူးဗျ။ ကူညီထောက်ပံ့မှုတွေ ရရင်တော့ ကောင်းတာပေါ့'' ဟု လက်ပန်ခြေပေါ်အုပ်စု၊ အုန်းနဲကျွန်းမှ ဦးရွှေမန်းက ပြောကြားသည်။

ညောင်ဦးမြို့နယ်၊ ဧရာဝတီမြစ် အတွင်းရှိ ကျွန်းရွာများသည် ကျွန်းရေမြုပ်သည့်တိုင် ပြောင်းရွှေ့လိုသည့်ဆန္ဒ နည်းပါးလေ့ ရှိကြောင်း၊ လက်ရှိ အခြေအနေတွင်မူ ရေ၀င်ရောက်မှုသည် ယခင်နှစ်များထက် မြန်ဆန်ကြောင်း ဆယ်လံကျွန်းမှ ရွာသားတစ်ဦးက ဆိုသည်။

မြင်းခြံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းမှစ၍ ဧရာဝတီမြစ်ရေ ရုတ်တရက် တိုးလာခြင်းကြောင့် ဒေသခံများ ရေလွတ်ရာ ဒေသများသို့ ပြောင်းရွှေ့မှုများ ပြုလုပ်နေရသည်ဟု သိရသည်။

''ဧရာဝတီမြစ်ရေ အခုလို မတိုးတာ ခုနစ်နှစ်လောက် ရှိပါပြီ။ ဒီနှစ်တော့ ထင်မထားဘဲ ရုတ်တရက်ရေကြီးမှုနဲ့ ကြုံရတာ။ စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ ကျွဲ၊ နွားများကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပြီးတော့၊ အချို့လည်း ရွာမှာ ဆက်လက် နေထိုင်ကြပါတယ်။ မိုးလေ၀သ သတင်းမှာတော့ ဧရာဝတီမြစ် အထက်ပိုင်းတွေ ရေတိုးနေဆဲလို့ သိရတဲ့အတွက် ပြောင်းရွှေ့ဖို့ လုပ်နေပါတယ်'' ဟု ဖိုးတုတ်ဖြူကျေးရွာမှ ကိုသိန်းဇော်က ဆိုသည်။

မြင်းခြံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဧရာဝတီမြစ်ရေ ရုတ်တရက် တိုးလာခြင်းကြောင့် ကမ်းနီး၊ ကမ်းဝေး ကျေးရွာများဖြစ်ကြသော သဲဖြူဝ၊ ဇီးကုန်း၊ လက်ပံပင်၊ သရက်ကုန်း၊ လေးအိမ်တန်း၊ အနောက်ရွာ၊ ကျီးပင်ရွာ၊ အုတ်ကျင်း၊ ဖိုးတုတ်ဖြူ၊ တလုပ်မြို့၊ ကျားတိုင်း၊ ကုလရွာ၊ စားကြူး အစရှိသော ကျေးရွာများတွင် မြစ်ရေကြီးမှုကြောင့် ရေဘေးဒုက္ခများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၅ ရက် တိုင်းထွာချက်အရ အောင်လံမြို့ဘက်ရှိ ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အောက် ခြောက်ပေခန့် မြင့်တက်နေပြီး ကမ်းနားအနိမ့်ပိုင်းရှိ ဈေးဆိုင်အများစု ရေနစ်မြုပ်နေကြောင်း သိရသည်။ မြစ်ရေ စိုးရိမ်ရေမှတ်မှာ ၂၅၅၀ စင်တီမီတာ ဖြစ်ပြီး ယခု ၂၄၀၀ စင်တီမီတာအထိ ရေတက်နေကြောင်း ရေလမ်းထိန်းသိမ်းရေးနှင့် ရေအရင်းအမြစ် ဌာနမှ သိရသည်။ သမားရိုးကျအရ ရေကျနိုင်ဖွယ် ရှိသော်လည်း မိုးရွာသွန်း မှုများပါက ဆက်လက်၍ မြစ်ရေ မြင့်တက်နိုင်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပခုက္ကူမြို့ ဧရာဝတီမြစ် ကမ်းဘေးရှိ ကျေးရွာပေါင်း ၃၀ ခန့်နှင့် မြို့ပေါ်ရပ်ကွက် အချို့တွင် မြစ်ရေဆက်လက် မြင့်တက်နေသည့် အတွက် ရေကြီးရေနစ်မြုပ်မှုများ ဖြစ်ပေါ်ကာ အိမ်ထောင်စု အများအပြား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

မြို့ပေါ်ရှိ မြေအနိမ့်ပိုင်းဖြစ်သည့် အမှတ် (၁) ရပ်ကွက်တွင် မြစ်ရေ၀င်ရောက်မှုကြောင့် ယခုလ ၁၄ ရက်မှစ၍ အိမ်ထောင်စုပေါင်း ၃၀ ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရပြီး မြစ်ကမ်းဘေးရှိ အနောက်ဆယ်လံ၊ ရှားပင် ကျေးရွာများတွင်လည်း မြစ်ရေကြီးမှုကြောင့် နွားအကောင် ၃၀၀ ကျော်အား သက်ဆိုင်ရာ အကူအညီဖြင့် ရွှေ့ပြောင်းခဲ့ရသည်။

ပခုက္ကူမြို့ အနောက်ဘက်ရှိ ကြက်တန်းကုန်း၊ ကျွန်းဦး၊ ကျွန်းညိုကြီး၊ သိမ်ကုန်း၊ မြင်းကျွန်း၊ ရှားတော၊ ထနောင်းကုန်းများနှင့် မြို့အရှေ့ဘက်ရှိ အေးကျွန်း၊ ရွှေချောင်းကျွန်း၊ ကွမ်းကျေးရွာ များတွင်လည်း ကျေးရွာအတွင်း မြစ်ရေ၀င်ရောက် မှုကြောင့် သက်ကြီးရွယ်အိုများ၊ အသုံးအဆောင် ပစ္စည်းများ၊ ကျွဲ၊ နွားနှင့် အခြား အိမ်မွေး တိရစ္ဆာန်များအား ရေလွတ်ရာ ကုန်းမြင့်များဆီသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံကျေးရွာ သားများထံမှ သိရသည်။

''ရွာထဲရေ၀င်တာ တအားများလာလို့ အသက်ကြီးတဲ့ သူတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို ရေလွတ်တဲ့ မြေအမြင့်ဆီ ရွှေ့ထားတယ်။ အတော်များများက နီးစပ်ရာ ဘုန်းကြီးကျောင်းတွေကို ပြောင်းနေကြတယ်။ တချို့ မိသားစုတွေကျလည်း နွားတွေကို ရွှေ့ပြောင်းရင်း တစ်ခါတည်း ပြောင်းသွားကြတယ်။ ရွာထဲမှာ လူငယ်တွေလောက်ပဲ ကျန်တယ်။ ရေထပ်များလာရင် ရွှေ့ပြောင်းတာတွေ ဒီထက်ပို များလာနိုင်တယ်'' ဟု ရေကြီးမှုနှင့် ကြုံတွေ့နေရသည့် ကျွန်းဦးကျေးရွာမှ ကိုဖိုးကျော်က ဆိုသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ် ၂၁၅၀ စင် တီမီတာသို့ ရောက်ရှိရန် ၁၀ စင်တီမီတာခန့်သာ လိုတော့ကြောင်း သိရပြီး ၂၀၀၄ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်များတွင် စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိခဲ့သည့် အတွက် ရေကြီးရေနစ်မြုပ်မှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ဧရာဝတီမြစ်သည် ပြီးခဲ့သည့် မိုးဦးကာလနှင့် မိုးလယ်ကာလတို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားခြင်း မရှိခဲ့ဘဲ ယခုမိုးနှောင်း ကာလမှသာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် စပါးစိုက်ပျိုးခြင်းများ ပြုလုပ်လျက်ပြီး ရေကြီးရေလျှံ မှုကြောင့် စပါးခင်း အများအပြား ပျက်စီးခဲ့ရသည်။
.
. www.MyanmarExpress.net
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ