Related Posts Plugin for WordPress, Blogger...


လတ်တလောမှာ မိုးဟေကိုက ဒါရိုက်တာ နေသူရိန် ရိုက်ကူးတဲ့ "ထားခဲ့ရမှာ စိုးတယ် " ဇာတ်ကားကို နေမင်းနဲ့အတူ သရုပ်ဆောင် နေပါတယ်။ ဒီဇာတ်ကားလေးမှာ မိုးဟေကို က ကင်ဆာရောဂါသည် တစ်ယောက် အဖြစ် သရုပ်ဆောင်ထား ပါတယ်။ နောက်ပိုင်းမှာ ကိုယ်ရိုက်ချင်တဲ့ ဇာတ် ရုပ်တွေကိုပဲ ရိုက်ဖြစ်နေကြောင်း မိုးဟေကိုက ပြောပါတယ်။
 
"ကိုယ်ရိုက်ချင်တယ်၊ ကိုယ်လုပ် ချင်တယ်ဆိုရင်တော့ လုပ်လိုက်တာပဲ။ ဘယ်ဇာတ်ရုပ်နဲ့ လိုက်တယ် ဆိုတာထက် ကိုယ့်ကိုပေးတဲ့ ဇာတ်ရုပ်တွေကို လုပ်ကြည့် ချင်တယ်ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့ တယ်" လို့ပြောတဲ့ မိုးဟေကိုက တအား ရိုက်ချင်တဲ့ ဇာတ်ရုပ်ပုံစံလည်းရှိကြောင်းပြော ပါတယ်။ " အဲဒီလို ဇာတ်ရုပ် ပုံစံတော့ရှိတယ်။ ဒါပေမဲ့ ကိုယ့်အတွက်ကို အချိန်မပေးနိုင်သေးဘူး။ ကိုယ်ရိုက်ချင်တဲ့ ဇာတ်လမ်း တွေကို ကိုယ့်ဘာသာ ကိုယ်ရိုက် ဖို့တော့ရှိတယ်။ တခြား အလုပ်တွေနဲ့ ရှုပ်နေတဲ့ အတွက်ကြောင့် ကိုယ့်အတွက်ကို အချိန် မပေးနိုင်သေးဘူး" လို့ပြောပါတယ်။
လတ်တလောမှာ ထွက်ရှိထားတဲ့ ဒါရိုက်တာ ဝင်း ထွန်းထွန်း ပုံဖော်ရိုက်ကူးထားပြီး ပြေတီဦး၊ မိုးဟေကိုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ " နက်နက်ရှိုင်းရှိုင်းမှား" ဇာတ်ကားကလည်း ပရိသတ်တွေ ကြိုက်ကြတာကို တွေ့ရပါတယ်။ အခုနောက်ပိုင်းမှာ အနုပညာအလုပ်လုပ်ရတာ အရင်က ထက်ပိုပြီး လေးနက်လာကြောင်း မိုးဟေကိုက ပြောပါတယ်။"
ရွေးချယ်မှုလေးတွေ ပိုပြီးလုပ် ခွင့်ရလာတယ်။ တဖြည်းဖြည်းနဲ့တော့ အခွင့်အရေးတွေ ပိုရလာတာပေါ့။ အခွင့်အရေး ရတိုင်းလည်း မယူဘူး။ ကိုယ်တကယ် လုပ်ချင်မှ လုပ်တယ်။ မလုပ်ချင်ရင်တော့ တစ်ခုမှမလုပ်ဘူး။ အဓိက ကတော့ ဒီအလုပ်ပဲဖြစ်ဖြစ်၊ ဘယ်အလုပ်မဆို စိတ်ထဲမှာ ထားပြီးတော့ လုပ်တယ်။ အခုရောက်ရှိနေတဲ့ နေရာလေးကိုတော့ ကျေနပ်အားရမှုကတော့ ၁ဝဝရာခိုင်နှုန်း မဟုတ်ပေမယ့် အသင့်အတင့် လောက်ပဲ ရှိပါသေးတယ်" လို့ ပြောပါတယ်။  
From: Popular News

www.mmdailystar.com

Posted by Unknown on 9/26/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ