Related Posts Plugin for WordPress, Blogger...

ရခိုင်ပြည်နယ်အတွင်း ပုဒ်မ(၁၈)ဖြင့် ထောင်ချခံရမှု ဆက်တိုက်ရှိနေခဲ့ရာ ဒေသခံ လူမှုအဖွဲ့အစည်းတစ်ချို့မှ ကန့်ကွက် ပြောဆိုမှုများ ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါပုဒ်မ ၁၈ ဖြင့် ထောင်ချ ခံထားရသူများသည် အနည်းဆုံး ထောင်ဒဏ် သုံးလ စီချမှတ်ခံခဲ့ရပြီး သံတွဲ၊ ကျောက်တော်၊ ရသေ့ တောင်၊ တောင်ကုတ်မြို့များမှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းတွင် ဦးဆောင်ပါဝင်သူများနှင့် တစ်ကိုယ်တော် ဆန္ဒပြသူများလည်း ပါဝင်ကြောင်း သိရသည်။

အလားတူစွာပင် ရသေ့တောင်မြို့မှ ပုဒ် မ ၁၈ ဖြင့် တရားစွဲဆိုခံထားရသူ နှစ်ဦးဖြစ်သော ကိုတိုးတိုးနှင့် ကိုသိန်းဌေးတို့ကိုလည်း စက်တင်ဘာ ၂၃ ရက်က ရသေ့တောင် မြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလစီ ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထောင်ဒဏ်ချမှတ်ခြင်းများနှင့် ပတ်သက်ပြီး ရသေ့တောင်မြို့မှ ဒေသခံတစ်ဦးက ''အခုထောင်ချတယ် ဆိုတာကလည်း သူတို့က ဦးဆောင်သူမဟုတ်ဘူး။ ဦးဆောင်တာက သံဃာတွေ ဦးဆောင်ပြီး စာတင်တယ်။ ဆန္ဒထုတ်ဖော်တယ်။ အဲဒါကို မဆီမဆိုင်နှစ်ဦးကို တရားစွဲပြီး ထောင်ချတာ ဖြစ်တဲ့အတွက် ဒေသခံတွေကလည်း ဒီအပေါ်မှာ အမြင်မရှင်းသလို၊ တရားစီရင်ရေးဟာ မျတမှုမရှိဘူးလို့ မြင်နေကြတယ်။ အဲဒါကို သံဃာထုကလည်း ကန့်ကွက်နေကြပါတယ်''ဟု ပြောကြားသည်။

ထို့အတူပင် သံတွဲမြို့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ ကိုစိုးဝေအား သုံးကြိမ် ဆန္ဒထုတ်ဖော်ခဲ့မှုဖြင့် စက်တင်ဘာ ၉ ရက်က သံတွဲတရားရုံးမှ ထောင်ဒဏ် ၉ လ ချမှတ်ခဲ့ခြင်းအပေါ် ဒေသခံများက မကျေမနပ်ဖြစ်လျှက်ရှိရာ ဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်မိုးက ''ဒီပုဒ်မ ၁၈ နဲ့ ထောင်ချတဲ့ ကိစ္စကို တစ်ယောက်မှ မကျေနပ်ကြဘူး။ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်မှာကျတော့ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ကျခံစေလို့ မပါဘဲ တိုက်ရိုက်ကြီး ထောင်ဒဏ်သုံးလ ကျခံစေဆိုတဲ့အချက်က အများကြီး ကွဲလွဲနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြည်သူတစ်ရပ်လုံး မကျေမနပ် ဖြစ်နေကြပါတယ်''ဟု ဆိုသည်။

ယင်းအပြင် စက်တင်ဘာ ၁၃ ရက်ကလည်း တောင်ကုတ်တရားရုံးမှ ကိုစိုးဝင်း၊ ကိုမင်းထွန်း(ခ)သုံးလုံးနှင့် ကိုသန်းလွင်စိုးတို့အား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့ ရခိုင်လူမှုကွန်ယက်မှ ကန့်ကွက်သော ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး တောင်ကုတ် ရခိုင်လူမှုကွန်ယက်မှ ကိုဇေယျကျော်က ''တောင်ကုတ်က ကိုစိုးဝင်းတို့သုံးဦး ကို ပုဒ်မ ၁၈ နဲ့ထောင်ဒဏ် ချမှတ်တာဟာ လုံးဝမတရားဘူးလို့ ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့က ကန့်ကွက်သလို တောင်ကုတ် မြို့သူမြို့သားတွေကလည်း မကျေနပ်ကြဘူး'' ဟု ပြောကြားခဲ့သည်။


Eleven Media Group  

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ