Related Posts Plugin for WordPress, Blogger...

From : .. YMG


နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၃ခုနှစ်အတွက် ရွေးချယ်မည့် နိုဘယ် ဆုဆန်ခါတင်စာရင်း တွင်ပါဝင်နေကြောင်း သတင်းရ ရှိသည်။

၂၀၁၃ခုနှစ် အောက်တိုဘာ ရရက်မှ ၁၁ရက်အထိ နော်ဝေ နိုင်ငံ၌ကျင်းပမည့် (၉၁)ကြိမ်မြောက် နိုဘယ်ဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် Democratic Voice of Burma (DVB)နှင့်အတူ ငြိမ်းချမ်းရေးနိုဘယ်ဆု အတွက် အမည်စာရင်း တင်သွင်းခြင်းခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်ေ နကြောင်း နိုဘယ် ဆုကော်မတီနှင့် နီးစပ်သောအသိုင်းအဝိုင်း မှ သိရသည်။

''ဒီကိစ္စကတော့ ဆုရွေးချယ် ရေးအဖွဲ့ကတော့ ဆုမရွေးချယ်မီ တရားဝင် ထုတ်ဖော်ပြောကြားတာ မျိုးမရှိပါဘူး။ ဘယ်လို ဒီသတင်း ထွက်လာလဲတော့ မသိပါဘူး။ သူ တို့အဖွဲ့ကနေ တစ်ယောက်ယောက် ကတော့ နီးတဲ့အခါ ထုတ်ပြော တာမျိုးတွေတော့ ရှိတတ်ပါတယ်'' ဟုနိုင်ငံတော်သမ္မတရုံးမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းနှင့်ပတ်သက်၍ နိုင်ငံ ရေးလေ့လာသူ ဦးကျော်လင်းဦး က ''ကျွန်တော် တို့နိုင်ငံရဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်ကိုကြည့်ရင် လက်နက် ကိုင်တပ်ဖွဲ့ပေါင်းစုံ နဲ့ ဆွေးနွေး ရတာဖြစ်တဲ့အတွက် ပိုပြီးတော့ ခက်ခဲနက်နဲပါတယ်။ လက်ရှိ အ နေအထားနဲ့ကြည့်ရင်လဲ ငြိမ်းချမ်း ရေးအနေအထားက သူများနိုင်ငံ တွေ ထက် ပိုပြီးတော့မြန်မြန်ဖြစ် ထွန်းလာတာကိုတွေ့ရတယ်။အခု လက်နက်ကိုင် တပ်ဖွဲ့ ၁၄ဖွဲ့လောက် နဲ့ ထိတွေ့ဆက်ဆံပြီး သွားပြီ။ အောက် တိုဘာမှာလုပ် မယ့် ငြိမ်း ချမ်းရေး လက်မှတ်ထိုးပွဲရှိတယ်။ ဒါတွေက သမ္မတကြီးရဲ့ နိုဘယ် ဆုရမယ့်လမ်းမှာ အများကြီးအ ထောက်အကူရနိုင်ပါတယ်''ဟု သုံးသပ်ပြော သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ခုနှစ်အတွင်းက ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် ပဏာမအမည်စာရင်း တင်သွင်း မှုတွင် ပါဝင်ခဲ့သော် လည်း ရွေး ချယ်ရာတွင် ဥရောပကော်မရှင် သာ ရွေးချယ်ခံခဲ့ ရသည်။

သမ္မတကြီး ဦးသိန်းစိန်သည် ၂၀၁၂ခုနှစ်အတွင်းက နိုင်ငံအ တွင်းရှိ လက်နက်ကိုင်အဖွဲ့၁၁ဖွဲ့တွင်၁ဝဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ခဲ့သူဖြစ်သည်။ သမ္မတဦးသိန်းစိန်သည်၂၀၁၂ခုနှစ်အတွင်းကနိုဘယ်ဆုမရရှိခဲ့သော်လည်းနယူးယော့ခ်အခြေစိုက်နိုင်ငံတကာ ပဋိပက္ခများဖြေရှင်းရေးအဖွဲ့ ကချီးမြှင့်သည့်ငြိမ်းချမ်းရေးကြိုးပမ်းမှု ဆုချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရသည်။


.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ