Related Posts Plugin for WordPress, Blogger...

 
ရိုးသားပြီး မြန်မာပြည်သူတို့အတွက် မေတ္တာရှေ့ထား အလုပ်လုပ်နေသည့် နှလုံးရောဂါသည် သမ္မတကြီးဦး သိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည် ဝေဖန်တိုက်ခိုက် ကာ စည်းမရှိကမ်း မရှိ ပြော ဆိုခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ တိကျတဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာ မတွေ့ရသေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်း စုကြည်က မနေ့က ဝေဖန်ပြောဆိုခဲ့သည်။

မနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ သတင်းထောက်များကလပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတာကို ဘယ်လိုသုံးသပ်ပါသလဲ၊ သမ္မတ ဦးသိန်းစိန် အပေါ် ဘယ်လိုမြင်ပါသလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က   ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “မိမိအနေနဲ့ နိုင်ငံရေးသမားတွေကို လူပုဂ္ဂိုလ်တစ်ဦးခြင်းအနေနဲ့ အကဲမဖြတ်ပါ ဘူး၊ လက်တွေ့လုပ်ဆောင်မှုတွေနဲ့သာ အကဲဖြတ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ ရဲ့ ပြုပြင်ပြောင်းလဲ မှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံးအချက်ဟာ တိကျတဲ့မူဝါဒချမှတ်ပြီး အကောင်အ ထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေရတာက ပြုပြင်ပြောင်းလဲရေးမှာ အဆင့်လိုက် သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေ ကို အခြေခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရပါဘူး” လို့ ပြောခဲ့သည်။

ပြီးခဲ့သည့် ဟာဝိုင်ယီ နှင့် ကိုရီးယား ခရီးစဉ်တုန်းကလည်း က "ကျွန်မခွေးလေးလောက် လူတွေရိုး သားကြရင် ငြိမ်ချမ်းရေးရပြီ" ဟု ပြောဆိုခဲ့သည်။ အသက်အရွယ်နှင့် မလိုက်အောင် စည်းမဲ့ကမ်းမဲ့ ပြောဆိုမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ လူထုက စိတ်ပျက်လျှက် ရှိကြောင်း သိရသည်။


ဂျပန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်သည်  တဖက်တွင် သမ္မတ၊ အစိုးရ နှင့် စစ်တပ်ကို အပြစ်တွေ ပုံချပြီး တဖက်တွင် သမ္မတ ဖြစ်လိုကြောင်း၊ အထောက်အပံ့တွေပေးလျှင် သူမကို လည်း ပေးစေ လိုကြောင်းများ ပြောဆိုခဲ့သည်။ အမေရိကန် နှင့် ဥရောပခရီးစဉ်များကလည်း အစိုးရကို အကောင်းမမြင်ဖို့ နှင့် စီးပွားပိတ်ဆို့မှုများကို ရုတ်သိမ်းမည်ဆိုပါက သေသေချာချာ စဉ်းစားဖို့  ဒေါ်အောင် ဆန်းစုကြည်မှ တိုက်တွန်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မှ ဝေဖန်တိုက် ခိုက် ပြော ဆိုနေသော်လည်း ယနေ့ သမ္မတကြီးဦးသိန်းစိန် နှင့် အစိုးရအဖွဲ့၏ ထူးချွန်အောင်မြင်မှုများ ကို မြန်မာလူထု နှင့် ကမ္ဘာက အသိမှတ် ပြုလျှက်ရှိကြောင်း သိရသည်။

ME

Posted by Arakan Man on 9/04/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ