Related Posts Plugin for WordPress, Blogger...


မိသားစုပါပဲ
သွေးမတော်သားမစပ်ပေမယ့်
"စိတ်" တစ်ခုထဲနဲ့ သွေးနီးခဲ့ကြတယ်။
"သေအတူရှင်မကွာ" ဆိုတဲ့ စိတ်.....။

၆လထွက်တစ်လနား
တစ်ခါတစ်လေ နှစ်ပေါက်အောင်ရုံးခဲ့ကြတယ်။
တစ်ချို့ ကအိမ်ကို လူကိုယ်တိုင်ပြန်လာခဲ့တယ်။
တစ်ချို့ က ကြေးနန်းဆိုတာပြန်လာခဲ့တယ်။
တပ်ရေးဗိုလ်ကြီးမျက်နှာက ခပ်ညှိုးညှိုး
ရဲမေဆိုသူကတော့ ငိုလို့ မဆုံး
အမေကိုမော့ကြည့်နေတဲ့ ခလေးနှစ်ယောက်
သေချာတာတစ်ခုက တော့
သူတို့ အားလုံး " စစ် " ကိုမုန်းခဲ့ကြလိမ့်မယ်။

ဒီနေ့ ရှေ့ တန်းဝင်မယ့်နေ့ ။
ရဲမေတွေရင်ခုန်တဲ့နေ့ ။
တပ်ရေးဗိုလ်ကြီးချွေးပြန်တဲ့နေ့ ။
စစ်ချီတေးတွေလွင့်ပြန်တဲ့နေ့ ။
တပ်ရင်းဗီဒီယိုရုံမှာ ခလေးတွေစုံမယ့်နေ့ ။
အာမီရမ်ရောင်းကောင်းမယ့်နေ့ ။
ဗဟိုကင်းမှာလူစည်ကားမယ့်နေ့ ။
အဲဒီနေ့ .....အဲဒီနေ့ ပေါ့
စစ်ချီတေးသံကြား
တီအီး ကားတွေဝင်လာခဲ့တယ်
အားလုံးပြုံးနေကြတယ်...
တစ်ချို့ က သူရဲကောင်းတွေဖြစ်လာတယ်
တစ်ချို့ က မြေသြဇာတွေဖြစ်သွားတယ်။
ရင်ဘတ်က ဆုတံဆိပ်တွေနဲ့ 
မြေသြဇာတွေ အချိုးမကျနိုင်ဘူး...။
နောက်ပြီး အဲဒီညက ကြယ်မစုံခဲ့ဘူး။

ရဲမေ.....တဲ့လား။
ရဲဘော်ကိုယူလို့ ရဲမေဖြစ်တယ်...။
သူတို့ ကင်းစောင့်ရတယ်..။
သူတို့  လေ့ကျင့်ရတယ်
သူတို့ စစ်တိုက်ရတယ်
ဒီလို နဲ့ ပဲသူတို့ ရဲဘော်စိတ် ၀င်ခဲ့တယ်။
(ရဲဘော်စိတ်......
ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းပေါ်ထားရှိသော
မေတ္တာတရား သံယောစဉ်တရား သစ္စာစောင့်သိမှုတရား
ပင်ဖြစ်သည်။)

သူတို့ တွေ အချင်းချင်း စည်းလုံးကြတယ်
သူတို့ တွေ အချင်းချင်း ရိုင်းပင်းကြတယ်
သူတို့ တွေ အချင်းချင်း ကူညီကြတယ်
သူတို့ တွေ အချင်းချင်း သိပ်ချစ်ကြတယ်။
သူတို့ တွေက ဘ၀တူတွေလေ။
အတူတူကျားထိုးကြတယ်
သေမှာသိရက် တက်ဆွဲကြတယ်
ငှက်ပျောသီးတစ်ဖီး တစ်ခွဲလုံးစားတယ်..။
စောင်ကြားတစ်ထည် နှစ်ယောက်အိပ်တယ်။
ခရာသံကြားရင် တန်းစီတယ်
သွားအတူလာအတူး စားအတူ ငတ်အတူ ပြတ်အတူ
သေတော့လဲ တစ်ကျင်းတည်းတူတူဖို့ ခံခဲ့ကြရဘူးတယ်။

တစ်ချို့ အတွက် လမ်းမတစ်ခုရဲ့ အဆုံးမှာ အိမ်တစ်အိမ်ရှိမယ်
တစ်ချို့ အတွက် လမ်းမတစ်ခုရဲ့ အဆုံးမှာ ဥယျာဉ်တစ်ခုရှိမယ်
တစ်ချို့ အတွက် လမ်းမတစ်ခုရဲ့ အဆုံးမှာ စမ်းချောင်းတစ်ခုရှိမယ်
သူတို့ အတွက် လမ်းမတစ်ခုရဲ့ အဆုံးမှာ နောက်ထပ်လမ်းမသာရှိနေလိမ့်မယ်။
အဲဒီလမ်းမနောက်မှာ ထာဝရရှင်သန်ခြင်းရှိမယ်။
အဲဒီကို သူတို့ တွေ လိပ်ပြာအဖြစ်လွင့် ကြလိမ့်မယ်။

ဟော ...အာရုံတက်ပြီ။
ကျောပိုးအိတ်လွယ်လို့ သူတို့ 
တန်းစီကွင်းကို တစ်ရွေ့ ရွေ့ သွားကြပြီ။

အဲဒီနေ့ က ရဲမေတွေရင်ခုန်တဲ့နေ့ ။
အာမီရမ်အရောင်းထိုင်းတဲ့နေ့ 
စစ်ချီတေးလွင့်ပျံတဲ့နေ့ ။
ဗဟိုကင်းမှာလူရှင်းတဲ့နေ့ ။
ဓမ္မာစကြာ စရွတ်မယ့်နေ့ ။
သူရဲကောင်းတွေ ပေါ်ထွန်းလာမယ့်နေ့ 
နောက်ပြီး..................။

 
ထူး ဝေ
 

From:Ye Moe

www.mmdailystar.com

Posted by Unknown on 9/12/2013
categories: | edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ