Related Posts Plugin for WordPress, Blogger...

နိုင်ငံတော်သမ္မတ လက်မှတ်မထိုးဘဲ သဘောထားမှတ်ချက်များဖြင့် လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည့် အဂတိလိုက်စားမှု ဥပဒေ စက်တင်ဘာ ၁၇ ရက်တွင် အာဏာတည်ကြောင်း ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၇၃/၂၀၁၃တွင် "အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေသည် ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ)အရ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်မှ စတင်၍ အာဏာတည်သည်ဟု သတ်မှတ်လိုက်သည်" ဟု ပါရှိသည်။

နိုင်ငံတော်သမ္မတ လက်မှတ်မထိုးဘဲ သဘောထားမှတ်ချက်များဖြင့် လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည့် အဂတိလိုက်စားမှု ဥပဒေကို လွှတ်တော်တွင် ပြန်လည်ဆွေးနွေးပြီးနောက် နိုင်ငံတော်သမ္မတထံ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် "နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်နှင့်အညီ ပြင်ဆင်ထားသော ဥပဒေကြမ်း (သို့) နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူလအတိုင်း အတည်ပြုသော ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်အခါ နိုင်ငံတော်သမ္မတသည် ဥပဒေကြမ်း ပြန်လည်ရရှိသည့်နေ့၏ နောက်တစ်နေ့မှ ခုနစ်ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်" ဟု ပါရှိသည်။



Eleven Media Group

Posted by Unknown on 9/18/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ