Related Posts Plugin for WordPress, Blogger...

Photo: အနောက်တံခါးမှ အန္တရာယ်
--------------------------
ချောင်းအတွင်းတွေ့ရသည့် ဘင်္ဂါလီအမျိုးသား အလောင်းကိစ္စနှင့် ပတ်သက်ပြီး ပြဿနာဖြစ်ပွားရာမှ ဘင်္ဂါလီများက လုံခြုံရေးရဲကင်း စခန်းတစ်ခုအား မီးရှို့မှု ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့ပါသည်။ ထိုအဖြစ်အပျက်ကြောင့် လူသေဆုံးမှုများ မရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရမှုများ ရှိခဲ့သည်။ ယခုနောက်ဆုံး ပဋိပက္ခသည် ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လက စတင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီ အရေးအခင်းသည် တစ်နှစ်ကျော် ကြာမြင့်လာပြီးသည့်နောက် ပြန်လည်နေရာ ချထားရေးများပင် မပြီးပြတ်သေးသည့် ယနေ့အချိန်ထိတိုင်အောင် အပြီးသတ် ပြေငြိမ်းသွားခြင်း မရှိသေးကြောင်း ဖော်ပြနေပါသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများသည် သာမန်အဓိကရုဏ်း ထက်ပိုသော ရည်ရွယ်ချက်များ ရှိနေသည်ကို စနစ်တကျ စီစဉ်ပြုလုပ်ခဲ့သည့် နောက်ဆုံးပဋိပက္ခက သက်သေပြနေပါသည်။ ယခု ပဋိပက္ခဖြစ်ပွားသည့် အချိန်ကာလသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနား လာရောက်မည့် အချိန်နှင့် ထူးထူးခြားခြား တိုက်ဆိုင်နေသည့်အပြင် ပဋိပက္ခ ဖြစ်ပွားပြီးချိန်တွင် ကားမသွားနိုင်အောင် သစ်ပင်များ ခုတ်လှဲထားခြင်း၊ တွင်းများတူးထားခြင်းဖြင့် သွားလာရေး လမ်းကြောင်းကို စနစ်တကျ ဖြတ်တောက်ပစ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နှင့် ဆက်စပ်နေသည့် မောင်တောဒေသတွင်လည်း အကြမ်းဖက်သမားများ ၀င်ရောက်ဗုံးဖောက်ခွဲနိုင်ခြေ ရှိသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့ကာ လုံခြုံရေး တင်းကျပ်မှုများ ဆောင်ရွက်ထားကြရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သမျှ ပြဿနာများသည် ကွင်းဆက်များသဖွယ် ဆက်စပ်လျက် ရှိနေသည်ကို တွေ့မြင်နိုင်ပြီး အလေးအနက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လျက် ရှိပါသည်။ ဘင်္ဂါလီ လူမျိုးများက ၎င်းတို့အား ရိုဟင်ဂျာ လူမျိုးအဖြစ် အသိအမှတ်ပြုရေးနှင့် ရိုဟင်ဂျာပြည်နယ် သတ်မှတ်ပေးရေးတို့ကို အစဉ်တစိုက် တောင်းဆိုလျက်ရှိပြီး အာဏာပိုင်များကိုပင် ဖီဆန်လျက်ရှိသည်ကို မကြာသေးမီက သန်းခေါင်စာရင်း ကောက်ယူရာတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များက သက်သေခံနေပါသည်။ ထို့ပြင် နိုင်ငံတကာမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်တော့မည့် အချိန်တိုင်းတွင် ရခိုင်ပြည်နယ်၌ အကြောင်းရင်း မည်မည်ရရ မရှိသော ပြဿနာ တစ်မျိုးမျိုး ပေါ်ပေါက်တတ်လေ့ရှိပြီး ထို့နောက်တွင်တော့ ဘင်္ဂါလီများကို ခွဲခြားဆက်ဆံကြောင်း နိုင်ငံတကာမှ ဖိအားများ၊ လက်တုံ့ပြန်မည်ဆိုသည့် အစ္စလာမ္မစ် အစွန်းရောက်တို့၏ အကြမ်းဖက် ခြိမ်းခြောက်မှုများသည် စည်းချက်ညီညီ သက်ရောက်လာတတ်ကြသည်။

ရခိုင်ဒေသသည် မြန်မာနိုင်ငံ၏ အနောက်တံခါးပေါက်ပင် ဖြစ်သည်။ ထိုတံခါးပေါက်မှတစ်ဆင့် လူဦးရေ ပေါက်ကွဲမှုနှင့် ကြုံတွေ့နေရသည့် နိုင်ငံမှ လူဦးရေ သန်းပေါင်းများစွာ ကျူးကျော်ဝင်ရောက်လာနိုင်သည့် အန္တရာယ် ရှိနေသည်။ အကယ်၍ အနောက်တံခါး ကျိုးပေါက်ခဲ့ပါလျှင် မြန်မာနိုင်ငံ တစ်ခုလုံး လူဦးရေ ၀ါးမျိုခံရမှု အန္တရာယ်နှင့် ကြုံတွေ့သွားရနိုင်သည်။ ယခု အဖြစ်အပျက်ကို သေးငယ်သော အဖြစ်အပျက်လေးဟု ထင်မြင်ယူဆခဲ့သော် နိုင်ငံနှင့်ချီ၍ အန္တရာယ် ရှိသွားနိုင်သည့်အတွက် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ ပြဿနာသည် သတိရှိရှိဖြင့် စနစ်တကျ အရေးယူ ဆောင်ရွက်ရန် အထူးလိုအပ်နေပါကြောင်း The Daily Eleven သတင်းစာက ယူဆရေးသား အပ်ပါသည်။

သြဂုတ်လ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်နှင့် ဓာတ်ပုံအား ပြန်လည် ဖော်ပြပေးလိုက်ပါသည်။အနောက်တံခါးမှ အန္တရာယ်

သြဂုတ်လ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်နှင့် ဓာတ်ပုံအား ပြန်လည် ဖော်ပြပေးလိုက်ပါသည်။
 
Eleven သတင်း 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ